နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

 

ပြည်   နိုဝင်ဘာ   ၂


ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့  တာဝန်ရှိသူများသည်  နိုဝင်ဘာ ၁ ရက်  နံနက်ပိုင်းက  ပြည်မြို့ တည်ဆောက်ရေး(၂)၊ အစည်းအဝေးခန်းမ၌  တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံသည်။

 

 
ရှေးဦးစွာ     တိုင်းဒေသကြီး ဝန်ကြီးချုပ်က       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်   ဝန်ကြီးချုပ်၏     ခရီးစဉ် လမ်းညွှန်ချက်များ   ဆောင်ရွက် ပြီးစီးမှု၊    ဆောင်ရွက်ဆဲ   အခြေ အနေနှင့်   ဆက်လက်ဆောင်ရွက် သွားရမည့်         အခြေအနေများ ကို      လာရောက်     ကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာန     တစ်ခုချင်းမှ လည်း ကဏ္ဍအလိုက်ဆောင်ရွက်မှု အခြေအနေများကို     ပြန်လည် တင်ပြပေးရန်နှင့်      ဦးစီးဌာန အချင်းချင်း    ပေါင်းစပ်    ညှိနှိုင်း ဆောင်ရွက်ပေးရမည့် အခြေအနေ များနှင့် သီးခြားလိုအပ်ချက်များ အား ဖြည့်ဆည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်    နိုင်ငံ တော်ဝန်ကြီးချုပ်၏      လမ်းညွှန် မှာကြားချက်ပါ    သရေခေတ္တရာ ပျူမြို့ဟောင်းတွင်း  ဆောင်ရွက် နေသည့်ပြတိုက်အတွင်း ပြန်လည် အဆင့်မြှင့်တင်ခြင်း၊ နန်းတော်ရာ ကျုံး   ပြန်လည်စမ်းသပ်တူးဖော် နေမှု၊ ကျုံးအတွင်းသို့ ရဟန္တာကန်၊ ကြာကန်၊   ဦးသောမကန်တို့မှ တစ်ဆင့် ရှေးမူမပျက်  ရေသွင်း နိုင်ရေး  စီစဉ်ဆောင်ရွက်ထားရှိမှု၊ မျှော်စင် ဆောက်လုပ်ရန်အတွက် ယာယီ       သတ်မှတ်ထားသည့် သောင်းပြည့်ကုန်းနှင့် ကြက်တူရွေး တောင်တို့ကို     လည်းကောင်း၊ ဗိဿနိုးမိဖုရားနှင့်      ဆွေတော် မျိုးတော်များ၏    အရိုးအိုးထား ရှိရာ    နေရာကို   လည်းကောင်း၊ ရှေးဟောင်းဇုန် အဝင်လမ်းဖောက် လုပ်မည့်နေရာနှင့် ရှေးဟောင်းဇုန် ရှောင်ကွင်းလမ်း  ဖောက်လုပ်မည့် မြေနေရာတို့ကို   ကြည့်ရှုစစ်ဆေး ခဲ့ပြီး ပြည်တွင်း/ပြည်ပခရီးသွား များအတွက်  အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊    စားသောက် စရာ  ဈေးဆိုင်တန်း၊  ခေတ္တနားခို ရန်နေရာနှင့်    ခေတ်မီ    Public Toilet  များ  ဆောက်လုပ်နိုင်ရေး မြေနေရာ      ရွေးချယ်တင်ပြရန် တာဝန်ရှိသူများအား    မှာကြားသည်။ 

 


ယင်းနောက်      ပြည်မြို့ ကမ်းနားလမ်းအား လေးလမ်းသွား ဖြင့် ပြန်လည်တိုးချဲ့ အဆင့်မြှင့် တင်ပေးနိုင်ရေး      ကွင်းကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ဂေါပက ရုံး၌    နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ     ပြည်မြို့ လေးဆူဓာတ်ပျော်    ရွှေဆံတော် စေတီတော်မြတ်ကြီး     ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရေး၊      ပြတိုက် ပြန်လည်တည်ဆောက်နိုင်ရေးနှင့် စွယ်တော်မြတ်ကိန်းဝပ် စံပယ်ရာ ဂန္ဓကုဋိတိုက်      ပြန်လည်ပြုပြင် မွမ်းမံနိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံမှာကြားခဲ့ကြောင်း    သိရ သည်။                      

သတင်းစဉ်