နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ

 

နေပြည်တော်    ဖေဖော်ဝါရီ    ၁၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊      ခရိုင်၊ မြို့နယ်အဆင့်      ဌာနဆိုင်ရာတာဝန်ရှိသူများအား ယနေ့    မွန်းလွဲပိုင်းတွင်     နယ်မြေခံတပ်ဌာနချုပ် ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။

 


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မကွေး တိုင်းဒေသကြီး   ဝန်ကြီးချုပ်၊  အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊  မြို့နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ရှင်းလင်းတင်ပြ


ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ခရိုင်အုပ်ချုပ်ရေးမှူးများက မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်ထားရှိမှုနှင့် မြစ်ချောင်းများအတွင်း ငါးသားပေါက်များ စိုက်ထည့်နိုင်ရေး   ဆောင်ရွက် လျက်ရှိမှုအခြေအနေ၊   ဆိတ်မွေးမြူရေးအတွက် သမဝါယမအသင်းအဖွဲ့များဖွဲ့စည်း၍    မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်သွားမည့်   အခြေအနေ၊ ဝါသီးနှံများ စိုက်ပျိုးမှုအခြေအနေ၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပြီးစီးမှုအခြေအနေ၊ နယ်မြေ လုံခြုံရေးနှင့်    တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။ 

 


ဆိုလာစနစ်ဖြင့်လည်း အသုံးပြု


ရှင်းလင်းတင်ပြမှုများအပေါ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြစ်ချောင်းများအတွင်း ငါးများစနစ်တကျစိုက်ထည့် ရန်လိုအပ်ကြောင်း၊ နွားနှင့် ဆိတ်များ မွေးမြူရာတွင် လည်း လှောင်မွေးသည့်စနစ်ဖြင့် မွေးမြူမည်ဆိုပါက  မွေးမြူရေးပိုင်းတွင်သာမက စိုက်ပျိုးရေးလုပ်ငန်းများ အတွက်  လိုအပ်သည့် သဘာဝဓာတ်မြေဩဇာများပါ  ရရှိမည်ဖြစ်သဖြင့်    ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ် ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း အသားတိုး ကြက်များသာမက   ဥစားကြက်များကိုပါ  အရေ အတွက်များများ   မွေးမြူသင့်ကြောင်း၊ ကြက်များ မွေးမြူရာတွင်    ခေတ်မီမွေးမြူရေးစနစ်ဖြစ်သည့် လေအေးပေးစနစ် Evaporation Type  ဖြင့် မွေးမြူ ပါက ပိုမိုဖြစ်ထွန်းသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ လေအေးပေးစနစ်ကို   နေသာသည့်ရက်များတွင် ဆိုလာစနစ်ဖြင့်လည်း အသုံးပြု၍ရကြောင်း၊ ပြည်သူ များ   အာဟာရပြည့်ဝစွာစားသုံးနိုင်ရေး  အသား၊ ငါးနှင့် ဥများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင် အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊  သာမန်လူ  တစ်ဦးအနေဖြင့် တစ်ရက်လျှင်  အသား ၁၀ ကျပ် သားခန့်၊ ကြက်ဥ သုံးလုံးခန့် စားသုံးရန်  လိုအပ် ကြောင်း၊ ထို့ကြောင့်   နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းရှိ မြစ်ချောင်းများအတွင်း ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိကြောင်း။

 


ပိုမိုတိုးတက်အောင် ဆောင်ရွက်


ဆီထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆီကြိတ်စက်များ ခေတ်မီအောင်ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့ နိုင်ငံရှိ ဆီကြိတ်စက်များသည် ဆီထုတ်လုပ်ရာတွင် ဆီကုန်အောင် ကြိတ်နိုင်မှုမရှိသေးသဖြင့် တိရစ္ဆာန် အစာအတွက် ကုန်ကြမ်းဖြစ်သည့် ကြိတ်ဖတ်များ  တွင်   ဆီများကျန်ရှိနေသေးသည်ကို   တွေ့ရှိရပြီး စနစ်တကျဖြင့် ကြိတ်ခွဲနိုင်ရေး ဆောင်ရွက်ကြရန်နှင့်  ကြိတ်ဖတ်များမှ  မြေဩဇာနှင့်   တိရစ္ဆာန်အစာ  ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် မကွေးတိုင်း ဒေသကြီးအတွင်း၌ ထန်းပင်များ များစွာရှိသည်ကို တွေ့ရှိရကြောင်း၊   ထန်းပင်သည်   မြန်မာတို့၏ ရှေးယခင်ကပင်ရှိခဲ့သည့် ရိုးရာယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပြီး     ထန်းပင်များနှင့်    ထန်းထွက်ကုန်များ ပျောက်ပျက်မှုမရှိစေရေး ထိန်းသိမ်းရန်လိုကြောင်း၊ ဝါစိုက်ပျိုးမှုနှင့်    ပတ်သက်၍လည်း     တစ်ဧက အထွက်နှုန်းများ     ယခုထက်   ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း။

