
နေပြည်တော် ဩဂုတ် ၂
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့် နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
တက်ရောက်
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ၊ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ထိန်းထားနိုင်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာ တွင် “ကျွန်တော်တို့ ကိုဗစ်အစည်းအဝေး ပြုလုပ် လာတာ ကျွန်တော် ဦးဆောင်ပြီး လုပ်တာတော့ အစည်းအဝေး (၆)ကြိမ်မြောက်ဖြစ်သွားပြီ။ လုပ်ငန်း လည်း တော်တော်လေး အရှိန်အဟုန်နဲ့ လုပ်နိုင်တဲ့ အတွက်ကြောင့် ကိုဗစ်နဲ့ပတ်သက်လို့ရှိရင် ကျွန်တော် တို့ အတိုင်းအတာတစ်ခုအထိတော့ ထိန်းထားနိုင် တာတွေ့တယ်။ ပြည်နယ်နဲ့တိုင်းတွေအလိုက် ဆောင်ရွက်နိုင်တာတွေ ကျွန်တော်တို့ တွေ့ပါတယ်။ Monitor လည်း တောက်လျှောက်လုပ်နေတာပေါ့။ ကြားထဲမှာလည်း ဒုတပ်ချုပ်၊ ဒုဥက္ကဋ္ဌ ဦးဆောင်တဲ့ ကော်မတီကလည်း တောက်လျှောက်ကို အနီးကပ် မှာကြားပေးနေတဲ့အတွက်ကြောင့် နေ့စဉ်နှင့် အမျှပေါ့၊ ဒါတွေအားလုံးကလည်း ဖြေရှင်းဆောင်ရွက်ပေးနေ တဲ့အတွက်ကြောင့် အောင်မြင်မှုတွေ၊ အဆင်ပြေမှု တွေလည်းရှိပါတယ်။ သို့သော် အားလုံး ပြီးပြည့်စုံပြီ လားဆိုတော့လည်း ပြီးပြည့်စုံပြီတော့ မဟုတ်ဘူး။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ဇူလိုင်လကနေ စပြီးတော့ ဒုတိယပတ် ပြီးတဲ့အချိန်ကနေစပြီးတော့ ကိုဗစ်နဲ့ ပတ်သက်ပြီး ထိန်းလိုက်တဲ့အခါမှာ စကြေညာခါစ မှာတော့ ဖြစ်နှုန်းတွေ တော်တော်လေးများပါ တယ်။ သို့သော်လည်းပဲ တဖြည်းဖြည်း ကျလာတာ တောက်လျှောက်ကို ဆင်းလာတဲ့အတွက်ကြောင့် ၃၀ ရာခိုင်နှုန်း အထက်လောက်အထိပဲ ရှိတော့တယ်။ ကျွန်တော်ပြီးခဲ့တဲ့ အစည်းအဝေးမှာလည်း ပြောပါ တယ်။ ကျဆင်းသွားတယ်ဆိုပြီးတော့ ကျေနပ်နေ လို့တော့ မရဘူး။ ဒီထက်ပိုပြီးတော့ကျအောင်၊ ပိုပြီး ထိန်းနိုင်အောင် လုပ်ဖို့လိုမယ်။ ဒါကြောင့် အဓိက ကတော့ လှုပ်ရှားသွားလာမှုတွေ ထိန်းချုပ်ခြင်းက တော့ နံပါတ်တစ် ဆောင်ရွက်ရလိမ့်မယ်။ ဒုတိယ ကတော့ ကာကွယ်ဆေးထိုးတာတွေ၊ ရောက်တဲ့ ကာကွယ်ဆေးတွေ လျင်လျင်မြန်မြန်ထိုးဖို့ လိုလိမ့် မယ်။ ဒါကျွန်တော်ပြောခဲ့ပါတယ်။ အသွားအလာနဲ့ ပတ်သက်ပြီးတော့လည်း တောက်လျှောက်ထိန်းလာ တဲ့အတွက်ကြောင့် Indicator မှာ ဖော်ပြချက်ဟာ ဆိုရင်တော့ တော်တော်လေးကိုကျလာတာ တွေ့ရ တယ်။ ဒါကလည်း ကောင်းတာပဲပေါ့။ ပြည်သူတွေ ရဲ့ပူးပေါင်းဆောင်ရွက်မှုကောင်းတဲ့အတွက်ကြောင့် ဒီလိုဖြစ်လာတာ။ ကျွန်တော့်အနေနဲ့ ဒီဩဂုတ်လ အတွင်းမှာ သိသိသာသာကြီးကို။ ရှင်းရှင်းပြောရရင် ခေါက်ချိုးလောက်ကို ကျသွားအောင်ကို လုပ်ချင်ပါ တယ်။ လက်ရှိ ဖြစ်နေတဲ့အခြေအနေကနေ ခေါက်ချိုး လောက်ကျသွားအောင် ဩဂုတ်လအတွင်းမှာ ကျအောင်ကြိုးစားရမှာ။ လုံးလုံးလျားလျားကျဖို့ ဆိုတာတော့ တော်တော်ခဲယဉ်းပါတယ်။ ဒီရောဂါက ဘယ်လိုမှကို ကင်းစင်သွားမယ့်ရောဂါ မဟုတ်ဘူး ဆိုပြီးတော့လည်း နိုင်ငံတကာမှာ ဆေးဝါးကျွမ်းကျင် သူတွေအားလုံးက လက်ခံထားတဲ့ကိစ္စဖြစ်ပါတယ်။ သို့သော်လူတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုရှိလို့ရှိရင်တော့ စောစောက ကျွန်တော် တို့မျှော်မှန်းတဲ့ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေရဲ့ ထက်ဝက်ထိကို ကျဆင်းသွားမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။
