နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်     မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  MRTV Media Worldwide Mobile Satellite Data  Application Services  MRTV App & Web စတင်ဖွင့်လှစ်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  
  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  MRTV Media Worldwide Mobile Satellite Data 
Application Services  MRTV App & Web စတင်ဖွင့်လှစ်ခြင်းအခမ်းအနားတွင် အမှာစကားပြောကြား

 

နေပြည်တော်    မေ    ၄


ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင် သံကြား MRTV Media Worldwide Mobile Satellite Data Application Services  MRTV  App  &  Web စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို  ယနေ့မွန်းလွဲပိုင်း တွင်   နေပြည်တော်ရှိ    မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ   (MICC-2) ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး      မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 


အခမ်းအနားသို့     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့်     ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊  ဦးခင်မောင်ဆွေ၊  ဒေါ်အေးနုစိန်၊  Jean Phang နော်တောင်၊   ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊   နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်း မှူး၊ ဒုတိယဝန်ကြီးများ၊   အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊  အကျိုးတူ  ပူးပေါင်းဆောင် ရွက်သည့် 
ရုပ်သံကုမ္ပဏီများနှင့်   FM   ကုမ္ပဏီများမှ တာဝန်ရှိ သူများ၊  အနုပညာရှင်များနှင့်  ဖိတ်ကြားထား သူများ၊   ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ တက်ရောက် ကြသည်။

 


သီဆိုကပြဖျော်ဖြေ


ဦးစွာ   မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်း များက “MRTV နှင့် ကောင်းသောနေ့” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။  ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက      MRTV  Mobile Application   မှတ်တမ်း   Video Clip ကို  ကြည့်ရှုကြ သည်။

 


ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်က     အမှာစကား ပြောကြားရာတွင်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်အစိုးရတာဝန် အရပ်ရပ် ကို   ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ   ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ  စတင်တာဝန်ယူဆောင်ရွက်ခဲ့ ပြီးနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အခြေခံမူများဖြစ်သည့်     ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်ကို ချမှတ်ပြီး   နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊   ဖွံ့ဖြိုး တိုးတက်ရေး၊    သာယာဝပြောရေး၊    စားရေရိက္ခာ ပေါများရေးနှင့်   တိုင်းရင်းသားပြည်သူများ၏   လူမှု စီးပွားဘဝများ   တိုးတက်ဖြစ်ထွန်းစေရန်    ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်နေကြောင်း။

 


 အစွမ်းကုန်ကြိုးစားဆောင်ရွက်နေ


ထို့အပြင် ယခုနှစ်သည်   စိန်ရတုလွတ်လပ်ရေး နေ့၏ အကြိုနှစ်ဖြစ်ခြင်းကြောင့်  ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ပြီး     (၇၅) နှစ်ကာလ    ကြာပြီဖြစ်သည့် လွတ်လပ်ရေး၏    အနှစ်သာရ   အသီးအပွင့်များ၊ ဒီမိုကရေစီအုပ်ချုပ်ရေး၏  အနှစ်သာရများ၊  ငြိမ်းချမ်း ရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု၏ အရသာများကို  တိုင်းရင်း သားပြည်သူ   ညီအစ်ကိုမောင်နှမများ   အပြည့်အဝ မခံစားရသေးခြင်းကြောင့်     အပြည့်အဝရရှိခံစားနိုင် စေရန်  အစွမ်းကုန်  ကြိုးစားဆောင်ရွက်နေသည်ကို ထည့်သွင်းပြောကြားလိုပါကြောင်း။

 


လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင်ဖော်ဆောင်


မီဒီယာကဏ္ဍအနေဖြင့်လည်း         ပြည်သူများ အတွက်  ဒီမိုကရေစီနှင့်ပတ်သက်သည့်   အသိပညာ၊ အတွေးအခေါ်များရရှိစေရန်နှင့်  လူငယ်လူရွယ်များ အားလုံး ပညာရေးလမ်းကြောင်းပေါ်တွင် ကောင်းမွန် စွာ   ရပ်တည်နိုင်ရန်၊    ခေတ်ပညာတတ်    လူငယ် များဖြစ်စေရေး ပံ့ပိုးပေးရန်၊  စေ့ဆော်တိုက်တွန်းပေး ရန်   လိုအပ်သလို   ကျင့်ဝတ်သိက္ခာ  စောင့်ထိန်းပြီး နိုင်ငံတော်နှင့်    ပြည်သူအကျိုးကို   ဦးထိပ်ထားကာ တိုင်းရင်းသားပြည်သူများ၏    လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်အောင်   ဖော်ဆောင်ပေးရန်   လိုအပ်သည် ကိုလည်း ပြောကြားထားပြီးဖြစ်ကြောင်း။

