
ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေး
နေပြည်တော် ဩဂုတ် ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Sergey Lavrov ကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံဆက်ဆံရေးသည် ၂၀၂၃ ခုနှစ်တွင် ၇၅ နှစ် ပြည့်မြောက် တော့မည်ဖြစ်၍ စိန်ရတုအခမ်း အနားများ ကျင်းပပြုလုပ်နိုင်ရေး၊ ရုရှား-မြန်မာ နှစ်နိုင်ငံသည် မိတ်ဆွေရင်း ညီအစ်ကိုနိုင်ငံများဖြစ်သည့်အတွက် သံတမန် ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက် နိုင်ရေးအတွက် ရုရှားနိုင်ငံ၌ မြန်မာကောင်စစ်ဝန်ရုံး နှစ်ခု ထပ်မံဖွင့်လှစ်သွားမည့် အခြေ အနေနှင့် မြန်မာနိုင်ငံတွင်လည်း ရုရှားကောင်စစ်ဝန်ရုံးများ ဖွင့်လှစ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား မည့် အခြေအနေ၊ အမြဲတမ်း မိတ်ဆွေနိုင်ငံ အမြဲတမ်းမဟာ မိတ်နိုင်ငံများအဖြစ် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အချုပ်အခြာ အာဏာပိုင်နိုင်ငံများ ဖြစ်သည့်အတွက် မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကို ပြည်ပစွက်ဖက် မှုများမပါဘဲ မိမိတို့အစိုးရများက စီမံဆောင်ရွက်နိုင်သည့် အခြေ အနေ၊ ရုရှား-မြန်မာ ချစ်ကြည် ရေး အသင်းများ တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်သွားမည့် အခြေအနေ၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော် အရာရှိကြီးများ ချစ်ကြည်ရေးခရီး အပြန်အလှန် လည်ပတ်ရေး၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေး၊ ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ခရီး သွားလုပ်ငန်းများ တိုးမြှင့်ရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အရပ် ဘက်၊ စစ်ဘက် ပညာတော်သင် များ ထပ်မံစေလွှတ်ရေးနှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အပြန်အလှန် စေလွှတ် သွားမည့် အခြေအနေ၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ နိုင်ငံတကာနှင့် ဒေသတွင်း ဆက်ဆံရေး အခြေ အနေများ။
ရင်းရင်းနှီးနှီး ဆွေးနွေး
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ မစတင်မီကတည်း က အာဏာရပါတီအနေဖြင့် အသာစီးရရှိစေရေး နည်းပညာ ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေး ပိုင်းဆိုင်ရာတို့တွင် ကြိုတင် အခြေအနေ ဖန်တီးခဲ့သည့် ကိစ္စ ရပ်များ၊ ရွေးကောက်ပွဲအပြီး မဲမသမာမှုများစွာ ဖြစ်ပေါ်ခဲ့မှု ကြောင့် တပ်မတော်မှ ဖြေရှင်း ပေးရန် တောင်းဆိုခဲ့သော်လည်း ဖြေရှင်းပေးမှုမရှိသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံ တော် တာဝန်ကို ထမ်းဆောင်ခဲ့ရမှု အခြေအနေ၊ ရွေးကောက်ပွဲ မဲမသမာမှုနှင့်ပတ်သက်၍ ဥပဒေ အရ ဖြေရှင်းရန်ဆောင်ရွက်ပေးခဲ့ သော်လည်း အကြမ်းဖက်လုပ်ရပ် များ ဆောင်ရွက်ခဲ့သည့် အခြေ အနေ၊ အကြမ်းဖက်လုပ်ရပ်မှ တစ်ဆင့် မိုင်းထောင်ဖောက်ခွဲ၊ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ် လာသူများအား တရားဥပဒေအရ ပြစ်ဒဏ်ချမှတ်ခဲ့မှုများ၊ မြန်မာ နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲ မှု အခြေအနေ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိအောင် ဆောင် ရွက်နေမှုအခြေအနေ၊ နိုင်ငံတော် တွင် နိုင်ငံရေးအရ တည်ငြိမ် အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ် အေးချမ်းမှုများ ရရှိချိန်တွင် ရှေ့လုပ်ငန်းစဉ်နှင့်အညီ ရွေး ကောက်ပွဲပြန်လည် ကျင်းပ ဆောင်ရွက်ပေးသွားမည့် အခြေ အနေ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည် ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။
တက်ရောက်
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး ထွဋ်နှင့် တာဝန်ရှိသူများ တက် ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး H.E. Mr. Igor Morgulov ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Dr. Nikolay Listopadov နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
အပြန်အလှန် ပေးအပ်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့ သည် အမှတ်တရ ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ တို့၏ သံတမန်ဆက်ဆံရေးသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် တွင် ၇၅ နှစ်ပြည့်မြောက်တော့ မည်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အစိုးရလက်ထက် တွင် နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား စီးပွားရေးဆိုင်ရာ ကုန်သွယ်မှုကိစ္စရပ်များ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များ၊ ကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များ နှင့် အခြားနှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ပိုမိုမြှင့်တင် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်းနှင့် ယခုနိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံသည့် ရုရှား နိုင်ငံခြားရေးဝန်ကြီးသည် ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်ခဲ့ပြီး တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်