နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Novosibirsk မြို့သို့ရောက်ရှိ၊ Novosibirsk State University နှင့် Higher Military Command School တို့သို့ သွားရောက်လေ့လာ

 

နေပြည်တော်     ဇူလိုင်    ၁၆


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌          ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ  မြန်မာနိုင်ငံ သံအမတ်ကြီး  ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့ ပူကောဗာ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် Novosibirsk မြို့သို့ လေကြောင်း ခရီးဖြင့် ထွက်ခွာရာ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့မှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြသည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Novosibirsk   မြို့    Tolmachevo   လေဆိပ်သို့ ရောက်ရှိကြရာ   တာဝန်ရှိသူများက   ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများနှင့်အညီ ခင်မင်ရင်းနှီးလှိုက်လှဲ စွာ ကြိုဆိုနှုတ်ဆက်ကြသည်။ 

 


ကြိုဆိုနှုတ်ဆက်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ကိုယ်စားလှယ် အဖွဲ့ဝင်များသည် Novosibirsk State University သို့      ရောက်ရှိကြရာ    တက္ကသိုလ်မှ  ပါမောက္ခချုပ် Dr. Mikhail Petrovich Fedoruk နှင့် တာဝန်ရှိသူများ က    ကြိုဆိုနှုတ်ဆက်ကြပြီး   သိပ္ပံနှင့်နည်းပညာ ဘာသာရပ်အလိုက် သုတေသနတွေ့ရှိချက်ဆိုင်ရာ ပြခန်းများ၊ ဓာတုဗေဒ၊ ရူပဗေဒ၊  အသုံးချသင်္ချာနှင့် သတင်းအချက်အလက်    နည်းပညာဘာသာရပ်၊ ဇီဝဗေဒ၊ ဘူမိဗေဒဆိုင်ရာ ဖော်ထုတ်တွေ့ရှိချက်များ၊ ခေတ်မီနည်းပညာဖြင့် နောင်တစ်ချိန် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်လာနိုင်မည့်   အခြေအနေများကို   ကြိုတင် တွက်ချက်ထားရှိမှု ဖော်ထုတ်ချက်များ၊ ဓာတ်ခွဲခန်း သုတေသနခန်းနှင့်    စာသင်ခန်းများကို   လှည့်လည် ရှင်းလင်းပြသကြသည်။ ရှင်းလင်းပြသမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးသည်။

 


ရှင်းလင်းဆွေးနွေး


ဆက်လက်၍  တက္ကသိုလ်အစည်းအဝေးခန်းမ တွင်   Novosibirsk State University ၏   စာပေ သင်ကြားပို့ချပေးနေမှုဆိုင်ရာ Video File ကို ဖွင့်လှစ် ပြသပြီး ပါမောက္ခချုပ်က  တက္ကသိုလ်ဆိုင်ရာ အချက် အလက်များ၊ နိုင်ငံခြားသင်တန်းသားများကို လက်ခံ သင်ကြားပေးနေမှု၊   အဆင့်မြင့်ဘွဲ့လွန်ပညာသင်တန်း များ၏     သင်ရိုးညွှန်းတမ်းအလိုက်     သင်ကြား ဆောင်ရွက်မှုအစီအစဉ်၊ ကျောင်းသား ကျောင်းသူများ နေထိုင်ရေးအတွက်   အဆောင်နှင့်   အားကစားရုံ များ   ထည့်သွင်းတည်ဆောက်ထားရှိမှု၊   မြန်မာနိုင်ငံ မှ     ကျောင်းသား  ကျောင်းသူများ   လာရောက် တက်ရောက်မည်ဆိုပါကလည်း  အသင့်ကြိုဆိုမည် ဖြစ်သည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားသည်။ 

 


ရှင်းလင်းဆွေးနွေးမှုများအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများအား စိစစ်ရွေးချယ်မှု အတွက် အရည်အချင်းသတ်မှတ်ချက်များ၊ မြန်မာ နိုင်ငံမှ   စစ်ဘက်၊  အရပ်ဘက်  သင်တန်းသားများ စေလွှတ်တက်ရောက် ပညာသင်ကြားနိုင်မည့် အခြေ အနေများနှင့်    ပတ်သက်၍    သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေး ပြောကြားသည်။