 


သတင်းအချက်အလက်   နည်းပညာတိုးတက်နေ သည့်    ယခုလိုအချိန်တွင်    သတင်းမီဒီယာများ၏ သက်ရောက်မှုသည် အလွန်ထိရောက်မှုရှိသည့်အတွက်     နိုင်ငံကြီးအချို့၏    မဟာဗျူဟာများတွင်  နိုင်ငံငယ် များ၏ မီဒီယာများကို   နည်းလမ်းမျိုးစုံဖြင့် ချုပ်ကိုင် လွှမ်းမိုးနိုင်မည့်  အစီအမံများ   ပါဝင်နေသည့်အတွက်   မိမိတို့အားလုံး  ဉာဏ်အမြော်အမြင်များ၊  အသိတရား များဖြင့် လုပ်ဆောင်ကြရမည့်  အချိန်အခါပင် ဖြစ်ပါ ကြောင်း၊    ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်တွင် 
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်မှု၊ ကောင်းမွန် သည့်      အုပ်ချုပ်မှုစနစ်နှင့်      ဖွံ့ဖြိုးတိုးတက်မှုတို့သည် မရှိမဖြစ်ရှိနေရမည်     ဖြစ်ပါကြောင်း၊   ထိုသို့ရှိရန် အတွက်   သတင်းမီဒီယာများ၏     အခန်းကဏ္ဍသည်  လွန်စွာအရေးကြီးသည်ဟု ယူဆမိပါကြောင်း။

 


စွမ်းရည်မြင့်မားအောင်ဆောင်ရွက်


သို့သော်  တစ်ခါတစ်ရံတွင်  နိုင်ငံရေး၊  စီးပွားရေး အင်အားကြီးသည့်    အုပ်စုများက    မီဒီယာများကို လွှမ်းမိုးခြယ်လှယ်ကြသည့်အခါ       ပြည်သူလူထု၏ သဘောထား  ခံစားချက်များ၊  နစ်နာချက်များသည် ဖော်ထုတ်နိုင်မှု    လုံးဝမရှိတော့ဘဲ     လျစ်လျူရှုခံရ သည့် အခြေအနေကို  ရောက်မှန်းမသိ  ရောက်ခဲ့ရပါ ကြောင်း၊ အဆိုးဆုံးမှာ   ပဋိပက္ခများ၊   သဘောထား ကွဲပြားမှုများကို   ပြေလျော့သွားအောင်   လုပ်ရမည့် အစား   မီးလောင်ရာ   လေပင့်တိုက်သကဲ့သို့   ပိုမို အားကောင်းလာအောင်    လုပ်ပေးနေကြပါကြောင်း၊ ထိုသို့     အခြေအနေမျိုးကို     ဒီမိုကရေစီအသွင် ကူးပြောင်းစ  နိုင်ငံများနှင့်     ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများအပြားတွေ့မြင်နေကြရပါကြောင်း။

 


ယနေ့ အခြေအနေသည် မိမိတို့၏  လူ့အဖွဲ့အစည်း အားလုံးကို မီဒီယာက နည်းမျိုးစုံဖြင့် လွှမ်းမိုးထားချိန် ဖြစ်သည့်အတွက်  မိမိတို့၏ မီဒီယာလုပ်ငန်းအားလုံး ကို   စွမ်းအားပြည့်အောင်၊   စွမ်းရည်မြင့်မားအောင် ဆောင်ရွက်ပေးရန်    လိုအပ်နေပြီဟု    တိုက်တွန်း ပြောကြားလိုပါကြောင်း။

 


အကောင်အထည်ဖော်ဆောင်ရွက်ခဲ့


ပြန်ကြားရေးဝန်ကြီးဌာန     မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့်လည်း    ၁၉၄၆   ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်ရေဒီယို (Rangoon Radio) အမည်မှ ဗမာအသံ(Burma Broadcasting Service– BBS)   အမည်ပြောင်းလဲသတ်မှတ်ခဲ့သည့် “ဗမာအသံနေ့” ကို မူတည်ပြီး မြန်မာ့အသံနှင့်ရုပ်မြင် သံကြား (Myanma Radio and Television–MRTV) အမည်သို့  ပြောင်းလဲလာခဲ့မှုနှင့်အတူ ခေတ်အဆက် ဆက်တွင် သတင်းအချက်အလက် ပြန်ကြားပေးခြင်း၊ အသိပညာမျှဝေပေးခြင်း၊ ဖျော်ဖြေပေးခြင်းဆိုသည့် ရည်မှန်းချက်(၃)ရပ်ချမှတ်ပြီး  လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်   ဆောင်ရွက်ခဲ့ခြင်း    ဖြစ်ပါ ကြောင်း။

