နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုတိယအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး ( 2nd ASEAN Digital Ministers’ Meeting – 2nd ADGMIN ) နှင့် ဆက်စပ်အစည်းအဝေး ဖွင့်ပွဲ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုတိယအကြိမ်မြောက် 
အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး  ( 2nd ASEAN Digital Ministers’ Meeting – 2nd ADGMIN ) နှင့်
ဆက်စပ်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ Video Message ပေးပို့၍ အဖွင့်အမှာစကားပြောကြား

 

နေပြည်တော်   ဇန်နဝါရီ   ၂၇ 


ဒုတိယအကြိမ်မြောက်        အာဆီယံဒစ်ဂျစ်တယ် ဆိုင်ရာ    ဝန်ကြီးများအစည်းအဝေး    (2nd ASEAN Digital Ministers’ Meeting – 2nd ADGMIN)  ကို ယနေ့နံနက် ၉  နာရီတွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Video   Message   ပေးပို့၍    အဖွင့်အမှာစကား ပြောကြားသည်။ 

 


စုစုပေါင်း  ၇၆ ဦး တက်ရောက်


အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း    ဦးဆောင်၍     ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊       ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာ    တာဝန်ရှိသူများက    နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်    ဆက်သွယ်ရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး    အစည်းအဝေးခန်းမမှ တက်ရောက်ကြပြီး အာဆီယံ ၁၀ နိုင်ငံမှ ဒစ်ဂျစ် တယ်ဆိုင်ရာ   ဝန်ကြီးများ၊     ဒုတိယဝန်ကြီးများ၊  အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်နှင့်  တာဝန် ရှိသူများ    အပါအဝင်   ကိုယ်စားလှယ် စုစုပေါင်း  ၇၆ ဦး တက်ရောက်ကြသည်။

 


ဂုဏ်ပြုဖွင့်လှစ်


အစည်းအဝေး            ဖွင့်ပွဲအခမ်းအနားတွင်  ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်သီချင်းနှင့် ASEAN သီချင်းတို့ကို ဂုဏ်ပြုဖွင့်လှစ်သည်။

 


အဖွင့်အမှာစကားပြောကြား


အစီအစဉ်အရ ဒုတိယအကြိမ်မြောက် အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးသို့  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး     မင်းအောင်လှိုင်က ဗီဒီယိုမက်ဆေ့     ပေးပို့၍        အဖွင့်အမှာစကား ပြောကြားသည်။ 

 


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ အဖွင့်အမှာစကားကို စာမျက်နှာ ၄ တွင် သီးခြား ဖော်ပြထားသည်။)


ထို့နောက်  ဒုတိယအကြိမ်မြောက်  အာဆီယံ ဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးတွင်  အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည့်  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ယင်းနောက် ဒုတိယအကြိမ်မြောက် အာဆီယံ ဒစ်ဂျစ်တယ်ဝန်ကြီးများ    အစည်းအဝေးသို့   တက် ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး မြန်မာ့ယဉ်ကျေးမှုနှင့် သဘာဝ အလှအပများကို ဖော်ကျူးသည့် ဗီဒီယိုကို ဖွင့်လှစ် ပြသကာ     ဖွင့်ပွဲအခမ်းအနားကို     ရုပ်သိမ်းလိုက် သည်။ 

 


ဆွေးနွေးအတည်ပြု


ထို့နောက်    အစည်းအဝေးကို     ဆက်လက် ကျင်းပရာ ၂၀၂၁  ခုနှစ်အတွက် ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ခဲ့သည့်   မလေးရှားနိုင်ငံ   ဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာဝန်ကြီးဌာနဝန်ကြီး      ကိုယ်စား ဒုတိယအထွေထွေအတွင်းရေးမှူး  Madam Mastura  Ahmad Mustafa  က အဖွင့်အမှာစကား ပြောကြားပြီး  အစည်းအဝေးတွင် လက်ရှိဥက္ကဋ္ဌအဖြစ် ဆောင် ရွက်မည့်     ပြည်ထောင်စုဝန်ကြီး      ဗိုလ်ချုပ်ကြီး တင်အောင်စန်းက    နှုတ်ခွန်းဆက်     အမှာစကား ပြောကြားသည်။ ယင်းနောက် အာဆီယံဒစ်ဂျစ်တယ် ဆိုင်ရာ ဝန်ကြီးများက ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက်နှင့် (၃၉)   ကြိမ်မြောက်  အာဆီယံထိပ်သီး   အစည်း အဝေးများ၏ ရလဒ်များ အကောင်အထည်ဖော်မှု အပေါ်     လမ်းညွှန်မှုပေးခြင်းနှင့်   ဒုတိယအကြိမ် မြောက်  အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး၏    ဆောင်ပုဒ်ဖြစ်သည့်    “ Digital Transformation: the Engine for ASEAN Econo-mic Recovery from COVID-19”  “ ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်း  –  ကိုဗစ်  (၁၉)   အလွန် အာဆီယံဒေသ စီးပွားရေး ပြန်လည်ကောင်းမွန်လာ စေမည့်တွန်းအား” နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို အစည်းအဝေး တက်ရောက်လာကြသည့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊  အာဆီယံအထွေထွေ  အတွင်း ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံအလိုက် အလှည့်ကျ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 


