နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ  မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

 

 

နေပြည်တော်   ဇွန်   ၇
နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ထံ    မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ   သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီ ပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. J. M. Janaka Priyantha Bandara သည်   ယနေ့  နံနက် ၁၀  နာရီတွင်    နေပြည်တော်ရှိ    နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌   ၎င်း၏   သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
ထို့နောက်  နှစ်နိုင်ငံ    သံတမန် ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ဆိုင်ရာ   ကိစ္စရပ်များ၊   ခရီးသွား လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် ရေးဆိုင်ရာ     ကိစ္စရပ်များနှင့် သီရိလင်္ကာနိုင်ငံသို့ မြန်မာနိုင်ငံမှ အကူအညီပေးရေး  ကိစ္စရပ်များ၊    စီးပွားရေးဆိုင်ရာများနှင့် စိုက်ပျိုး ရေးဆိုင်ရာများတွင်   ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ  ကိစ္စရပ် များ၊   နှစ်နိုင်ငံ   နိုင်ငံရေး   ပြုပြင် ပြောင်းလဲမှု  အခြေအနေများကို       ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ် ကြီးတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ   သံအမတ်ခန့်အပ်လွှာ  ပေးအပ်ပွဲသို့  ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးဝဏ္ဏမောင်လွင်နှင့်  သံတမန်ရေးရာဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်    ဦးဝဏ္ဏဟန်တို့    တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်