
နေပြည်တော် ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံ သည့် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်း တွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မဟာသရေစည်သူ မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ညနေ ၆ နာရီတွင် ဂုဏ်ပြုညစာစားပွဲ အခမ်း အနားကျင်းပမည့် မြို့တော်ခန်းမ ဥပစာ ရင်ပြင်သို့ ရောက်ရှိကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး သရေစည်သူ စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးကိုကိုနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်နှင့် တိုင်းရင်းသားယဉ်ကျေး မှုအဖွဲ့တို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး သရေစည်သူ စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ် တို့သည် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဦးဆောင်အဖွဲ့ဝင်များ၊ NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့မှ ကိုယ်စားလှယ်များနှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၄)ဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များအား ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ဂုဏ်ပြုညစာစားပွဲအခမ်းအနား သို့ တက်ရောက်လာကြသူများနှင့်အတူ သတ်မှတ်နေရာအသီးသီး၌ နေရာယူကြ ပြီး စိန်ရတုပြည်ထောင်စုနေ့၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ကိုယ်စားပြု အလံ၊ မြေပုံနှင့် အမည်စာလုံးဖော် Drone သရုပ်ပြလွှတ်တင်ခြင်း အစီအစဉ်ကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုယာဉ်များ ဆုချီးမြှင့်ခြင်းအစီအစဉ် ကို ဆက်လက်ကျင်းပရာ ဂုဏ်ပြုယာဉ် အထူးဆုရရှိကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ စောဒန်နီယယ်၊ ဦးမောင်းဟာ၊ Jean Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ မန်းငြိမ်းမောင်နှင့် ဦးခင်မောင်ဆွေ တို့က ဂုဏ်ပြုဆုနှင့် ဆုငွေများကို ပေးအပ်ချီးမြှင့် ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လက်ခံ ရယူကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင် ဦးခင်မောင်ဆွေက ဂုဏ်ပြုယာဉ် တတိယဆုရရှိသည့် ဧရာဝတီ တိုင်းဒေသကြီးအတွက် ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုဆုငွေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ထံလည်း ကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက ဂုဏ်ပြုယာဉ် ဒုတိယ ဆုရရှိသည့် ရှမ်းပြည်နယ်အတွက် ဂုဏ်ပြု ဆုနှင့် ဂုဏ်ပြုဆုငွေများကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း ထံ လည်းကောင်း ပေးအပ်ချီးမြှင့်ကြ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဂုဏ်ပြုယာဉ်ပထမဆု ရရှိသည့် မကွေးတိုင်းဒေသကြီးအတွက် ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုဆုငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ထံလည်းကောင်း ပေးအပ်ချီးမြှင့်သည်။ ဆုချီးမြှင့်ပွဲအပြီးတွင် ၂၀၂၂ ခုနှစ် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မီးရှူးမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် လာကြသူများနှင့်အတူ ညစာကို အတူ တကွ သုံးဆောင်ကြသည်။
ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေ စဉ်အတွင်း မြန်မာ့အသံခေတ်ပေါ်တေး ဂီတအဖွဲ့မှ တေးသံရှင်များက တေးသံသာ များဖြင့် သီဆိုတီးမှုတ် ဖျော်ဖြေတင်ဆက် ကြသည်။
ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ညစာစားပွဲသို့ တတ်ရောက်လာကြသည့် ဧည့်သည်တော် များနှင့်အတူ မြို့တော်ခန်းမ လေဟာပြင် ဇာတ်ရုံ၌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အနုပညာရှင်များ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ ယဉ်ကျေးမှု အကဖွဲ့များ၏ တိုင်းရင်းသားရိုးရာအက ပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်မှုများ ကို ကြည့်ရှုအားပေးကြသည်။
ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ကပြဖျော်ဖြေခဲ့ကြ သည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များကို ဂုဏ်ပြုပန်းခြင်း ပေးအပ် ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော်မှ အငြိမ်းစား ဗိုလ်ချုပ်ကြီးများနှင့် ဒုတိယဗိုလ်ချုပ်ကြီး များ၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီး များနှင့် ၎င်းတို့၏ဇနီးများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူး ဝန်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော် ဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယ မြို့တော်ဝန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ များ နှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်