
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂ဝ၂၂ ခုနှစ်၊ ဧပြီလ(၂၂)ရက်တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိန့်ခွန်းတစ်ခုပြောကြားခဲ့ပြီး အဆိုပါမိန့်ခွန်းတွင် ၂ဝ၂၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးနှစ်အဖြစ် တွေ့ဆုံညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးမှ ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင်(၂)ဦးစီ တက်ရောက် ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်တွန်းပြောကြားချက်သည် တိုင်းရင်းသားပြည်သူများအားလုံး လိုလားတောင့်တလျက်ရှိသည့် စစ်မှန်သော ငြိမ်းချမ်းရေးရရှိစေရန် ကမ်းလှမ်းနှိုးဆော်ချက် ဖြစ်ပါသဖြင့် မိမိတို့ မြန်မာနိုင်ငံ ဟာသပညာရှင်များအသင်း(ဗဟို) မှ လေးနက်စွာ ကြိုဆိုထောက်ခံအပ်ပါသည်။
မြန်မာနိုင်ငံဟာသပညာရှင်များအသင်း(ဗဟို)