နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားစီးပွားရေးဆိုင်ရာအဖွဲ့အစည်း (JSC “Tyazhpromexport”) ၏ ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ

 

နေပြည်တော်    ဒီဇင်ဘာ    ၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားစီးပွားရေးဆိုင်ရာအဖွဲ့အစည်း (JSC “Tyazhpromexport”) ၏ ညွှန်ကြားရေး မှူးချုပ် Mr. Sergey Egorov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။ 

 


ထိုသို့တွေ့ဆုံစဉ်  မြန်မာနိုင်ငံ၏ သံနှင့်သံမဏိ ထုတ်လုပ်ရေးလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ရုရှားနိုင်ငံအနေဖြင့် နည်းပညာပိုင်းဆိုင်ရာ များ   ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်   ကိစ္စရပ် များကို   ရင်းနှီးပွင့်လင်းစွာဖြင့်   အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 


တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ       စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး       ဒေါက်တာချာလီသန်းနှင့် တာဝန်ရှိသူများ     တက်ရောက်ကြပြီး      ရုရှား ဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားစီးပွားရေးဆိုင်ရာ အဖွဲ့ အစည်း (JSC“Tyazhpromexport”) ၏ ညွှန်ကြား ရေးမှူးချုပ် Mr. Sergey Egorov နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ   ရုရှားနိုင်ငံ  သံအမတ်ကြီး  H.E. Mr. Nikolay   LISTOPADOV   နှင့်     ကိုယ်စားလှယ် အဖွဲ့ဝင်များ   တက်ရောက်ခဲ့ကြကြောင်း  သတင်း ရရှိသည်။

သတင်းစဉ်