နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြန်မာသံရုံးနှင့် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံ

နေပြည်တော်    ဇွန်    ၂၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  နှင့် အဖွဲ့ဝင်များသည်  ဇွန် ၂၃ ရက် မွန်းလွဲပိုင်းတွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား  မော်စကိုမြို့ရှိ  Turandot စားသောက်ဆိုင်တွင် တွေ့ဆုံအမှာစကားပြောကြား သည်။


တက်ရောက်


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်  ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊   ကောင်စီတွဲဖက် အတွင်းရေးမှူး     ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံးမှ  သံမှူးကြီး  ဦးဇော်လင်းဦး၊  စစ်သံမှူး  ဗိုလ်မှူးချုပ်ကျော်စိုးမိုးနှင့်  သံရုံး၊   စစ်သံရုံးတို့မှ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများ တက်ရောက်ကြသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင်  နိုင်ငံရပ်ခြားတွင်  နိုင်ငံတော်၏  တာဝန်များကို အတူတကွ လာရောက်ထမ်းဆောင် နေခြင်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ဖေးမ ကူညီစောင့်ရှောက်ကြရန် လိုအပ်သည့်အခြေအနေ၊  မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်‌ပြောင်းလဲမှုအခြေ အနေ၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းခိုင်မာမှုရှိစေ ရေးနှင့် စစ်မှန်ပြီး ရိုးသားမှုရှိသည့် ဒီမိုကရေစီစနစ် ဖြစ်စေရေးအတွက်  ထိန်းသိမ်းဆောင်ရွက်လျက်ရှိ သည့်အခြေအနေ၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက်   စီးပွားရေးမောင်းနှင်အားသည်  အဓိက ကျသောကြောင့်   နှစ်နိုင်ငံ   အကျိုးတူစီးပွားရေး လုပ်ငန်းများ၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ အခွင့် အလမ်းရရှိစေရေး သံတမန်ဆက်ဆံရေးမှတစ်ဆင့်  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်  လိုအပ်သည့် အခြေအနေနှင့် မိမိနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီးပွား  တိုးတက်အောင်  နိုင်ငံ့ဝန်ထမ်း ကောင်းပီသစွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံ့ ဂုဏ်ကို မြှင့်တင်ရန်လိုအပ်သည့် အခြေအနေများနှင့်  ပတ်သက်၍  အကျယ်တဝင့် ရှင်းလင်းပြောကြား သည်။


မှာကြား


ဆက်လက်ပြီး နိုင်ငံအချင်းချင်းဆက်ဆံရာတွင်  သံတမန်ဆက်ဆံရေးသည်  များစွာအရေးပါသော ကြောင့် သံရုံး၊ စစ်သံရုံးများတွင် နိုင်ငံ့တာဝန်ထမ်း ဆောင်နေကြသူများအနေဖြင့် စည်းလုံးညီညွတ်စွာ ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ကြောင်း၊ သံရုံး၊ စစ်သံရုံး မိသားစုများအပြင် ပညာတော်သင် သင်တန်းသားများအနေဖြင့်လည်း  သင်ကြားပေးသည့် အတတ်ပညာများကို အလေး အနက်ထားသင်ယူသွားကြရန်    လိုအပ်ပြီး    အမြဲ  မပြတ် လေ့လာအားထုတ်နေကြရမည်ဖြစ်ကြောင်း၊ အချင်းချင်းစည်းလုံးညီညွတ်စွာ  နေထိုင်လုပ်ကိုင် ဆောင်ရွက်ကြပြီး    မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံး မိသားစုများအတွက် လက်ဆောင်ပစ္စည်း နှင့်   ချီးမြှင့်ငွေများကို   ပေးအပ်ရာ    သံမှူးကြီး ဦးဇော်လင်းဦး၊  စစ်သံမှူး  ဗိုလ်မှူးချုပ်ကျော်စိုးမိုး တို့က လက်ခံရယူကြသည်။ ယင်းနောက် သံရုံး၊ စစ်သံရုံးမှ     မိသားစုဝင်များ၊   ပညာတော်သင် သင်တန်းသားများနှင့်အတူ နေ့လယ်စာကို အတူ တကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်