 


မီဒီယာဖြင့်အကျိုးပြုနိုင်ရေးအတွက်ကြိုးပမ်း


ယနေ့အချိန်အခါမှာလည်း   ပြောင်းလဲတိုးတက် နေသည့်    နည်းပညာ၊     အတတ်ပညာများနှင့်အညီ သတင်းနှင့်အစီအစဉ်များ    အရည်အသွေး     ပိုမို ကောင်းမွန်စေရန်နှင့်  ပြည်သူလူထုကို မီဒီယာဖြင့်အကျိုးပြုနိုင်ရေးအတွက်    ကြိုးပမ်းဆောင်ရွက်နေ သကဲ့သို့   နုပျိုသစ်လွင်ပြီး  လန်းဆန်းတက်ကြွသည့် တင်ဆက်မှုပုံစံကိုလည်း   ပြောင်းလဲဆောင်ရွက်နေ သည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း။

 


လျင်မြန်စွာတိုးတက်ပြောင်းလဲလာ


ထိုသို့ဆောင်ရွက်ရာတွင်  မြန်မာနိုင်ငံ၌ ၂၀၁၃ ခုနှစ်မှ စတင်ပြီး  မိုဘိုင်းဖုန်းများ အသုံးပြုမှု များပြား လာသည်နှင့်အတူ အင်တာနက်အသုံးပြုပြီး သတင်း ရယူမှုပုံစံလည်း  လျင်မြန်စွာ တိုးတက်ပြောင်းလဲလာ ခြင်းကြောင့် Social Media Platform များအသုံးပြုပြီး သတင်းမီဒီယာ   ဖြန့်ချိခြင်းသည်လည်း    လွန်စွာ အရေးပါလာသည်ကို  တွေ့မြင်ကြမည်ဖြစ်ပါကြောင်း။ 

 


အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်


ထို့ကြောင့် MRTV အနေဖြင့်  ၂၀၁၃ ခုနှစ်ကစပြီး MRTV Application ကို အသုံးပြုနိုင်ရေး ဆောင်ရွက် ခဲ့သော်လည်း  အကြောင်းအမျိုးမျိုးကြောင့် Android  Application အဖြစ်သာ   ယာယီအသုံးပြုနိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းကို    ထုတ်လွှင့်နိုင်ခြင်း   မရှိခဲ့သည်ကို သိရှိရပါကြောင်း၊  အခုအခါတွင် HD ရုပ်သံလိုင်းများ နည်းတူ  ဆက်သွယ်ရေးနည်းပညာများ အသုံးပြုပြီး MRTV Media Application ကို  ဆောင်ရွက်ထားခြင်း ဖြစ်သည့်အတွက် Android နှင့် IOS ဖုန်းများပေါ်တွင် ကြည့်ရှုနိုင်မည်  ဖြစ်ပါကြောင်း၊  ထို့အပြင် Laptop, Desktop,  iPad,  Note Pad  အားလုံးတွင်လည်း ကြည့်ရှုနိုင်မည်ဖြစ်သကဲ့သို့   Website   တွင်လည်း MRTV   ၏အစီအစဉ်များကို   အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည် ဖြစ်ပါကြောင်း။

 


MRTV App ကို ကမ္ဘာပတ်လမ်းကြောင်းပေါ်တွင် ရှိသည့် Mobile ဝန်ဆောင်မှုပေးနေသော နိုင်ငံတကာ ဂြိုဟ်တု ( ၄ ) လုံးကို  ငှားရမ်းအသုံးပြုပြီး ထုတ်လွှင့် ပေးခြင်းဖြစ်သည့်အတွက်     ပြည်ပနိုင်ငံများတွင် ရှိနေသည့်  မြန်မာသံရုံး(၄၆)ရုံးက  ကြည့်ရှုနိုင်ပြီဖြစ် သကဲ့သို့ နိုင်ငံပေါင်း(၁၈၁)နိုင်ငံမှ ကြည့်ရှုနိုင်ရန်လည်း စီစဉ်ဆောင်ရွက်နေသည်ဟု သိရပါကြောင်း။

 