ဆက်လက်၍ ကာကွယ်ဆေးများ အဆက်မပြတ် ရောက်ရှိလာစေရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး ရောက်ရှိပြီးဖြစ်သည့် ကာကွယ်ဆေးများကို သတ်မှတ်ချက်များနှင့်အညီ ထိုးနှံပေးရမည်ဖြစ် ကြောင်း၊ ဆေးမထိုးခင်နှင့် ဆေးထိုးပြီး လုပ်ဆောင် ရန် လိုအပ်သည်များ၊ လိုက်နာရန်လိုအပ်သည်များ နှင့် ဒုတိယအကြိမ် ထပ်မံထိုးနှံရမည့်ကာလတို့ကို တိကျစွာသိရှိနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ကာကွယ်ဆေးများ တင်သွင်းမှာယူခြင်း သာမက မိမိတို့နိုင်ငံတွင်း၌ ကာကွယ်ဆေးထုတ်လုပ် နိုင်ရေးအတွက်လည်း လုပ်ဆောင်လျက်ရှိကြောင်း၊ အခြားနိုင်ငံများ၌ သက်ဆိုင်ရာနိုင်ငံအလိုက် တိုင်းရင်းဆေးများကိုလည်း စမ်းသပ်နေသကဲ့သို့ မြန်မာ့တိုင်းရင်းဆေးဖက်ဝင်အပင်များ၊ သစ်ဥ၊ သစ်ဖုများနှင့် တိုင်းရင်းဆေးများကိုလည်း သုတေသန ပြုလုပ်စမ်းသပ်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် ကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာရှင်များဖြင့် ပေါင်းစပ်ညှိနှိုင်းတိုင်ပင်၍ စနစ်တကျ သုတေသန ပြုလုပ်ရမည်ဖြစ်ပြီး ရေရှည်မြော်တွေး၍ လိုအပ်လာ နိုင်သည်မှန်သမျှကို တွက်ချက်လုပ်ဆောင်ကြစေ လိုကြောင်း။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်အတွက် သွားလာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ကြောင့် ကုန်ဈေးနှုန်းအနည်းငယ်မြင့်မားလာသည် ကို မပြောလိုသော်လည်း အခြေခံစားကုန်များ ဈေးနှုန်းမြင့်တက်မှုမရှိစေရေး ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိရာတွင် ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးသည့် လုပ်ငန်းများကို ရုပ်မြင်သံကြား ရေဒီယိုတို့မှတစ်ဆင့် အဆက်မပြတ်ထုတ်လွှင့်ပေးလျက်ရှိကြောင်း၊ ထိုသို့ အသိပညာပေးရာတွင် တိုင်းရင်းသားဘာသာစကားဖြင့်ထုတ်လွှင့်မှုများ၌ ပီပီသသနှင့် ရှင်းလင်းမှု ရှိအောင်၊ လွယ်ကူရှင်းလင်းစွာ နားလည်နိုင်အောင် တင်ဆက်ကြရန်လိုကြောင်း၊ ရပ်ကွက်၊ ကျေးရွာများ အတွင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း များကို ညပိုင်းနှင့် နံနက်အစောပိုင်းတို့တွင် လှည့်လည် နှိုးဆော်ပေးပါက လိုက်နာမှုပိုမိုအားကောင်းလာ နိုင်မည်ဖြစ်ပြီး ရောဂါကူးစက်ပြန့်ပွားမှုကို အထိုက် အလျောက် ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြား သည်။
ကာကွယ်ဆေးထိုးနှံပေးနိုင်မည့် အခြေအနေ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာ ကြသူများက ကိုဗစ်ရောဂါဖြစ်ပွားမှုအခြေအနေများ နှင့် ဇူလိုင်လ တတိယပတ်နှင့် စတုတ္ထပတ်တို့မှစ၍ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းကို အထိုက်အလျောက် ထိန်းချုပ်ထားနိုင်ပြီး ကူးစက်မှုလျော့ကျလာသည့် အခြေအနေ၊ ကူးစက်ပြန့်ပွားမှုများကို ပိုမိုထိန်းချုပ် နိုင်ရေး ရောဂါအခံရှိသူများ၊ နာတာရှည်ရောဂါရှိသူ များရှိသည့် နေအိမ်များတွင် နေအိမ်တွင်းနေထိုင်ပါ ကလည်း Mask တပ်ထားရန် လိုအပ်ကြောင်းကို အကြံပြုတင်ပြလိုသည့် အခြေအနေ၊ ဩဂုတ် ၁ ရက် နေ့ တစ်နေ့တည်း၌ပင် ကာကွယ်ဆေး တစ်သိန်း ကျော်ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုများ ကို အဆက်မပြတ်အောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့်အတွက် ယခုနှစ် ကုန်ပိုင်းတွင် မျှော်မှန်းထား သည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ကာကွယ် ဆေးထိုးနှံပေးနိုင်မည့် အခြေအနေ၊ မိမိတို့နိုင်ငံသို့ အာဆီယံနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက် အကူပြုပစ္စည်းများကို လှူဒါန်းလျက်ရှိသည့် အခြေ အနေ။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ကိုဗစ်-၁၉ ရန်ပုံငွေ မှ သုံးစွဲထားရှိမှုအခြေအနေ၊ လေကြောင်းလိုင်းများ၊ နယ်စပ်ဒေသများ၊ ဆိပ်ကမ်းများ၊ နယ်စပ်ဂိတ်များမှ တစ်ဆင့် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ပစ္စည်းများကို တင်သွင်းလျက်ရှိသည့် အခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး တို့သို့ ပြည်ပမှ အောက်ဆီဂျင်ဝင်ရောက်လာမှု၊ လိုအပ်သည့်နေရာများသို့ ဖြန့်ခွဲပေးလျက်ရှိမှု အခြေအနေနှင့် ဆက်လက်ဝင်ရောက်လာနိုင်မည့် အခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တွင် ကာကွယ်ဆေးများကို ဦးစားပေးသတ်မှတ်ချက် များနှင့်အညီ ထိုးနှံပေးလျက်ရှိသည့် အခြေအနေ၊ တစ်နိုင်ငံလုံးရှိ အကျဉ်းစခန်းများ၌ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိမှု အခြေအနေ၊ ပို့ဆောင်ဆက်သွယ် ရေးနှင့်ပတ်သက်၍ လေကြောင်းလိုင်း၊ ရေကြောင်း လိုင်း၊ မီးရထားနှင့် ကုန်းလမ်းပို့ဆောင်ရေးတို့ကို ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့် အခြေအနေ၊ ကျန်းမာရေး ဆိုင်ရာ အသိပညာပေးမှုများကို သတင်းစာများ၊
နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုတို့အပြင် ပုဂ္ဂလိက ရုပ်သံလိုင်းများမှ အသိပညာပေးလျက်ရှိသည့်အပြင် အသံချဲ့စက်များ အသုံးပြု၍လည်း ကျန်းမာရေး ဆိုင်ရာ အသိပေးချက်၊ သတိပေးချက်များကို လိုက်လံဆော်ဩနှိုးဆော်ပေးလျက်ရှိသည့် အခြေ အနေ၊ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုနှင့် ဖြန့်ဝေပေးလျက် ရှိမှု အခြေအနေ။
ရှင်းလင်းတင်ပြ
ကမ္ဘာ့နိုင်ငံများ၊ အာဆီယံနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအပေါ် လေ့လာသုံးသပ် တွေ့ရှိမှုအခြေအနေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါနှင့် အခြားရောဂါ များကြောင့် သေဆုံးမှုရာခိုင်နှုန်း လျော့ကျလာသည့် အခြေအနေ၊ ရောဂါဖြစ်ပွားနေမှုအတွင်း ကောလာ ဟလများ၊ သတင်းမှားများ ထုတ်လွှင့်နေမှု အခြေအနေ၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများ တင်သွင်းဆောင်ရွက် နေမှု၊ နိုင်ငံပိုင်၊ တပ်မတော်ပိုင်နှင့် ပုဂ္ဂလိကကုမ္ပဏီ များမှလည်း ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အခြေခံအိမ်သုံးဆေးဝါးများ ထုတ်လုပ်နေမှုအခြေ အနေ၊ လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိပြီး