နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်ကို Green City ၊ Clean City ၊ Smart City ဖြစ်အောင် ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှု
လုပ်ငန်းများကိုလည်း စံပြအဖြစ်ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့နိုင်ငံအတွက် အခွင့်အလမ်းများ များစွာတိုးတက်လာမည်

 

နေပြည်တော်    မေ     ၁၉


နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌   ကျင်းပရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 


အစည်းအဝေးသို့   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ   ဒုတိယဗိုလ်ချုပ်ကြီး  သန်းထွန်းဦးနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်                                တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့  တက်ရောက်ကြသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က     အဖွင့်အမှာစကား ပြောကြားရာတွင်   နေပြည်တော်ကောင်စီနယ်မြေ သည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည့်အတွက် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက် ပြီး Green City ၊ Clean City ၊ Smart City အဖြစ် တိုးတက်အောင်ဆောင်ရွက်၍ အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များ၏  စံပြနယ်မြေတစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊  နေပြည်တော် ကောင်စီနယ်မြေသည်   စတုရန်းမိုင်     ၂၇၂၄   ရှိပြီး စိုက်ပျိုးမြေဧရိယာ   စုစုပေါင်း   ၃၂၀၀၀၀  ကျော် ရှိကြောင်း၊ အလားတူ ရေလှောင်တမံ၊ ဆည်နှင့် ကန် စုစုပေါင်း ၃၂ ခုရှိကြောင်း၊ အရှေ့ရိုးမနှင့် အလယ်ရိုးမ ကြားတွင်ရှိပြီး   ပေါင်းလောင်း(စစ်တောင်းမြစ်)၊ ငလိုက်ချောင်း၊   ဆင်သေချောင်းများ  အပါအဝင် ချောင်း၊ မြောင်းများရှိပြီး မြေဆီမြေနှစ်ကောင်းမွန် ကြောင်း၊ ထို့ကြောင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်၍ရကြောင်း၊ ထို့ကြောင့် လည်း   ယခင်က  နေပြည်တော်တွင်  စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးနှင့် ကုသရေးတက္ကသိုလ်နှင့် သစ်တောတက္ကသိုလ်တို့ကို       ရွှေ့ပြောင်းခဲ့သည်ကို သိရှိရကြောင်း။

 


အောင်မြင်အောင် အကောင်အထည်ဖော် 


နေပြည်တော်နယ်မြေအတွင်း ကျွဲ၊ နွား၊ ဆိတ်၊ ဝက်များနှင့် ကြက်များလည်း မွေးမြူဖြစ်ထွန်းလျက် ရှိသည်ကို   တွေ့ရှိရကြောင်း၊  တပ်ကုန်းမြို့ပတ်ဝန်း ကျင်တွင်လည်း     မွေးမြူရေးဇုန်များ  ဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊   စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေဆီမြေဩဇာ များ   ကောင်းမွန်ပြီးဖြစ်ကြောင်း၊  နေပြည်တော် ကောင်စီနယ်မြေတွင်   စိုက်ပျိုးရေးနှင့်  မွေးမြူရေး ဆိုင်ရာ တက္ကသိုလ်များရှိသကဲ့သို့ ဝန်ကြီးဌာနများ ရုံးစိုက်ရာနယ်မြေလည်းဖြစ်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို စံပြဆောင်ရွက်နိုင်ရန်လိုကြောင်း၊    စိုက်ပျိုးရေး အတွက် အဓိကလိုအပ်ချက်မှာ မြေ၊ ရေ၊ နည်းနှင့် မျိုးတို့ဖြစ်ကြောင်း၊   နွေရာသီတွင်  စိုက်ပျိုးမြေများ ရေလုံလောက်စွာ           ရရှိနိုင်ရေးအတွက်လည်း မြစ်ချောင်းများရှိပြီးဖြစ်သဖြင့် မြစ်ရေတင်လုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း ဖြင့် ရာသီမရွေးသီးနှံများကို သီးထပ်သီးညှပ်များဖြင့် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ မြေဩဇာများရရှိရေး၊ မျိုးကောင်းမျိုးသန့်များရရှိရေးနှင့်    စိုက်ပျိုးရေး နည်းပညာများ ခေတ်မီအောင် ဆောင်ရွက်ပေးခြင်း ဖြင့် သီးနှံစိုက်ပျိုးမှုများ များစွာတိုးတက်ကောင်းမွန် လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုး၍ရသည့် မြေများကို စနစ်တကျဖြင့်ပြုပြင်၍ စိုက်ပျိုးရေးလုပ်ငန်များကိုအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် ရန်လိုကြောင်း။

 


