နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မင်းဘူးအထွေထွေရောဂါကုဆေးရုံကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အခြေအနေများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဖေဖော်ဝါရီ  ၁၀


နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ       နိုင်ငံတော် ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မင်းဘူးမြို့ ခုတင်(၂၀၀)ဆံ့ ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု    စစ်ဆေး သည်။

 


လိုအပ်ချက်များကို တင်ပြ


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား မကွေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးမှူး     ဒေါက်တာ သောင်းလှိုင်၊ ဆေးရုံအုပ်ကြီး       ဒေါက်တာ အေးမြဝင်းနှင့်    ကျန်းမာရေး ဝန်ထမ်းများက ကြိုဆိုနှုတ်ဆက် ကြပြီး ဆေးရုံအစည်းအဝေးခန်းမ ၌ မကွေးတိုင်းဒေသကြီး ကျန်းမာ ရေးဦးစီးမှူးက    ဆေးရုံသမိုင်း အကျဉ်း၊ ဒေသခံပြည်သူများအား ခွဲစိတ်ကုသခြင်း၊  သားဖွားမီးယပ် ရောဂါကုသခြင်း၊ အရိုးရောဂါကုသ ခြင်း၊ မျက်စိရောဂါကုသခြင်း၊ နား၊ နှာခေါင်း၊   လည်ချောင်းဆိုင်ရာ ရောဂါကုသခြင်းနှင့်        အခြား ကျန်းမာရေး      စောင့်ရှောက်မှု လုပ်ငန်းများ  ဆောင်ရွက်ပေးနေ မှု၊ ဆေးရုံကြီးအတွင်း ကျန်းမာရေး ဝန်ထမ်းများ တာဝန်ထမ်းဆောင် နေမှု၊ ကိုဗစ် -၁၉ ရောဂါ စစ်ဆေး ပေးခြင်း၊    ကုသပေးခြင်းနှင့် ကာကွယ်ဆေးများ ထိုးနှံပြီးစီးမှု၊ သင်ကြားရေး      ဆေးရုံအဖြစ် ဆောင်ရွက်လျက်ရှိမှု၊ ကိုဗစ် -၁၉ ရောဂါ ကုသရေးအတွက် ICU ခန်း များ ပြင်ဆင်ထားရှိမှု၊ ခွဲစိတ်ခန်း နှင့်    ကလေးကုသဆောင်များ ပြင်ဆင်ထားရှိမှု အခြေအနေများ နှင့် ဆေးရုံ၏ လိုအပ်ချက်များကို တင်ပြသည်။

 


ဆေးရုံအတွင်း ပြည့်စုံမှုရှိ


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က  ကိုဗစ် - ၁၉ ရောဂါ ကုသ ရေးအတွက်      လိုအပ်သည့် အောက်ဆီဂျင်စက်    ပြန်လည် လည်ပတ်နိုင်ရေး  ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊  မကွေး တိုင်းဒေသကြီး      ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ   မြို့နယ် များသည် မင်းဘူးဆေးရုံကြီးတွင် ကုသမှုခံယူရကြောင်း၊   ဆေးရုံ အတွင်း ပြည့်စုံမှုရှိသည်ကို တွေ့ရှိ ရပြီး    ဆေးရုံတွင်    တာဝန် ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများ၏    တာဝန်ထမ်း ဆောင်မှုကိုလည်း    ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ ဆေးရုံ အတွင်း    ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဆောင် ရွက်ရန်လိုကြောင်း၊ ဆေးရုံတွင် လာရောက်ပြသသည့်    လူနာများ အဆင်ပြေစွာဖြင့်    ကုသနိုင်ရေး စီမံဆောင်ရွက် ပြင်ဆင်ထားရန် လိုကြောင်းဖြင့် ပြောကြားသည်။

 


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်နှင့် အလှူရှင် များက     ဆေးရုံကြီးအတွက် ဆေးပဒေသာပင်    ရန်ပုံငွေကျပ် သိန်း   ၁၅၀  နှင့်  ကျန်းမာရေး ဝန်ထမ်းများနှင့် လူနာများအတွက် စားသောက်ဖွယ်ရာများ ပေးအပ် ရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူ များက လက်ခံရယူကြသည်။

 


ရင်းရင်းနှီးနှီးနှုတ်ဆက်


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံ တော်          ဝန်ကြီးချုပ်သည် ကျန်းမာရေး   ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်