 


ကုန်ထုတ်လမ်းများပါ ထည့်သွင်း


သစ်တောသစ်ပင်များ   ပေါများစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် စိုက်ပျိုးကြ ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက် ရာတွင် ဧကကွက်များဖြင့်စိုက်ပျိုး၍ စက်မှုလယ်ယာ စနစ်ဖြင့်  အကောင်အထည်ဖော်  ဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံတော်ပိုင် လယ်ထွန်စက်စက်ရုံများမှ လယ်ထွန်စက်များ        ထုတ်လုပ်ရန်လိုသကဲ့သို့ ပုဂ္ဂလိကပိုင် စက်ရုံများကိုလည်း မြေတောင်မြှောက် ပေးရန်လိုကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင်လည်း အရည်အသွေးကောင်းမွန်ပြီး   ဈေးနှုန်းသက်သာ စွာဖြင့် တောင်သူများသုံးစွဲနိုင်ရေး ဆောင်ရွက်ပေး ရန်လိုကြောင်း၊ စက်မှုလယ်ယာစနစ်အား ဖော်ဆောင် ရာတွင် ကုန်ထုတ်လမ်းများပါ ထည့်သွင်းဆောင်ရွက် ပေးရန်လိုကြောင်း၊         စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အလုပ် သမားရှားပါးမှုပြဿနာများကိုလည်း ပြေလည်စေ မည်ဖြစ်ကြောင်း။

 


ကြပ်မတ်ဆောင်ရွက်


တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ် မတော် တဆမှုများ လျော့နည်းစေရေးအတွက် ယာဉ်စည်း ကမ်း၊   လမ်းစည်းကမ်းများကို   လိုက်နာစေရေး ထိန်းသိမ်းရန်လိုကြောင်း၊ စည်းကမ်းများမသိရှိခြင်း နှင့် သတိလက်လွတ်ဖြစ်မှုများကြောင့် ယာဉ်မတော် တဆမှုများ ဖြစ်ပွားလျက်ရှိကြောင်း၊ လမ်းညွှန် အမှတ်အသားများနှင့် လမ်းညွှန်ဆိုင်းဘုတ်များကို စနစ်တကျဖြင့်စိုက်ထူထားရန်လိုကြောင်း၊ အလားတူ တရားမဝင် မော်တော်ယာဉ်များ စီးနင်းမှုမရှိစေရေး အတွက်လည်း ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ မော်တော်ဆိုင်ကယ်  စီးနင်းသူများအနေဖြင့်လည်း ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျ အသုံးပြုစေရေး  ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ယာဉ်မောင်း လိုင်စင်များကိုလည်း   စနစ်တကျ  ထုတ်ပေးရန်လို ကြောင်း၊   လမ်းများပျက်စီးမှုမရှိစေရေးအတွက်  ကုန်တင်ယာဉ်များ တန်ပိုတင်ဆောင်မှုမရှိစေရေးနှင့် ကုန်များအား စနစ်တကျဖြင့် တင်ဆောင်မှုရှိစေရေး  သတ်မှတ်စည်းကမ်းများအတိုင်း ကြပ်မတ်ဆောင် ရွက်ရန်လိုကြောင်း။

 


လုပ်ပိုင်ခွင့်များအတိုင်း ဆောင်ရွက်


တိုင်းဒေသကြီးအတွင်း မြို့ပြ၊ ကျေးလက်ကွာဟ မှုများ လျော့နည်းစေရေး ဆောင်ရွက်ပေးကြရန်လို ကြောင်း၊ ထို့ကြောင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးရေး အတွက်   ဆောင်ရွက်ပေးပြီး   လိုအပ်ချက်များကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးရန်လိုကြောင်း၊  အုပ်ချုပ်ရေးပိုင်း၌  ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် သာ ဆောင်ရွက်လျက်ရှိ၍ ဥပဒေအရပေးထားသည့် လုပ်ပိုင်ခွင့်များအတိုင်း ဆောင်ရွက်ရန်လိုကြောင်း၊ အုပ်ချုပ်သည့်အစိုးရအဖွဲ့အနေဖြင့်   မြို့နယ်၊  ခရိုင်၊ ပြည်နယ်နှင့်    တိုင်းဒေသကြီးအဆင့်ဆင့်တို့တွင် ဥပဒေနှင့်အညီ ပြည်သူများ၏ ကောင်းကျိုးအတွက် ဆောင်ရွက်ပေးရန်လိုသဖြင့်   လုပ်သင့်သည့်အရာ အားလုံး  လုပ်ဆောင်ရန်လိုကြောင်းဖြင့်  မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်