နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် တက်ရောက်ဖွင့်လှစ်

 

နေပြည်တော်   ဇန်နဝါရီ   ၂၉


(၇၅)နှစ်မြောက်     စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ဖွင့်ပွဲအခမ်း အနားကို   ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ     ဝဏ္ဏသိဒ္ဓိဘောလုံး   အားကစားကွင်း၌   ကိုဗစ်-၁၉   ရောဂါ  ကာကွယ်၊    ထိန်းချုပ်ရေး    စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ  ကျင်းပရာ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်    တက်ရောက် ဖွင့်လှစ်ပေးသည်။

 


ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်၏      ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး  စိုးဝင်းနှင့်ဇနီး   ဒေါ်သန်းသန်းနွယ်၊  ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဇနီး၊  ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊  ဒုတိယ ဗိုလ်ချုပ်ကြီး  မိုးမြင့်ထွန်း၊  မန်းငြိမ်းမောင်၊ ဒေါ်အေးနု စိန်၊    Jeng  Phang  နော်တောင်၊   ဦးမောင်းဟာ၊စောဒန်နီယယ်နှင့်  တွဲဖက်အတွင်းရေးမှူး  ဒုတိယ ဗိုလ်ချုပ်ကြီး     ရဲဝင်းဦးနှင့်ဇနီး၊     ပြည်ထောင်စု တရားသူကြီးချုပ်  ဦးထွန်းထွန်းဦး၊   ပြည်ထောင်စု ဝန်ကြီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများနှင့်     ကျောင်းသား၊    ကျောင်းသူများ တက်ရောက်ကြသည်။

 


ဖဲကြိုးဖြတ်ဖွင့်လှစ်


ဦးစွာ အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ နှင့်    အားကစားနှင့်   လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က  စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေ ပွဲတော် ဆိုင်းဘုတ်ကို   စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး ပြီး     အခမ်းအနားဖျော်ဖြေရေးတွင်     ပါဝင်သည့် ကျောက်ဆည် ဆင်အကအဖွဲ့အား      ချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် အခမ်းအနား တက်ရောက် လာကြသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် လူငယ်နှင့်စာပေ ပွဲတော်တွင် ခင်းကျင်းပြသထားသည့် ပြန်ကြားရေး ဝန်ကြီးဌာန    ပြခန်းများ၊    ကျန်းမာရေးဝန်ကြီးဌာန ပြခန်းများ၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက် ဦးစီးဌာနပြခန်း၊   ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေး ဝန်ကြီးဌာနပြခန်း၊   သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြခန်းများ၊    လေကြောင်းပညာရပ်ဆိုင်ရာ    ပြခန်း များနှင့် ပညာရေးဝန်ကြီးဌာန ပြခန်းများအား ပြခန်း တစ်ခုချင်းစီအလိုက် အသေးစိတ်လှည့်လည်ကြည့်ရှု ၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ်  သိရှိလိုသည်များကို မေးမြန်းပြီး လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


ဆက်လက်ပြီး      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည်    ကျောင်းသား၊ ကျောင်းသူများ၏    ကာတွန်းရုပ်ပြောင် ပန်းချီရေးဆွဲခြင်း၊ ပန်းချီပြိုင်ပွဲ၊ အိမ်ဆောက်ကစားခြင်း၊      စကားပုံဆက်ကစား ခြင်းများအား     လှည့်လည်ကြည့်ရှု     အားပေးပြီး ကျောင်းသား၊ ကျောင်းသူလေးများကို လက်ဆောင်  ပစ္စည်းများ ပေးအပ်သည်။

 


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ဇနီး၊     အခမ်း အနား  တက်ရောက်လာကြသူများသည်  မြန်မာ့အသံ တေးဂီတအဖွဲ့၊ အနုပညာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေတင်ဆက်သည့် သွေးရင်း များပီပီ၊   ပြည်မြန်မာ၊   လူချွန်လူကောင်း၊   လုလင် ငယ်သွေးနှင့် သွေးချင်းတို့ ဌာနေမြန်မာပြည် သီချင်း များဖြင့်   သရုပ်ဖော်သီဆိုကပြမှုများကို   ကြည့်ရှု အားပေးကြသည်။

 


ယင်းနောက်          နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့ထံ  ကျောင်းသား၊ ကျောင်းသူ ၂ ဦးက လူငယ်နှင့်စာပေ ပွဲတော်အထိမ်းအမှတ် အမှတ်တရပစ္စည်းကို ပေးအပ် ပြီး       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖျော်ဖြေတင်ဆက်မှုတွင်ပါဝင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ များအတွက် ဂုဏ်ပြုလက်ဆောင်များနှင့် အားကစား ပစ္စည်းများပေးအပ်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ 

 


ယနေ့ကျင်းပပြုလုပ်သည့်    (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်တွင် ပြခန်းပေါင်း ၄၀ ကျော်ပြသထားပြီး ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ပြသသွားမည် ဖြစ်ကာ    ကျောင်းသား၊   ကျောင်းသူများအနေဖြင့် လာရောက်လေ့လာနိုင်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်