စနစ်တကျဖြစ်စေရေး အတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ် ဆောင်ရွက်ကြရန်နှင့် ဆေးထိုးနှံနိုင်ရေး စာရင်း ကောက်ယူရာတွင် စာရင်းအမှန်ရရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်သည့်အခြေအနေ၊ ထပ်မံရောက်ရှိလာသည့် ကာကွယ်ဆေးများထိုးနှံ ရာတွင် အထောက်အကူဖြစ်စေရေးအတွက် အရံ ဆေးထိုးနှံရေးအဖွဲ့ ကြိုတင်ဖွဲ့စည်းထားရှိရန်နှင့် ဆေးထိုးနှံပြီးစီးသူများစာရင်းကို စနစ်တကျမှတ်တမ်း ပြုစု၍ ဗဟိုသို့ နေ့စဉ်ပေးပို့တင်ပြရန် လိုအပ်သည့် အခြေအနေ၊ ပြည်ပသို့ရောက်ရှိပြီး အခက်အခဲ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံသားများအား နယ်စပ် ဂိတ်အသီးသီးမှ နေ့စဉ်စိစစ်လက်ခံပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ စစ်ဆေးကာ ရောဂါပိုးမတွေ့ရှိသူ များကို ၎င်းတို့၏နေရပ်သို့ ရောက်ရှိနိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူများ အား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က ကာကွယ်ဆေးများ အဆက်မပြတ်ရရှိစေရေး နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်မှုများ မပြတ် ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းရင်းဆေးများနှင့် ပတ်သက်၍လည်း သုတေသနလုပ်ငန်းများကို မြန်ဆန်စွာဆောင်ရွက်ရန်နှင့် ရေရှည်အတွက် စဉ်းစား လုပ်ဆောင်ရန်လိုကြောင်း၊ ကာကွယ်ဆေးဝယ်ယူ ရရှိရေးနှင့် သုတေသနပြုထုတ်လုပ်ရေး လုပ်ငန်း များအတွက် လိုအပ်ပါက နိုင်ငံတော်မှ ချေးငွေစီစဉ် ပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ပြည်သူလူထု ၏ အခြေခံစားဝတ်နေရေးကို ထိခိုက်စေမည့် ကောလာဟလများ ထုတ်လွှင့်နေမှုများနှင့်ပတ်သက် ၍ အမြန်ဆုံး ဖော်ထုတ်၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်ပမှ ဝင်ရောက် လာသည့် မိမိတို့နိုင်ငံသားများကို စနစ်တကျလက်ခံ နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ၎င်းတို့နေရပ်သို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ရောက်ရှိနိုင်ရေးအတွက် လိုအပ်ပါက တပ်မတော်ယာဉ်များကိုလည်း အသုံးပြု နိုင်ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေး ပြောကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် “အဓိကကတော့ ကာကွယ်ဆေးကို မှန်မှန်နဲ့မြန်မြန် ထိုးပေးနိုင်ဖို့လည်းလိုတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီနှစ်အကုန်မှာ တိုင်းပြည်လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းမျှော်မှန်းထားတယ်ဆိုတော့ တစ်လကို ၅ သန်းထိုးနိုင်ဖို့လိုတယ်။ တစ်လ ၅ သန်း။ လက်ရှိ အခြေအနေကတော့ ၅ သန်းကိုတော့ ရတယ်။ သို့သော် နောက်လတွေမှာ စဉ်ဆက်မပြတ်ရဖို့။ ဒါကို တွက်ဖို့ လိုတယ်။ ဘယ်နိုင်ငံရမလဲ။ ခုနကကျွန်တော် ပြောတဲ့ သုံးနိုင်ငံ၊ Source သုံးခုရှိတယ်။ သေချာတဲ့ Source ကနေပြီးတော့ ကျွန်တော်တို့ စာချုပ်ချုပ် ထားဖို့လိုတယ်။ ဒါနဲ့ ပတ်သက်ပြီးလည်း ငွေလည်း အပြည့်အစုံ ရှိနေပြီးသား။ အဲဒီတော့ ကျန်းမာရေး ဝန်ကြီးက သေချာလေးတွက်ချက်ပြီးလုပ်ပေးပါ။ ဒုဥက္ကဋ္ဌနဲ့ ဆွေးနွေးပြီးလုပ်ပါလို့ ကျွန်တော်ပြောလို တယ်။ ဆေးကတော့ ရဖို့တော့လိုတယ်။ “ဥစ္စာရင်လို ဥစ္စာရင်ခဲ” ပေါ့ “ဥစ္စာရင်လို ဥစ္စာရင်ခဲ”ဆိုတော့ ရအောင်ကြိုးစားရမှာပေါ့”ဟု ပြောကြားသည်။
