နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်

 

နေပြည်တော်   မေ    ၂၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက်   ဖိတ်ခေါ်မှုကို  ပြည်သူများက  ကြိုဆို ထောက်ခံသည့်အနေဖြင့်      ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုလုပ်ငန်းများကို ကြိုဆို ထောက်ခံခြင်းနှင့်     ပြည်ပစွက်ဖက်နှောင့်ယှက် မှုများအား     ဆန့်ကျင်ရှုတ်ချပွဲကို    ယနေ့ နံနက်ပိုင်းတွင်     ဧရာဝတီတိုင်းဒေသကြီး   ပုသိမ်မြို့    ပြည်ထောင်စုကွင်း၌    ပြုလုပ် သည်။

 


အဆိုပါ ကြိုဆိုထောက်ခံပွဲသို့ ငြိမ်းချမ်း ရေးကို လိုလားသူပြည်သူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား ၂၇၈၀ ခန့် တက်ရောက် ကြသည်။

 


ဦးစွာ တာဝန်ရှိသူများက ငြိမ်းချမ်းရေး သည် မြန်မာပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ် အမှန်ဖြစ်သည်၊ တိုင်းပြည်ငြိမ်းချမ်းမှ ပြည်သူ များ ဖွံ့ဖြိုးတိုးတက်မည် ဟူသည့် ခေါင်းစဉ် တို့ဖြင့် ဆွေးနွေးဟောပြောကြသည်။ 

 


ထို့နောက်    ငြိမ်းချမ်းရေးလိုလားသူ ပြည်သူများက “ပြည်ထောင်စုကြီး ငြိမ်းချမ်း ရေး ဒို့အရေး၊  ပြည်ပစွက်ဖက်မှုအန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေး ဒို့အရေး၊ ငြိမ်းချမ်း ရေး    ပျက်ပြားအောင်    ဖျက်ဆီးနေသူများ ကျဆုံးရေး ဒို့အရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကြီး အောင်မြင်ရမည်” စသည့်ကြွေးကြော်သံ များဖြင့် ကြွေးကြော်၍ ထောက်ခံပွဲကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်