နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးမြို့ မဟာဝိဇိတာရုံကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ မန္တလေးတောင်ဆုတောင်းပြည့်မြတ

နေပြည်တော်   ဇန်နဝါရီ   ၂၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်း တွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ  မဟာဝိဇိတာရုံ ကျောင်းတိုက် သာသနဟိတကာရီဓမ္မဗိမာန်သို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။


ဖူးမြော်ကြည်ညို


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော် ဝန်ကြီးချုပ်သည် နိုင်ငံတော်ဩဝါဒါစရိယ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသ အား ဖူးမြော်ကြည်ညို၍ ကျန်းမာရေးအခြေအနေများအား မေးမြန်း လျှောက်ထားပြီး လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တာဝန် ရှိသူများကို မှာကြားသည်။ 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်      


ငါးပါးသီလခံယူဆောက်တည်ကြပြီး   တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ပရိက္ခရာ ရှစ်ပါးစုံ  လှူဖွယ်ပစ္စည်းများ၊ နဝကမ္မ  အလှူငွေကျပ်  သိန်း  ၁၅၀၊   ဆွမ်းဆန်တော်အိတ် ၅၀၊ ပဲ                  ငါးအိတ်၊  ဆီ ၁၀ ပုံး၊ အာလူး ၁၀ အိတ်၊ ကြက်သွန် ၁၀ အိတ်၊ အာဟာရ ဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးပစ္စည်းများကို  ဆက်ကပ်လှူဒါန်း သည်။


ဖူးမြော်ကြည်ညို


ညနေပိုင်းတွင်      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည်  မန္တလေးမြို့ ကျက်သရေဆောင် မန္တလေးတောင်   ဆုတောင်းပြည့်မြတ်စွာဘုရားသို့   သွားရောက် ဖူးမြော်ကြည်ညိုရာ ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက် ကြသည်။  ထို့နောက် မန္တလေးတောင်ဆုတောင်းပြည့် မြတ်စွာဘုရားအား ဖူးမြော်ကြည်ညိုကာ  ပန်း၊  ရေချမ်းများ  ကပ်လှူပူဇော်ပြီး   ဘက်စုံအလှူ ငွေများ ပေးအပ်လှူဒါန်းရာ  ဂေါပကအဖွဲ့ဝင်များက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။  


မှာကြား


ယင်းနောက်  မန္တလေးမြို့ကျက်သရေဆောင်  မန္တလေးတောင် ဆုတောင်းပြည့် မြတ်စွာဘုရားကြီးအား  လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုပြီး သမိုင်းဝင်မန္တလေးတောင်တော်နှင့် ဆုတောင်းပြည့် မြတ်စွာဘုရားကြီး တောင်တက်လမ်း၊ စောင်းတန်းများ၊ ရင်ပြင်တော်နှင့် ဘုရားကြီး၏အမိုးပြာသာဒ်များ    ရေရှည်တည်တံ့ခိုင်မြဲမှုရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်များနှင့် ပတ်သက်၍ တာဝန်ရှိ သူများအား မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်သည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်  လက်မှတ် ရေးထိုးပူဇော်ခဲ့ကြောင်း သိရသည်။      

              
 သတင်းစဉ်