နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan သို့ ရောက်ရှိ၊ သမ္မတနှင့် တွေ့ဆုံဆွေးနွေး

 

စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေး

 

နေပြည်တော်   ဇူလိုင်   ၁၃


ရုရှားဖက်ဒရေးရှင်း   နိုင်ငံ၌    ရောက်ရှိနေသည့်      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့်    ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင်   Republic  of    the   Tatarstan  ကာဇန်မြို့     ကာဇန်လေဆိပ်သို့ ရောက်ရှိကြရာ Republic of the Tatarstan သမ္မတ  Mr. Rustam Nurgaliyevich  Minnikhanov နှင့်  တာဝန်ရှိသူတို့က ရိုးရာဓလေ့ထုံးတမ်းစဉ်လာများနှင့်   အညီ     ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက် ကြသည်။ 

 


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည်   Republic  of the Tatarstan သမ္မတအိမ်တော်သို့   ရောက်ရှိကြရာ  Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov က  ကရင်မလင်ရှိ  သမ္မတရုံးတွင် ကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် သမ္မတရုံးခန်း၌ သီးသန့်တွေ့ဆုံဆွေးနွေးပြီး   အမှတ်တရလက်ဆောင် များ  အပြန်အလှန် ပေးအပ်ကြသည်။

 


အပြန်အလှန်မိတ်ဆက်


ယင်းနောက်         နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Republic of   the  Tatarstan  သမ္မတတို့သည် သမ္မတရုံးရှိ ဧည့်ခန်းမဆောင်၌       တက်ရောက်လာကြသည့် ‌ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်      အပြန်အလှန် မိတ်ဆက်ပေးပြီး   ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အတူ တွေ့ဆုံဆွေးနွေးကြသည်။ 

 


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် စစ်ဘက် နယ်ဘက် အရာရှိကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး Republic   of  the  Tatarstan သမ္မတနှင့်အတူ  ဝန်ကြီးများနှင့်    စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အမြင်ချင်းဖလှယ်ဆွေးနွေး


တွေ့ဆုံဆွေးနွေးရာတွင် ရုရှား-မြန်မာ သံတမန် ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ရေး ဆိုင်ရာများ၊ Republic of the Tatarstan သမ္မတ အနေဖြင့်   မြန်မာနိုင်ငံသို့  ယခုနှစ်  ဧပြီလတွင် ရောက်ရှိခဲ့ပြီး စီးပွားရေးဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး   ဆွေးနွေးဆောင်ရွက်ခဲ့သည့် အခြေအနေ၊   နှစ်ဦးနှစ်ဖက် ဆက်ဆံမှုတိုးမြင့်ရေး အတွက် ကူးသန်းရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာတို့တွင်    မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ် ခြင်း၊   စက်ရုံ၊   အလုပ်ရုံများ   တည်ဆောက်ခြင်း၊ စက်ပစ္စည်းများ     တပ်ဆင်ထိန်းသိမ်းခြင်းတို့ကို ပူးပေါင်းဆောင်ရွက်နိုင်မည့်    အခြေအနေ၊  စက်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး  စသည့်ကဏ္ဍအသီးသီးတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 


ထို့နောက်   kazan   မြို့ရှိ  စီးပွားရေးဆိုင်ရာ လုပ်ငန်းများအလိုက် တာဝန်ရှိသူများက လုပ်ငန်း တစ်ခုချင်းစီအလိုက်       လုပ်ငန်းဆောင်ရွက်နေမှု  အခြေအနေ၊   နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ  ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Republic of the Tatarstan သမ္မတတို့က လုပ်ငန်းတစ်ခုချင်းစီ အလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ များအား   အလေးအနက်ထား  ဖြည့်စွက်ဆွေးနွေး ပြောကြားကြသည်။

 


ဂုဏ်ပြုညစာ တည်ခင်းဧည့်ခံ


တွေ့ဆုံဆွေးနွေးပွဲအပြီးတွင်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဦးဆောင်သည့်    ကိုယ်စားလှယ်အဖွဲ့ဝင်များအား Republic of the Tatarstan သမ္မတ က ဂုဏ်ပြုညစာ ဖြင့် တည်ခင်းဧည့်ခံသည်။

 


နှုတ်ခွန်းဆက်စကားများ ပြောကြား


ဦးစွာ Republic of the Tatarstan သမ္မတနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်တို့သည်     နှုတ်ခွန်းဆက်စကားများ ပြောကြားကြပြီး    အဖွဲ့ဝင်များနှင့်အတူ  ညစာကို အတူတကွ သုံးဆောင်ကြသည်။

 


ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်


ညစာသုံးဆောင်နေစဉ်အတွင်း    Republic  of the Tatarstan မှ   ရိုးရာတေးဂီတအဖွဲ့က  ရိုးရာ တေးသီချင်းများ၊   ယဉ်ကျေးမှုအကအလှများဖြင့် တီးမှုတ်ဖျော်ဖြေတင်ဆက်ကြရာ     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Republic  of  the  Tatarstan  သမ္မတ  အထူး ဧည့်ဂေဟာသို့   ရောက်ရှိကာ  ညအိပ်ရပ်နားခဲ့ကြ ကြောင်း သတင်းရရှိသည်။              
     

သတင်းစဉ်