
နေပြည်တော် ဩဂုတ် ၃
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ် ၍ ဧပြီ ၂၂ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေး ရန် ဖိတ်ခေါ်ခဲ့ရာ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ (၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မော်တော်ယာဉ် များဖြင့် နေပြည်တော်သို့ ရောက်ရှိ ကြသည်။
အဆိုပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ်ဖွဲ့သည် နေပြည်တော် ရှိ Horizon Lake View Resort သို့ရောက်ရှိကြရာ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူ များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန မှ တိုင်းရင်းသား တိုင်းရင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများက “ထာဝရ ငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ် အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိ ရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စု ကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေး ကြပါစို့၊ တိုင်းရင်းသားတွေ စည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေး ချမ်းရ”စသည့် စာသားပါ ဆိုင်း ဘုတ်များ ကိုင်ဆောင်၍ လည်း ကောင်း၊ နိုင်ငံတော်အလံငယ်များ ကို ကိုင်ဆောင်၍ လည်းကောင်း ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်