မိမိတို့၏   အမျိုးသားရေးရည်မှန်းချက်သည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုး၍ရသည့် မြေသယံဇာတများ ရှိပြီးဖြစ်ပြီး မွေးမြူရေးလုပ်ငန်း များကိုလည်း  ဆောင်ရွက်၍ရကြောင်း၊  မွေးမြူရေး လုပ်ငန်းများကိုလည်း  စနစ်ကျသည့်   မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက မွေးမြူ ရေးထွက်ကုန်များ   ထုတ်လုပ်နိုင်ပြီး   ဒေသတွင်း လိုအပ်ချက်နှင့် အခြားတိုင်းဒေသကြီးများသို့ပါ တင်ပို့ ရောင်းချနိုင်ကြောင်း၊    ယင်းတို့မှ   ဇီဝမြေဩဇာများ ထုတ်လုပ်နိုင်ပြီး        စိုက်ပျိုးရေးအတွက်လည်း အထောက်အကူပြုကြောင်း၊  ထိုသို့  ဆောင်ရွက်နိုင် မည်ဆိုပါက ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက် လာမည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်လမ်းများ ပေါများခြင်းနှင့်     စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို  တစ်နိုင်ငံလုံး၏ စံပြအဖြစ် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများ အနေဖြင့်   ကြိုးပမ်းဆောင်ရွက်ကြရန်  လိုကြောင်း မှာကြားသည်။

 


ရှင်းလင်းတင်ပြ


ထို့နောက်         နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦးနှင့် ဦးလှမိုး၊  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့်   နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး    ဗိုလ်ချုပ်   ဇော်ဟိန်းတို့က    နေပြည်တော်ကောင်စီနယ်မြေ အတွင်း မြေအသုံးချမှုဆိုင်ရာများ၊ စိုက်ပျိုး၊   မွေးမြူ ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ထုတ်လုပ်နေမှု အခြေအနေ၊ ရေလှောင်တမံများအတွင်း ရေဝင်ရောက် မှုနှင့်  စိုက်ပျိုးရေပေးဝေမှု အခြေအနေ၊  စိုက်ပျိုးရေး လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်    စိုက်ပျိုးရေးတောင်သူများကို သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန် စီစဉ်နေမှုအခြေအနေ၊    အသေးစားစက်မှုလက်မှု လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိမှု   အခြေအနေ၊   သီးနှံများကို   သီးထပ် သီးညှပ်စိုက်ပျိုးနိုင်ရန်အတွက် မြစ်ရေတင်စီမံကိန်း များ အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

 


ဖြည့်ဆည်းဆောင်ရွက်


ယင်းနောက်          နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးရေး လုပ်ငန်းများအတွက် နွေရာသီ၌ ရေလိုအပ်ချက်များ ရှိကြောင်း၊ အဆိုပါရေလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရေး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများနှင့် နေရောင် ခြည်စွမ်းအင်သုံး     မြစ်ရေတင်လုပ်ငန်းများကို အသေးစားမြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက် မည်ဆိုပါက ငွေကြေးကုန်ကျမှုများလည်း သက်သာ မည်ဖြစ်ကြောင်း၊ ရေကိုလည်း လိုအပ်သလောက်သာ အကျိုးရှိစွာဖြင့် အသုံးချရန်လိုကြောင်း၊ စိုက်ပျိုးရေး ကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အဓိက ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဓိကသီးနှံဖြစ်သည့် စပါး၊ ပြောင်း၊ ပဲနှင့် ဆီထွက်သီးနှံများရှိသည့်အနက် နေပြည်တော်နယ်မြေအတွင်း စပါးကို အဓိကထား စိုက်ပျိုးမည်ဆိုပါက တတ်နိုင်သမျှ မျိုးအနည်းဆုံး ဖြစ်စေရန်နှင့် အထွက်နှုန်းတိုးအောင် ဆောင်ရွက်ရန် လိုကြောင်း၊    နိုင်ငံတော်မှ   သတ်မှတ်ထားသည့် အထွက်နှုန်းများအတိုင်း      ပြည့်မီစေရန်အတွက် ကြိုးစားစိုက်ပျိုးရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့် ရရှိရေး၊ မြေဩဇာနှင့်သဘာဝ မြေဩဇာများရရှိရေး နှင့် အောင်ရေရရှိရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက် ပေးရန်လိုကြောင်း၊ သဘာဝမြေဩဇာရရှိရေးအတွက် ကျွဲ၊  နွားမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဇီဝမြေဩဇာများကိုလည်း   အကျိုးရှိစွာ အသုံးချ၍ ရကြောင်း၊ ထို့ကြောင့် ကျွဲ၊ နွားများ မွေးမြူရာတွင် လှောင်မွေးသည့်စနစ်ဖြင့်     စနစ်တကျမွေးမြူရန် လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များမှ  တိရစ္ဆာန်အစာများလည်း ထွက်ရှိ သဖြင့်   မွေးမြူရေးလုပ်ငန်းအတွက်  လိုအပ်သည့် တိရစ္ဆာန်အစာများ    လုံလောက်စွာ   ရရှိမည်ဖြစ်ကြောင်း။

 