စဉ်ဆက်မပြတ်ရရှိရေး
ဆက်လက်ပြောကြားရာတွင် မိမိတို့အနေဖြင့် ကာကွယ်ဆေးများ ဝယ်ယူရရှိနိုင်ရေးအတွက် ကာကွယ်ဆေးထုတ်လုပ်လျက်ရှိသည့် နိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံတည်း ဖြင့်ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ကာကွယ်ဆေးရရှိ နိုင်သည့် နိုင်ငံများနှင့် ချိတ်ဆက်၍ စဉ်ဆက်မပြတ် ရရှိရေး ဆောင်ရွက်ရန်လိုကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနက် မိမိတို့နိုင်ငံသည် ကူးစက်မှုနှုန်း ပဉ္စမအများဆုံးဖြစ်ပြီး သေဆုံးမှုနှုန်းအနေဖြင့် တတိယအများဆုံးဖြစ်ကြောင်း၊ အဓိကအားဖြင့် မိမိတို့ နိုင်ငံတွင် ကျန်းမာရေးနှင့်ပတ်သက်ပြီး အားနည်းချက်ရှိနေသည်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးအသိများ အားနည်းခြင်းနှင့် ပင်ကိုအရ ကျန်းမာရေး အားနည်း ချက်များရှိခြင်းကြောင့်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၇ ဒသမ ၇၈ နှစ်သာ ရှိသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံး ဖြစ်ကြောင်း၊ ကိုဗစ်ရောဂါ ကူးစက်မှုကြောင့် မဟုတ်ဘဲ မိမိတို့နိုင်ငံ၏ ကျန်းမာရေးမြှင့်တင်ရန် လိုအပ်နေခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ တစ်နိုင်ငံလုံး ကျန်းမာရေးမြှင့်တင်ရေးသည် ရေရှည်ကိုမြော်တွေး၍ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ အစာအာဟာရ၊ ကျန်းမာ ရေးနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတများ ရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုး မွေးမြူရေးနိုင်ငံ ဖြစ်သဖြင့် နိုင်ငံအတွင်း စားသောက် ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာမှုရှိစေရေး တာဝန် ရှိသူများအနေဖြင့် အလေးထား ကိုင်တွယ်ဆောင်ရွက် ရန်လိုကြောင်း၊ ဒေသတွင်းစိုက်ပျိုးရေး ကုန်ထုတ် လုပ်မှု၊ မွေးမြူရေးကုန်ထုတ်လုပ်မှုများကို ရာနှုန်း ပြည့် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ စိုက်ပျိုးဧရိယာ များ အပြည့်အဝ စိုက်ပျိုးနိုင်ရေး တောင်သူများအား ကူညီပေးရန်လိုကြောင်း၊ ပြည်သူများ အာဟာရ ပြည့်ဝစွာ စားသုံးနိုင်ပါက ကိုယ်ခံစွမ်းအားများ ကောင်းမွန်လာပြီး ကျန်းမာရေးအတွက် အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း။
ပညာပေးမှုများ ပြုလုပ်ရန်လို
ယခုအချိန်တွင် ကိုဗစ်ဖြစ်ပွားမှုကြောင့် သေဆုံး မှုများဖြစ်ပွားရာ၌ အများစုသည် အဆုတ်ပျက်စီးမှု ကြောင့်ဖြစ်ကြောင်း၊ အဆုတ်၊ နှလုံး၊ သွေးတိုးရောဂါ ရှိသူများ သေဆုံးမှုများကြောင်း၊ ဆေးလိပ်သောက်သုံး မှုများ မပြုလုပ်ရန်အတွက် မိမိအနေဖြင့် အမြဲ တိုက်တွန်းပြောကြားလျက်ရှိကြောင်း၊ လူငယ်၊ လူရွယ်များနှင့် လူကြီးပိုင်းအထိ ဆေးလိပ်သောက်သုံး မှုများ မပြုလုပ်စေရေး ပညာပေးမှုများ ပြုလုပ်ရန် လိုကြောင်း။
