နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏  ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)အဖွဲ့မှ ဥက္ကဋ္ဌ ဦးယွက်စစ် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏  ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)အဖွဲ့မှ ဥက္ကဋ္ဌ ဦးယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

 

နေပြည်တော်   မေ   ၁၉


တစ်နိုင်ငံလုံး     ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခ    ချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့်    တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ   သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)အဖွဲ့မှ ဥက္ကဋ္ဌ ဦးယွက်စစ် ဦးဆောင်သည့်    ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ သည်   ယနေ့    မွန်းလွဲပိုင်းတွင်   နေပြည်တော် တပ်မတော်လေဆိပ်သို့   ရောက်ရှိရာ  အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့်    တာဝန်ရှိသူများ၊ ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသား၊ တိုင်းရင်းသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။

 


အဆိုပါ     ကိုယ်စားလှယ်အဖွဲ့သည်   ယနေ့ နေ့လယ်ပိုင်းတွင်      ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ    မြန်မာ-ထိုင်း   ချစ်ကြည်ရေး အမှတ်(၂)တံတားသို့   ရောက်ရှိခဲ့ရာ  တာချီလိတ် တပ်နယ်မှ တာဝန်ရှိသူများ၊  ဌာနဆိုင်ရာဝန်ထမ်း များ၊ ပါတီနိုင်ငံရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်    ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားထောက်ခံကြသည့်   ဒေသခံတိုင်းရင်းသား များက “ငြိမ်းချမ်းရေးဆွေးနွေးပွဲကို  ထောက်ခံပါ သည်၊    ထာဝရငြိမ်းချမ်းရေးသည်  ပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိုထောက်ခံပါသည်” စသည့်စာသားပါ ဆိုင်းဘုတ် များ ကိုင်ဆောင်ကာ တာချီလိတ်မြို့ ပြည်ထောင်စု လမ်းမကြီးမှ လေယာဉ်ကွင်းလမ်းအထိ လှိုက်လှိုက် လှဲလှဲဖြင့် ထောက်ခံကြိုဆိုခဲ့ကြသည်။

 


ထို့နောက်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)  အဖွဲ့မှ  ဥက္ကဋ္ဌ ဦးယွက်စစ် ဦးဆောင်သည့်   ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ သည်   ကျိုင်းတုံလေဆိပ်မှတစ်ဆင့်   လေကြောင်း ခရီးစဉ်ဖြင့်   နေပြည်တော်သို့   ရောက်ရှိခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်