ပိုမိုကျယ်ပြန့်စွာရောက်ရှိပျံ့နှံ့


ယင်းသို့ဆောင်ရွက်ရာတွင်  မြန်မာဘာသာနှင့် သာမကဘဲ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ ဂျာမနီစသည့် နိုင်ငံတကာ ဘာသာစကား( ၅ ) မျိုးဖြင့် ထုတ်လွှင့်ပေး မည်ဖြစ်သည့်အတွက်   နိုင်ငံတော်အစိုးရ၏   ဆောင် ရွက်ချက်များ၊ နိုင်ငံတော်၏  ပကတိအခြေအနေမှန် များကို တိုင်းရင်းသားပြည်သူများအနေဖြင့် အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတကာ ကိုလည်း  ပိုမိုကျယ်ပြန့်စွာ   ရောက်ရှိပျံ့နှံ့သွားမည် ဖြစ်ပါကြောင်း။

 


ထိုသို့  ဆောင်ရွက်နိုင်မှုကြောင့်  MRTV အနေဖြင့် ခေတ်အဆက်ဆက်တွင်   တာဝန်ကျေပွန်ခဲ့သကဲ့သို့ ပြောင်းလဲတိုးတက်နေသည့်  ပညာရပ်များနှင့် အညီ ပြုပြင်ပြောင်းလဲလိုက်ပါဆောင်ရွက်နိုင်သောကြောင့် သမိုင်းမှတ်တိုင်သစ်တစ်ခုကို  စိုက်ထူနိုင်ခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံတော်အစိုးရတာဝန်အရပ်ရပ်ကို    ဆောင်ရွက် နေချိန်ကာလအတွင်း၌  ထူးခြားတိုးတက်ကောင်းမွန် ပြီး သိသာထင်ရှားသည့်  အောင်မြင်မှုရလဒ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဖြစ်သည် ဟု ပြောကြားလိုပါကြောင်း။

 


မီဒီယာများအနေဖြင့်လည်း  ကျင့်ဝတ်သိက္ခာနှင့် အညီ  ပြည်သူလူထုကို  သတင်းအချက်အလက်များ မှန်မှန်ကန်ကန်ရရှိအောင်  ဆောင်ရွက်ပေးကြခြင်းဖြင့် ပြည်သူ့အကျိုးပြုမီဒီယာများဖြစ်အောင်   ရပ်တည် ဆောင်ရွက်ပေးကြရန်    အသိပေးတိုက်တွန်းလိုပါ ကြောင်း၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး အနေဖြင့်လည်း     မြန်မာနှစ်ဆန်းအခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏    အကျိုးကို လက်တွဲဆောင်ရွက်ခြင်းဖြင့်  တစ်နိုင်ငံလုံး ငြိမ်းချမ်း သာယာပါစေကြောင်း ဆန္ဒပြု ဆုမွန်ကောင်း တောင်း လိုက်ပါကြောင်း ပြောကြားသည်။

 


ရှင်းလင်းတင်ပြ


ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက   MRTV  App & Web ဆောင်ရွက်မှုအပါအဝင် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်မှုအခြေအနေများကို  ရှင်းလင်းတင်ပြ သည်။ 

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  MRTV Media Worldwide Mobile Satellite Data Application Services    အား    စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ 

 


အမှတ်တရလက်ဆောင်ပေးအပ်


ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ MRTV Media Application ဖွင့်လှစ်ခြင်းအထိမ်းအမှတ်  အမှတ်တရလက်ဆောင် ကို  ပေးအပ်သည်။

 


ယင်းနောက်   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများက “ရှင်သန်နေမည် MRTV” တေးသီချင်း ဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။   အခမ်း အနားအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် MRTV Media Worldwide Mobile Satellite Data Application Services MRTV  App & Web  အသုံးပြု မှုကို ကြည့်ရှုကြသည်။

 


MRTV Media Application မှတစ်ဆင့် Breaking News၊ BusinessNews၊ Community News၊ Daily News စသည့် သတင်းကဏ္ဍများအပြင် Documentary၊ Education ၊ Entertainment၊ Farming ၊ Myanmar Culture၊ Sports စသည့်      ရုပ်သံမှတ်တမ်းနှင့် ဖျော်ဖြေရေးအစီအစဉ်များပါဝင်သည့်  Sector (၁၁)ခုဖြင့် ဖွဲ့စည်းထားသည့်အပြင်  MRTV HD Channel ကိုလည်း Live Stream ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ MRTV App ကို လက်ကိုင်ဖုန်းများအပြင် Laptop ၊ Desktop ၊ ipad  ၊ Note Pad များတွင် ကြည့်ရှုနိုင်မည် ဖြစ်သကဲ့သို့ www.mrtvmedia.com  တွင်လည်း MRTV ၏    အစီအစဉ်များကို    အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်