နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နှစ် (၂၀) ပြည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်ချီးမြှင့်

 

နေပြည်တော်   မတ်   ၁၄


မြန်မာနိုင်ငံ      အမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ နှစ်(၂၀) ပြည့် အထိမ်း အမှတ်   အခမ်းအနားကို   ယနေ့ နံနက်ပိုင်းတွင်    နေပြည်တော်ရှိ မြန်မာနိုင်ငံ     အမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံး    သီရိရတနာခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော် ဝန်ကြီးချုပ်၏ဇနီး      မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူး ဆောင်နာယက  ဒေါ်ကြူကြူလှ တက်ရောက် ချီးမြှင့်သည်။

 

တက်ရောက်


အခမ်းအနားသို့  မြန်မာနိုင်ငံ အမျိုးသမီးရေးရာ      အဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက    ဒေါ်ခင် သက်ဌေး၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်     နာယကများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဥက္ကဋ္ဌ    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊  ဒုတိယဥက္ကဋ္ဌ      ဒုတိယဝန်ကြီး  ဦးစိုးကြည်နှင့်    တာဝန်ရှိသူများ  မြန်မာနိုင်ငံ    အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ  အဖွဲ့ဝင်များဖြစ်ကြသည့်    အမျိုး သမီးအသင်းအဖွဲ့များ၏     ဥက္ကဋ္ဌ များ၊       နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသမီးရေးရာ   အဖွဲ့နာယက များ၊ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး များ၊     ခရိုင်ဥက္ကဋ္ဌများ၊     အထူး ဖိတ်ကြားထားသူများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ   မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ       ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ စိုးဝင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ  အမျိုးသမီးကော်မတီတွင် အစိုးရ ဌာနများအပြင် အမျိုးသမီးအရေး  ကို ဆောင်ရွက်နေကြသည့် အမျိုး သမီးအဖွဲ့များမှ  ကိုယ်စားလှယ် များ ပါဝင်ဖွဲ့စည်းထားရှိပြီး မြန်မာ နိုင်ငံ  အမျိုးသမီးရေးရာအဖွဲ့ချုပ်  အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတွင် အဖွဲ့ဝင် အဖြစ်  တက်ကြွစွာပါဝင်ဆောင် ရွက်ပေးနေသည့်   အဖွဲ့အစည်း တစ်ခုဖြစ်ပါကြောင်း၊       ပြည် ထောင်စုအဆင့်၌သာမက နေပြည် တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင်  ဖွဲ့စည်းထားသည့်      အမျိုးသမီး ကော်မတီ အဆင့်ဆင့်တွင်လည်း   အမျိုးသမီးရေးရာ    အဖွဲ့များက  အဖွဲ့ဝင်အဖြစ်ပါဝင်ကာ      အမျိုး သမီးအရေးကို         ကျယ်ကျယ် ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နိုင် သည်ကို     တွေ့ရှိရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။


ပူးပေါင်းဆောင်ရွက်ပေး


 နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်းစဉ်များတွင်    အမျိုးသမီး ထုကြီး၏အင်အားဖြင့် အကောင် အထည်ဖော်    ဆောင်ရွက်နိုင်ရန် အမျိုးသမီးကဏ္ဍမြှင့်တင်ပေးမည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ အမျိုး သမီးများ      ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ  လုပ်ငန်းယန္တရားများ ပိုမို အားကောင်းခိုင်မာစေရန် လိုအပ် ပါကြောင်း၊   အမျိုးသမီးများ  လူမှု စီးပွားဘဝ      ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများ     စွမ်းဆောင်ရည် မြင့်မားရေး၊  ကဏ္ဍစုံတွင်  အမျိုး သမီးများ    ပါဝင်ဆောင်ရွက်မှု တိုးမြှင့်ရေး၊   အမျိုးသမီးများနှင့်  အမျိုးသမီး     ငယ်ရွယ်များအပေါ်  အကြမ်းဖက်မှုမှ တားဆီးကာကွယ် ရေး၊      သဘာဝဘေးအန္တရာယ် ကို  ခံနိုင်ရည်စွမ်းအား မြင့်မားရေး နှင့်  ကျား၊ မ ရေးရာ တန်းတူညီမျှ ရေးကို    ဦးတည်သည့်    လုပ်ငန်း စဉ်များ   ထိရောက်စွာ   အကောင် အထည်ဖော်  ဆောင်ရွက်နိုင်ရန် အတွက်        ဒေသအဆင့်ဆင့် တွင်ရှိသည့် အမျိုးသမီးကော်မတီ များ၏    လုပ်ငန်းယန္တရားများ        ခိုင်မာ    အားကောင်းလာစေရေး     မြန်မာနိုင်ငံ       အမျိုးသမီးရေးရာ အဖွဲ့ချုပ်အောက်ရှိ     အမျိုးသမီး ရေးရာအဖွဲ့များအပြင်       အမျိုး သမီးအဖွဲ့များ  အားလုံးကလည်း ယခုထက်ပိုမိုပြီး  တက်ညီလက်ညီ    ဝိုင်းဝန်းပူးပေါင်း      ဆောင်ရွက် ပေးကြစေလိုကြောင်း        ပြော ကြားသည်။


ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်


ထို့နောက်   နိုင်ငံတော်    စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏      ဇနီး မြန်မာနိုင်ငံ     အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက        မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် စတင် ဖွဲ့စည်း တည်ထောင်ခဲ့သည်မှစ၍ ယနေ့အထိ    နှစ်   (၂၀)    ကျော်  တာဝန်    ထမ်းဆောင်ခဲ့ကြသည့် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ များမှ     ဥက္ကဋ္ဌများကို      စေတနာ့ ဝန်ထမ်းကောင်း ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။ 


ယင်းနောက်      မြန်မာနိုင်ငံ အမျိုးသမီးရေးရာ     အဖွဲ့ချုပ်  ဂုဏ်ထူးဆောင်နာယက    ဒေါ်ခင် သက်ဌေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ        ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊    မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်  နာယကများနှင့် ဥက္ကဋ္ဌတို့က   မြန်မာနိုင်ငံ  အမျိုး သမီးရေးရာအဖွဲ့ချုပ်      စတင် ဖွဲ့စည်း      တည်ထောင်ခဲ့သည် မှစ၍     ယနေ့အထိ   ၁၀     နှစ်၊ ၁၀ နှစ်ကျော်၊   ၁၅  နှစ်၊  ၁၅ နှစ် ကျော်နှင့်    နှစ်   (၂၀)      တာဝန်   ထမ်းဆောင်ခဲ့ကြသည့်    နေပြည် တော်အပါအဝင်   တိုင်းဒေသကြီး နှင့်   ပြည်နယ်များမှ  အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် အတွင်း ရေးမှူးများကို စေတနာ့ဝန်ထမ်း ကောင်း  ဆုတံဆိပ်များ   ပေးအပ် ချီးမြှင့်ကြသည်။ 


ဆက်လက်၍    မြန်မာနိုင်ငံ အမျိုးသမီးရေးရာ     အဖွဲ့ချုပ်၏  အကောင်အထည်ဖော်     ဆောင် ရွက်ခဲ့သည့် လှုပ်ရှားမှုမှတ်တမ်း ဗီဒီယိုကိုပြသပြီး ဂုဏ်ထူးဆောင် နာယက   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ သည်    အခမ်းအနားသို့   တက် ရောက်လာကြသူများနှင့်     အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက် မှု        မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။


အမှာစကားပြောကြား


ထို့နောက် မြန်မာနိုင်ငံ အမျိုး သမီးရေးရာအဖွဲ့ချုပ် အကြိမ် (၂၀) မြောက်    နှစ်ပတ်လည်    အစည်း အဝေးကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ     အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ        ဒေါက်တာ သက်သက်ဇင်က     အမှာစကား ပြောကြားသည်။


နှစ်ရက်တာကျင်းပသွားမည်


ယင်းနောက်       မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့်  ဒုတိယဥက္ကဋ္ဌ-၁ တို့က သဘာ ပတိအဖြစ်ဆောင်ရွက်ကာ နေပြည် တော်အပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့များမှ      တာဝန်ရှိသူများက လုပ်ငန်း  ဆောင်ရွက်ချက်များကို တင်ပြကြရာ     တင်ပြချက်များ အပေါ်သဘာပတိများက ပြန်လည် သုံးသပ်    ဆွေးနွေးခဲ့ကြကြောင်း နှင့် အဆိုပါ နှစ်ပတ်လည်အစည်း အဝေးကို   မတ်  ၁၅  ရက်အထိ နှစ်ရက်တာ  ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။    

သတင်းစဉ်