နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Novosibirsk အစိုးရအဖွဲ့အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

 

နေပြည်တော်    ဇူလိုင်    ၁၆


ရုရှားဖက်ဒရေးရှင်းနိုင်ငံ   Novosibirsk  မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်      ယနေ့    နံနက်ပိုင်းတွင် Novosibirsk အစိုးရအဖွဲ့ အကြီးအကဲ Mr. Andrey Alexandrovich Travnikov   နှင့်   အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးသည်။

 


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင် မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် စစ်ဘက်၊ နယ်ဘက်အရာရှိကြီး များ၊   ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ   မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊    စစ်သံမှူး  ဗိုလ်မှူးချုပ် မိုးကျော်တို့ တက်ရောက်ကြပြီး Novosibirsk အစိုးရ အဖွဲ့    အကြီးအကဲနှင့်အတူ    Higher   Military Command   School     ကျောင်းအုပ်ကြီး၊     သိပ္ပံနှင့် နည်းပညာ၊    ပညာရေး၊    လူမှုရေး၊    ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့်     အခြားနယ်ပယ်အသီးသီးမှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အမြင်ချင်းဖလှယ်ဆွေးနွေး


ထိုသို့  တွေ့ဆုံဆွေးနွေးရာတွင်  Novosibirsk ဒေသ၏    ပထဝီဆိုင်ရာ     အချက်အလက်များအရ စီးပွားရေးဆိုင်ရာ      ပူးပေါင်းဆောင်ရွက်မှုများကို အောင်မြင်စွာ      ဆောင်ရွက်နိုင်မည့်အခြေအနေ၊ နှစ်နိုင်ငံ  ပို့ကုန်၊ သွင်းကုန်များ  အပြန်အလှန်တင်ပို့ ဆောင်ရွက်နိုင်မည့်အခြေအနေ၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ချိတ်ဆက်ဆောင်ရွက် နိုင်မည့်အခြေအနေ၊ Novosibirsk နှင့် မြန်မာနိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲပျံသန်းနိုင်မည့် အခြေအနေ၊ Novosibirsk ဒေသတွင် နယ်ပယ်ကဏ္ဍ အသီးသီးမှ အဆင့်မြင့် တက္ကသိုလ်ပေါင်း ၂၂ ခု ရှိပြီး နိုင်ငံခြားသား    သင်တန်းသားများကိုပါ    လက်ခံ သင်ကြားပေးလျက်ရှိသည့်အတွက်        ပညာရေး နယ်ပယ်တွင်  မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေ၊  ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပမည့်   သိပ္ပံနှင့် နည်းပညာဆိုင်ရာ  ဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးနိုင်ရေးနှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍအတွက် လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည့်အခြေအနေ၊   ယဉ်ကျေးမှု နယ်ပယ်တွင်လည်း အပြန်အလှန်ဖလှယ် ဆောင်ရွက် နိုင်မည့်အခြေအနေ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို   စစ်ဘက်၊ နယ်ဘက် ကဏ္ဍပေါင်းစုံ၌        တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်    ပတ်သက်၍    ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

 


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ            နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Novosibirsk     အစိုးရအဖွဲ့     အကြီးအကဲတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ     အပြန်အလှန် ပေးအပ်ကြသည်။

 


ပြဇာတ်ရုံများလေ့လာ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါ လာသည့် ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် လည်း Novosibirsk မြို့ Marriott Hotel အနီးရှိ ကမ္ဘာ့အကြီးဆုံး     ပြဇာတ်ရုံများအနက်    တစ်ခုဖြစ် သည့်   ရှေးဟောင်းသမိုင်းဝင်  Novosibirsk State Academic Opera and Ballet Theatre သို့ ရောက်ရှိ လေ့လာကြရာ ပြဇာတ်ရုံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြဇာတ်ရုံဆိုင်ရာ   အချက်အလက်များကို  လိုက်လံ ရှင်းလင်းပြသကြသည်။

 


ပို့ဆောင်နှုတ်ဆက်


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်   ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ဒေသစံတော်ချိန်      မွန်းလွဲပိုင်းတွင်     ရုရှား ဖက်ဒရေးရှင်းနိုင်ငံ Novosibirskမြို့ Tolmachevo လေဆိပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့  အပြည်ပြည်ဆိုင်ရာ  မြန်မာလေကြောင်း(MAI)မှ     အထူးလေယာဉ်ဖြင့်     ပြန်လည်ထွက်ခွာရာ Novosibirsk အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ Higher Military  Command  School   ကျောင်းအုပ်ကြီး၊ တပ်မ  ၄၁    ယာယီတပ်မမှူးနှင့်   တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ       မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊    စစ်သံမှူး  ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင်လိုက်လံ ပို့ဆောင်နှုတ်ဆက်ကြသည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ    ကိုယ်စားလှယ် အဖွဲ့ဝင်များအဖြစ်     လိုက်ပါသွားကြသည့်   ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဝင် မန်းငြိမ်းမောင်၊ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊    ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်   ဇနီးများ၊  သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန    ဒုတိယဝန်ကြီး   ဦးအောင်မြိုင်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာ့တပ်မတော်မှ ထူးချွန်ဆုရ   အရာရှိများ၊   စစ်ဘက်၊   နယ်ဘက်မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာခဲ့ကြသည်။

 


ခရီးစဉ်အတွင်း       ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာလုဂါပြည်နယ်   အတနာမီ  ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်အတွင်းရှိ     ရွှေစည်းခုံစေတီတော်ကြီး ရတနာစိန်ဖူးတော်၊   ငှက်မြတ်နားတော်    တင်လှူ ပူဇော်ခြင်းနှင့်     ဗုဒ္ဓါဘိသေကာ    အနေကဇာတင် မင်္ဂလာအခမ်းအနားပြုလုပ်ခြင်း၊   စစ်ဘက်၊  အရပ် ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာ များ၊     တက္ကသိုလ်များနှင့်   စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခဲ့ကြပြီး   နှစ်နိုင်ငံ   အစိုးရနှင့် တပ်မတော်    နှစ်ရပ်အကြား    ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ စစ်ဘက် နည်းပညာဆိုင်ရာကဏ္ဍ၊  သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ သုတေသနလုပ်ငန်းကဏ္ဍ၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊   စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍနှင့် အခြားကဏ္ဍ ပေါင်းစုံတို့တွင်     ပူးပေါင်းဆောင်ရွက်မှုများ   ပိုမို တိုးတက်ခိုင်မာအောင်   ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည်။

 


 ပြန်လည်ရောက်ရှိ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်    ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစံတော်ချိန် ညပိုင်း တွင် နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည် ရောက်ရှိကြရာ    ကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ သံရုံးဒုတိယအကြီးအကဲ Mr. Pavel A.KLABUKOV နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်