နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ် Mr. Hiromichi Watanabe ဦးဆောင်သည့်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဩဂုတ်   ၁၁


နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ဂျပန်နိုင်ငံ      လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ အောက်လွှတ် တော်အမတ် Mr. Hiromichi Watanabe ဦးဆောင်သည့်အဖွဲ့ ကို      ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


ထိုသို့တွေ့ဆုံစဉ် ကမ္ဘာ့အကြီး ဆုံး ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် ဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်ကြီးတည်ရှိရာ     မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း ဂျပန်- မြန်မာ    နှစ်နိုင်ငံချစ်ကြည်ရေး အတွက် ရည်ရွယ်၍ ချယ်ရီပင်များ ကို ဂျပန်နိုင်ငံမှ စိုက်ပျိုးလှူဒါန်း သွားမည့်  အခြေအနေ၊   မြန်မာ နိုင်ငံ၏      နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေ၊  နှစ်နိုင်ငံ ချစ်ကြည်မှုနှင့်   ပူးပေါင်းဆောင် ရွက်မှုများ မြှင့်တင်ဆောင်ရွက် ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံ မှုများတွင်   ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး၊   မြန်မာနိုင်ငံ၏ နိုင်ငံရေး      အခြေအနေများနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများတွင် သတင်းမှားများ ဖြစ်ပေါ်နေမှုနှင့် အဖြစ်မှန်များကို    ဂျပန်နိုင်ငံရှိ ပြည်သူများ  သိရှိရန်လိုအပ်မှုများ နှင့်စပ်လျဉ်း၍    ရင်းနှီးပွင့်လင်းစွာ  အမြင်ချင်းဖလှယ်    ဆွေးနွေးကြ သည်။

 


အဆိုပါတွေ့ဆုံပွဲသို့    နိုင်ငံ တော်    စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ    ကောင်စီတွဲဖက်အတွင်း ရေးမှူး      ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊    ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးဝဏ္ဏမောင် လွင်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင် နှင့် တာဝန်ရှိသူများ    တက်ရောက် ကြပြီး    ဂျပန်နိုင်ငံ   လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ အောက်လွှတ် တော်   အမတ်နှင့်အတူ   ဂျပန်- မြန်မာ    ယဉ်ကျေးမှုမြှင့်တင်ရေး အသင်းဥက္ကဋ္ဌ Mr. Fumio Usui  နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

 


တွေ့ဆုံပွဲအပြီးတွင်   နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဂျပန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက် တစ်ပါတီ     အောက်လွှတ်တော် အမတ်တို့သည်   အမှတ်တရ ပစ္စည်းများ အပြန်အလှန် ပေးအပ် ပြီး       စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်