ပြည်တွင်းဆေးဝါးထုတ်လုပ်မှုနှင့် ပတ်သက်၍ အခြေခံအိမ်သုံးဆေးဝါးများအား ယေဘုယျအားဖြင့် လုံလောက်စွာထုတ်လုပ်ပြီး အခြေခံဆေးလိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အလုံအလောက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ အချို့ဆေးဝါးများသည် အရည်အသွေး အားနည်းမှုများရှိသည်ကို သိရှိ ရကြောင်း၊ ထို့ကြောင့်အာမခံချက်ရှိသည့် ပြည်တွင်း ထုတ် ဆေးဝါးများသုံးစွဲနိုင်ရေး အားပေးဆောင်ရွက် ရန်လိုကြောင်း၊ ဆေးဝါးများကို ပြည်တွင်း ဆေးဝါး စက်ရုံများမှလိုအပ်သည့် ဆေးဝါးများလုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်တွင်းစီးပွားရေးနှင့် ပြည်သူများခံစားနေရသည့် သောကများအား လျှော့ချ နိုင်မည်ဖြစ်ကြောင်း၊ ဆေးဝါးစက်ရုံများ ကုန်ကြမ်း ပြတ်လပ်မှုမရှိစေရေး တာဝန်ရှိသူများက မျက်ခြည် မပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေးနှင့်ပတ်သက်၍ ဆေးဝါးများ ထုတ်လုပ်နိုင်ရန်အတွက် ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ငွေကြေးအပါအဝင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက် ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်သဖြင့် လိုအပ်သည့် ဘဏ်ချေးငွေများကိုလည်း စီစဉ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ကြောင့် ကျဆင်းသွားသည့် စီးပွားရေးများ ပြန်လည် ကောင်းမွန်လာစေရေး ကြိုးပမ်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် မိမိတို့ တစ်ဦးချင်းလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် လုပ်ဆောင်သွားကြရန်လိုအပ်မည် ဖြစ်ကြောင်း။
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်း များတွင် အောက်ဆီဂျင်အသုံးပြုရန် လိုအပ်သည် ဖြစ်သော်လည်း အောက်ဆီဂျင်တွင် ဆေးရုံသုံးနှင့် စက်ရုံသုံးဟူ၍ရှိသဖြင့် မိမိသဘောဆန္ဒအလျောက် မဆင်မခြင်လုပ်ဆောင်မိပါက အန္တရာယ်ဖြစ်စေ နိုင်သည့်အတွက် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၏ အကြံပြုချက်ဖြင့်သာ လိုအပ်သည့် ပမာဏ အတိုင်း သုံးစွဲကြစေလိုကြောင်း၊ ကိုဗစ်ဖြစ်ပွားမှု ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တရားရုံးမထိုင်နိုင်ဘဲ စိစစ်ရန် ကျန်ရှိနေသည့် အမှုတွဲပေါင်းများစွာရှိနေကြောင်း၊ တရားခွင်တွင် လိုအပ်သည့် သက်သေခံပစ္စည်းများ ဥပမာအားဖြင့် ယာဉ်တိုက်မှုဖြစ်ပေါ်ခဲ့သည့် မော်တော်ယာဉ်များကို ထိန်းသိမ်းထားရှိခြင်းများရှိသဖြင့် သဘာဝဘေး ကြောင့် ပျက်စီးမှုများမဖြစ်ပေါ်စေရေး ထိန်းသိမ်း ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာ များ လုံခြုံရေးအတွက် ဆောင်ရွက်သင့်သည်များကို တာဝန်ရှိသူများအနေဖြင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ လိုအပ်သည် များရှိပါက တာဝန်ရှိသူများထံသို့ အချိန်နှင့် တစ်ပြေးညီ တင်ပြကြရန်နှင့် မိမိတို့အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ ကျန်းမာရေးဆိုင်ရာများ၊ ရပ်ရွာတည်ငြိမ်အေးချမ်း ရေးနှင့် ပြည်သူလူထု၏ လုံခြုံရေးနှင့်ပတ်သက်၍ မလိုလားအပ်သည်များ မဖြစ်ပေါ်လာစေရေး ကြိုတင် ကာကွယ်ခြင်းဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်