
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅ ရက်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ၂ဝ၂၂ ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့တွင် ပြောကြားခဲ့သည့်မိန့်ခွန်းထဲတွင် “တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် ရည်ရွယ်လျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များအား တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသည်” ကို တွေ့ရှိရပါသည်။
၂။ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းအနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ဟူသောရည်ရွယ်ချက်၊ စည်းမျဉ်းဘောင်များနှင့် မသွေဖည်ဘဲ ရပ်တည်လျက် နိုင်ငံ့အရေးအရာများကို ဆောင်ရွက်လျက်ရှိသည်နှင့် အညီ နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားမှုကို အပြည့်အဝထောက်ခံပါကြောင်းနှင့် ထာဝရ ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှုလျက် ရိုးသားပွင့်လင်းစွာ လက်တွဲဆောင်ရွက် ကြပါရန် သက်ဆိုင်သူများအား အလေးအနက်တိုက်တွန်းကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)