နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan ရှိ Kazan Federal University သို့ သွားရောက်လေ့လာ

 

နေပြည်တော်     ဇူလိုင်    ၁၃


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌         ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ   နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် Republic of the Tatarstan ကာဇန်မြို့ရှိ   Kazan  Federal  University   သို့ သွားရောက်လေ့လာသည်။

 


မေးမြန်းဆွေးနွေး 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ကိုယ်စားလှယ်  အဖွဲ့ဝင် များသည်  Kazan  Federal  University  (Kazan  State University) သို့  ရောက်ရှိကြရာ တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် Mr.Timirkhan Alishev နှင့်  တာဝန်ရှိသူများက             ကြိုဆိုနှုတ်ဆက်ကြပြီး တက္ကသိုလ်အတွင်း   လှည့်လည်၍  Meeting Hall များ၊    စာသင်ခန်းမများ၊    ဘွဲ့နှင်းသဘင်ခန်းမနှင့် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပါမောက္ခ များ၊    ထူးချွန်သူများ၏     မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားရှိမှုတို့ကို      ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က  သိရှိလိုသည်များ  ပြန်လည်မေးမြန်း ဆွေးနွေး ပြောကြားသည်။

 


ရှင်းလင်းတင်ပြ


ယင်းနောက်    ကျောင်းခန်းမတွင်      ဒုတိယ ပါမောက္ခချုပ်က  တက္ကသိုလ်သမိုင်းအကျဉ်း၊ ဌာန အလိုက် ဖွဲ့စည်းထားရှိမှုများ၊ တက္ကသိုလ်မှ သင်ကြား ပေးနိုင်သည့် ဘာသာရပ်များ၊ ကျောင်းသား ကျောင်းသူ များအတွက် နေထိုင်စားသောက်မှု အဆင်ပြေစေရေး စီစဉ်ဆောင်ရွက်ပေးထားရှိမှု၊ နိုင်ငံခြားမှ ပညာတော် သင် ကျောင်းသား ကျောင်းသူများ လက်ခံထားရှိမှု အခြေအနေများကို   ရှင်းလင်းတင်ပြရာ  ရှင်းလင်း တင်ပြမှုများအပေါ်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ    နိုင်ငံ တော်ဝန်ကြီးချုပ်က သိရှိလိုသည်များအား  ပြန်လည် မေးမြန်းဆွေးနွေး ပြောကြားသည်။

 


လက်ဆောင်ပေးအပ်


ထို့နောက် တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်တို့သည်     အမှတ်တရ   လက်ဆောင် ပစ္စည်းများ    အပြန်အလှန်ပေးအပ်ခဲ့သည်။   ယင်း နောက်   Kazan  Federal  University  အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

 


အထူးပြုသင်ကြားလျက်ရှိ


အဆိုပါ   Kazan  Federal   University   ကို Imperial  Kazan  တက္ကသိုလ်အဖြစ် ၁၈၀၄ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပြီး ထင်ရှားကျော်ကြား သည့်  နက္ခတ္တဗေဒပညာရှင်  Nikolai Ivanovich Lobachevsky  က  ၁၈၃၇  မှ  ၁၈၇၆  ခုနှစ်အထိ ပါမောက္ခချုပ်            တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ အော်ဂဲနစ်ဓာတုဗေဒပညာရပ်နှင့်  Electron  Spin Resonance   အား   ရှာဖွေတွေ့ရှိရာ    နေရာအဖြစ် ထင်ရှားကျော်ကြားခဲ့‌ကြောင်း၊ Kazan တက္ကသိုလ် သည် ၂၀၁၁ ခုနှစ်တွင် Federal အဆင့်သို့ ချီးမြှင့်ခံခဲ့ ရပြီး ရုရှားနိုင်ငံအစိုးရမှ ကျင်းပပြုလုပ်သည့် Project  5-100 ၌ ပါဝင်ခဲ့သည့် တက္ကသိုလ် ၁၈ ခုအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊     ဇီဝဆေးပညာနှင့် ဆေးဝါးပညာရပ်၊   ရေနံသန့်စင်မှုနှင့်   ထုတ်လုပ်မှု ပညာရပ်၊ ဆက်သွယ်ရေးနှင့် အာကာသနည်းပညာ ဆိုင်ရာ   ပညာရပ်နှင့်   လူမှုရေးသိပ္ပံပညာရပ်တို့ကို အထူးပြုသင်ကြားလျက်ရှိကြောင်း သိရှိရပြီး ၂၀၂၀ ပြည့်နှစ်အရ  နိုင်ငံခြားကျောင်းသား  အရေအတွက် ၁၀၀၀၀ ကျော်ရှိခဲ့ကြောင်း သိရှိရသည်။

 


လေ့လာကြည့်ရှု


အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ၊ ထူးချွန်ဆုရ အမျိုးသား၊ အမျိုးသမီး အရာရှိများသည် လည်း ကာဇန်မြို့ရှိ  အထင်ကရနေရာများသို့ သွား ရောက်   လေ့လာကြည့်ရှုကြရာ  သက်ဆိုင်ရာနေရာ များအလိုက် တာဝန်ရှိသူများ၊ သံရုံး၊ စစ်သံရုံးများမှ တာဝန်ရှိသူများက      လိုက်လံရှင်းလင်းပြသခဲ့ကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်