အကျိုးရှိစွာအသုံးချ


မြေများကို   စနစ်တကျ  ထိထိရောက်ရောက် အသုံးချ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ယှဉ်တွဲ ဆောင်ရွက်ရန်လိုကြောင်း၊ နေပြည်တော်နယ်မြေတွင် သရက်စိုက်ပျိုးရေးနှင့်     မွေးမြူရေးဆောင်ရွက်ရန် အတွက်   ပုဂ္ဂလိကများကို   ခွင့်ပြုထားကြောင်း၊ အဆိုပါ   စိုက်ပျိုးမွေးမြူရေးပြုလုပ်ရန်  ခွင့်ပြုထား သည့် မြေများပေါ်တွင်  စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို သတ်မှတ်စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်မှုရှိစေရေး တာဝန်ရှိသူများက ကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း များ    ဆောင်ရွက်ရာတွင် တစ်ဧကချင်းအထွက်နှုန်းများ    တိုးတက်စေရေး တာဝန်ရှိသူများအားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ တောင်သူ များ၏ အကျိုးစီးပွား တိုးတက်အောင် ဆောင်ရွက် ပေးပြီး  ကုန်ထုတ်လုပ်ငန်းများ  တိုးတက်အောင်   ဆောင်ရွက်ပေးမည်ဆိုပါက     မိမိတို့ပြည်တွင်း၌    အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမည် ဖြစ်သဖြင့်  လုပ်အားများကို  အကျိုးရှိစွာ  အသုံးချ နိုင်မည်ဖြစ်ကြောင်း။

 


စနစ်တကျဖြင့် ထိန်းသိမ်း


စိုက်ပျိုးရေလုံလောက်စွာ    ရရှိရေးအတွက် ဆောင်ရွက်ရာတွင် သိုလှောင်ထားသည့် ရေများကို လည်း  စနစ်တကျဖြင့် အသုံးချရန်လိုကြောင်း၊ ရေကို အဟောသိကံ အသုံးမပြုဘဲ ရှိသည့်ရေကို အကျိုးရှိရှိ အသုံးချရန်နှင့် ရေရရှိအောင် ဖန်တီးဆောင်ရွက်ရန် လိုကြောင်း၊ ရေရရှိရေးဆောင်ရွက်ရာတွင် ရေဝေရေလဲ သစ်တောဧရိယာများကို စနစ်တကျဖြင့် ထိန်းသိမ်း ထားရှိ၍ ရာသီဥတုကောင်းမွန်အောင် ဆောင်ရွက် ခြင်းနှင့် ရေဖလှယ်ခြင်းလုပ်ငန်းများကို အကောင် အထည်ဖော်      ဆောင်ရွက်ရန်လိုကြောင်း၊   ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် စီမံခန့်ခွဲမှုများ ကောင်းမွန် ရန်လိုကြောင်း၊ စီမံခန့်ခွဲမှုများ ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့်     နေပြည်တော်ကောင်စီ နယ်မြေအတွင်း   စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ကုန်ကို   အခြေခံသည့်  ကုန်ထုတ်လုပ်မှုကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

 


ကူညီမှုများ ဆောင်ရွက်ပေးမည်


ဒေသအတွင်းထွက်ရှိသည့်  သီးနှံများကိုလည်း အိမ်တွင်းစက်မှုလုပ်ငန်းများဖြင့်   Dry  food  များ ဆောင်ရွက်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် ပြီး   ပြည်တွင်း     ပြည်ပသို့     တင်ပို့ရောင်းချ၍ ရကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက်  မီးခိုး မထွက်သည့် အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းများအတွက် နိုင်ငံတော်မှ လိုအပ်သည့် ကူညီ မှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း      လမ်းပန်းဆက်သွယ်မှု ကောင်းမွန်သကဲ့သို့     လျှပ်စစ်ဓာတ်အားလည်း လုံလောက်စွာရရှိကြောင်း၊ ထို့ကြောင့် နေပြည်တော် ကို Green City ၊ Clean City ၊ Smart City ဖြစ်အောင် ဆောင်ရွက်ပြီး    ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို လည်း စံပြအဖြစ် ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့ နိုင်ငံအတွက် အခွင့်အလမ်းများ များစွာတိုးတက်လာ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပထမဦးစွာ စိုက်ပျိုးရေး လုပ်ငန်းများကို    နည်းစနစ်တကျဖြင့်  စိုက်ပျိုး၍ အထွက်နှုန်းများ တိုးတက်ကောင်းမွန်အောင် ဆောင် ရွက်ရန်လိုကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်း များကိုလည်း လှောင်မွေးစနစ်ဖြင့် စနစ်တကျမွေးမြူ ရန်လိုကြောင်း၊ ထိုမှတစ်ဆင့် အထွက်နှုန်းကောင်းမွန် သည့်   သီးနှံမျိုးကောင်းမျိုးသန့်များနှင့်  မွေးမြူရေး တိရစ္ဆာန် မျိုးကောင်းမျိုးသန့်များကို တိုးတက်စိုက်ပျိုး မွေးမြူ၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ  တိုးတက်စေရေးအတွက်   ကောင်းမွန်သည့် စီမံခန့်ခွဲမှုများနှင့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့်        မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။                

 သတင်းစဉ်