 


ကြည့်ရှုလေ့လာ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Novosibirsk State University      ပါမောက္ခတို့သည်   အမှတ်တရ လက်ဆောင်ပစ္စည်းများ  အပြန်အလှန်ပေးအပ်ပြီး တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြ ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ 

 


အဆိုပါ Novosibirsk State University သည် ၁၉၅၈ ခုနှစ်တွင်  စတင်ဖွင့်လှစ်ခဲ့သည့်  ပုဂ္ဂလိကပိုင် သုတေသနတက္ကသိုလ်တစ်ခုဖြစ်ပြီး   ၂၀၂၂   ခုနှစ် တွင် QS World University ၌ အဆင့် ၂၄၆ ရရှိခဲ့ ကြောင်း၊ တက္ကသိုလ်တွင် လူမှုပညာရပ်ဆိုင်ရာဌာနခွဲ၊ ဆေးပညာနှင့် စိတ်ပညာဌာနခွဲ၊ ဒဿနိကဗေဒနှင့် ဥပဒေဌာနခွဲ၊  သင်္ချာနှင့်  စက်မှုသိပ္ပံဌာနခွဲ၊ ရူပဗေဒ ဌာနခွဲ၊ ဘူမိဗေဒနှင့် ဘူမိရူပဗေဒဌာနခွဲ၊ သဘာဝသိပ္ပံ ဌာနခွဲ၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲ၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှုဌာနခွဲနှင့် လေ့ကျင့်ရေးဌာနခွဲ တို့အပြင်  အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဂျပန်နှင့် တရုတ်ဘာသာစကားတို့ကို ဒုတိယဘာသာ စကားအဖြစ် သင်ကြားပို့ချပေးလျက်ရှိသည့်ဘာသာ စကား သင်တန်းများလည်းရှိကြောင်း သိရှိရသည်။

 


ဂုဏ်ပြုပန်းခြင်းဖြင့် အလေးပြု


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Higher Military Command School သို့သွားရောက် လေ့လာကြည့်ရှုကြရာ     ကျောင်းအုပ်ကြီး    Major General   Markochin   Segeri   Gregorivich   နှင့် တာဝန်ရှိသူများက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက် ကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် နိုင်ငံတော်အတွက် အသက်စွန့်လွှတ်တာဝန် ထမ်းဆောင်ခဲ့ကြသည့် သူရဲကောင်းဆုတံဆိပ် ရရှိ သူများကို  ဂုဏ်ပြုထားသည့်  သူရဲကောင်းရုပ်တု များအား   ဂုဏ်ပြုပန်းခြင်းဖြင့်  အလေးပြုကြသည်။

 


ရှင်းလင်းပြသ 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင်များ သည် ကျောင်းအတွင်းရှိ လက်နက်ငယ်ပစ်ခတ်မှု Simulator ခန်းမ၌ သင်တန်းသားများ ပစ်ခတ်စဉ် လေ့ကျင့်နေမှုများနှင့် ရုရှားတပ်မတော်မှ ထုတ်လုပ် ထားသည့် လက်နက်များနှင့် လက်နက်ချိန်ဆိုဒ်များ ကို ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။ 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား   ရုရှားတပ်မတော် တွင်  နှစ်ပေါင်း ၈၀ ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ရုရှားတပ်မတော်ထုတ် သမိုင်းဝင် လက်နက်ချိန်ဆိုဒ် ကို    အမှတ်တရလက်ဆောင်အဖြစ်     ပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က      အမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်သည်။

 


ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်


ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ကိုယ်စားလှယ် အဖွဲ့ဝင်များသည်  Novosibirsk မြို့ အစိုးရအဖွဲ့ အကြီးအကဲက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။    ညစာသုံးဆောင် နေစဉ်အတွင်း      အနုပညာရှင်အဖွဲ့က     ရိုးရာ တေးသီချင်း၊    အကအလှများဖြင့်   သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်းနှင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က  ဂုဏ်ပြု ချီးမြှင့်ငွေများ    ပေးအပ်ခဲ့ကြောင်း   သတင်းရရှိ သည်။                
                               

သတင်းစဉ်