နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်     မြန်မာနိုင်ငံကော်ဖီအသင်းနှင့် ပြင်ဦးလွင် ကော်ဖီဥယျာဉ် ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး


 မြန်မာနိုင်ငံမှ  ထွက်ရှိသည့်  မြန်မာ့ကော်ဖီ (Myanmar Coffee) Brand ကို တစ်ကမ္ဘာလုံးက 
လက်ခံကြိုက်နှစ်သက်ပြီး  အားပေးရသည်အထိ ထိုးဖောက်နိုင်အောင် ဆောင်ရွက်သွားရမည်

 

နေပြည်တော်   ဧပြီ    ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင် မြို့ရှိ  မြန်မာနိုင်ငံကော်ဖီအသင်း(Myanmar Coffee Association)နှင့် ပြင်ဦးလွင်ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park) ဆောင်ရွက်နေမှု အခြေ အနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်       အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ      မြန်မာနိုင်ငံ   ကော်ဖီအသင်း (Myanmar Coffee Association) သို့ ရောက်ရှိကြရာ မြန်မာနိုင်ငံ ကော်ဖီအသင်းနာယကနှင့် Mandalay Coffee Group(MCG)၏ Director ဖြစ်သူ ဦးရဲမြင့်နှင့် တာဝန်ရှိသူများက    ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် ကော်ဖီစိုက်ပျိုးမှု၊ သီးခြမ်းကြိတ်ခွဲမှုမှ ကော်ဖီထုတ်လုပ်ပုံအဆင့်ဆင့်၊ ပျိုးပင်များပျိုးထောင်ဆောင်ရွက်မှု၊ ကော်ဖီအရသာ နှင့် အရည်အသွေးထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက် နေမှု၊ Grade အလိုက်  ခွဲခြား၍  သိုလှောင်ထားပြီး ဝယ်ယူသူလက်ဝယ်သို့      ရောက်ရှိအောင်     ဖြန့်ဝေ ဆောင်ရွက်လျက်ရှိသည့်     အခြေအနေများနှင့် ပတ်သက်၍ Video Clip များဖြင့် ရှင်းလင်းတင်ပြပြီး မြန်မာ့ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ   ဆောင်ရွက်ပေးနိုင်ရေး   တင်ပြ ဆွေးနွေးသည်။
မြန်မာ့ကော်ဖီ (Myanmar Coffee) Brand ကို ကမ္ဘာသို့ ထိုးဖောက်နိုင်ရေး ဆွေးနွေးပြောကြား
ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က   မြန်မာနိုင်ငံမှ   ထွက်ရှိသည့်  မြန်မာ့ကော်ဖီ (Myanmar Coffee) Brand ကို တစ်ကမ္ဘာလုံးက လက်ခံကြိုက်နှစ်သက်ပြီး   အားပေးရသည်အထိ ထိုးဖောက်နိုင်အောင်       ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊  သင်္ကြန်မတိုင်မီကာလတွင် ကော်ဖီ လုပ်ငန်းရှင်များနှင့်   တွေ့ဆုံခဲ့ပြီး  ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံစဉ် ၎င်းတို့ တင်ပြချက်များတွင် ပါဝင်သည့် ကော်ဖီ   Association   ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ တစ်နိုင်ငံ လုံးရှိ ကော်ဖီစိုက်ပျိုးသည့် ဒေသအလိုက် ဝန်ကြီးချုပ် များနှင့်  တာဝန်ရှိသူများ၊  ကော်ဖီစိုက်လုပ်ငန်းရှင်များ ပူးပေါင်း၍     အဖွဲ့အစည်းတစ်ခု     ဖွဲ့စည်းပေးပြီး ဖြစ်ကြောင်း၊  လုပ်ငန်းရှင်များ၏   လိုအပ်ချက်များကို ဖြစ်နိုင်သည်မှန်သမျှ      ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ အရည်အသွေးမြင့်သည့် ကော်ဖီ ထုတ်ကုန်ဖြစ်စေရေးအတွက် ထုတ်လုပ်ပုံနှင့် ထုပ်ပိုး မှု စနစ်တကျရှိရမည်ဖြစ်ကြောင်း၊   မိမိတို့နိုင်ငံတွင်
စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍    စိုက်ပျိုးမွေးမြူရေးသိပ္ပံ၊    ကောလိပ် များကို တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး  လူသား အရင်းအမြစ်များ ပေါ်ထွက်လာစေရန် ဆောင်ရွက် လျက်ရှိကြောင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့် မြေဩဇာကဲ့သို့သော သွင်းအားစုများကို မွေးမြူရေးမှ ရရှိလာသည့် စွန့်ပစ်ပစ္စည်းများ၊ သဘာဝမြေဩဇာ များ၊   စိုက်ပျိုးရေးစွန့်ပစ်ကုန်များမှ   ထုတ်လုပ်၍ အသုံးချနိုင်ရေး လုပ်ဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပြီး တိုင်းပြည် အတွက်လည်း    ဝင်ငွေတိုးပွားလာနိုင်မည်ဖြစ် ကြောင်း ပြောကြားပြီး အခြားသိရှိလိုသည်များနှင့် လိုအပ်သည်များကို   မေးမြန်းဆွေးနွေးပြောကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကော်ဖီဓာတ်ခွဲခန်းအတွင်း       ကော်ဖီအရည်အသွေး အနံ့အရသာ  စမ်းသပ်ဆောင်ရွက်နေမှု အခြေအနေ များနှင့် Mandalay Coffee Group(MCG) စက်ရုံ အတွင်း   လှည့်လည်၍  အရည်အသွေးခွဲခြားခြင်း၊ အခြောက်ကြိတ်ခွဲခြင်း၊ အဆင့်လိုက်သိုလှောင်ခြင်း ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှု လေ့လာသည်။
ပြင်ဦးလွင်ကော်ဖီဥယျာဉ်(Pyin Oo Lwin Coffee Park) ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
ထို့နောက်       ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်)အား ပြင်ဦးလွင်ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park) အဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ   ဦးစွာ  စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ဒေါက်တာရဲတင်ထွန်းနှင့် တာဝန်ရှိသူများက   ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်)   သမိုင်းကြောင်း၊  ပြင်ဦးလွင်ကော်ဖီ ဥယျာဉ် (Pyin Oo Lwin Coffee Park) အဖြစ် အကောင်အထည်ဖော်ရခြင်း၏     ရည်ရွယ်ချက်နှင့် ဆက်လက်ဆောင်ရွက်သွားမည့်     အခြေအနေ၊ ဥယျာဉ်အတွင်း စိုက်ပျိုးထားရှိသည့် ကော်ဖီမျိုးများ နှင့် အရည်အသွေးလက္ခဏာများ၊ မြန်မာနိုင်ငံကော်ဖီ အသင်း (Myanmar Coffee Association) နှင့် ပူးပေါင်း၍ ကော်ဖီနည်းပညာပြန့်ပွားရေး ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် က ကော်ဖီမျိုးများကို   စိုက်ပျိုးရာတွင်  မျိုးအများ အပြား   ဆောင်ရွက်မည့်အစား  လုပ်ငန်းရှင်များနှင့် ကော်ဖီစိုက်တောင်သူများ အကျိုးဖြစ်ထွန်းစေနိုင်မည့် အရည်အသွေးတည်ငြိမ်ပြီး ဈေးနှုန်းခိုင်မာသင့်တင့် သည့်    မျိုးများကို   ရွေးချယ်ဆောင်ရွက်ကြရန် လိုကြောင်းနှင့်   လေ့လာသူများကိုလည်း  ကော်ဖီ စိုက်ပျိုးရေးကို စိတ်ပါဝင်စားလာစေရေး စနစ်တကျ လမ်းညွှန်ရှင်းလင်းပြသရန်လိုကြောင်း၊ ပြင်ဦးလွင် ကော်ဖီဥယျာဉ်အနေဖြင့်   ကော်ဖီစိုက်လုပ်ငန်းရှင် များကို အကျိုးဖြစ်ထွန်းစေနိုင်မည့် အကြံဉာဏ်များကိုပေးနိုင်ရမည်ဖြစ်ပြီး     မြန်မာ့ကော်ဖီကို   ကမ္ဘာ့ ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ဆောင်ရွက်ရာတွင် အထောက်အကူပေးနိုင်ရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်ကော်ဖီဥယျာဉ်အတွင်း ဆောင်ရွက်ထားရှိ မှု အခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။                                သတင်းစဉ်