ထို့နောက်    အစည်းအဝေးကို    ဆက်လက် ကျင်းပရာ ၂၀၂၁ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အိုင်စီတီကဏ္ဍဆိုင်ရာ စီမံကိန်း လုပ်ငန်းများ၏    ဆောင်ရွက်ချက်နှင့်   တိုးတက်မှု များအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ ၂၀၂၂ ခုနှစ် အတွင်း အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (ASEAN Digital Senior Officials’ Meeting-ADGSOM) နှင့် အာဆီယံဆက်သွယ်ရေး ဥပဒေပြုသူများကောင်စီ  အစည်းအဝေး   (ASEAN Telecommunication Regulators’ Council Meeting – ATRC) အောက်မှ ဆောင်ရွက်ရန်ရှိသည့် စီမံကိန်းများနှင့်စပ်လျဉ်း၍      ဆွေးနွေးအတည်ပြု ခြင်း၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ်       ဆွေးနွေးအတည်ပြုခြင်း၊ နေပြည်တော်    ကြေညာချက်   (Nay   Pyi   Taw Declaration)  အား မှတ်တမ်းတင်ခြင်းနှင့် ဒုတိယ အကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ် ဆိုင်ရာဝန်ကြီး များအစည်းအဝေး၏   ပူးတွဲသတင်းထုတ်ပြန်ချက် (Joint  Media  Statement)  အပေါ် ဆွေးနွေး အတည်ပြုခြင်းများဆောင်ရွက်ကာ အစည်းအဝေး ပထမနေ့အစီအစဉ်ကို ရုပ်သိမ်းလိုက်သည်။

 


အာဆီယံအနေဖြင့်   ၂၀၀၁  ခုနှစ်မှ  စတင်၍ ဝန်ကြီးများအဆင့် အစည်းအဝေးများကို ဆက်သွယ် ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး (Telecommunications and   Information   Technology    Ministers’ Meeting-TELMIN)” အမည်ဖြင့် (၁၉) ကြိမ် ကျင်းပ ခဲ့ပြီးဖြစ်သည်။   ၂၀၂၀   ပြည့်နှစ်မှစ၍    အဆိုပါ အစည်းအဝေးအား “အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး   (ASEAN    Digital Ministers’ Meeting-ADGMIN)” အဖြစ် အမည် ပြောင်းလဲ ကျင်းပခဲ့သည်။ အစည်းအဝေးများအား အက္ခရာစဉ်အလိုက် အလှည့်ကျလက်ခံကျင်းပခဲ့ရာ  မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်တွင် အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် (၁၁) ကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို နေပြည်တော် တွင်  တစ်ကြိမ်လက်ခံကျင်းပခဲ့ပြီး ယနေ့အစည်း အဝေးသည် မြန်မာနိုင်ငံအနေဖြင့် ဒုတိယအကြိမ် မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ဝန်ကြီး များအဆင့် အစည်းအဝေးဖြစ်ကြောင်း သိရသည်။ 

 


ယခုနှစ် အစည်းအဝေးကို အာဆီယံစီးပွားရေး၏ အလုံးစုံဖွံ့ဖြိုးတိုးတက်မှုများတွင် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်း၏ အရေးပါမှုကို အသိအမှတ်ပြုပြီး  ဒေသတွင်း ကိုဗစ် - ၁၉ ကူးစက်ရောဂါကြောင့် ခံစား ခဲ့ရသော စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှု များကို လျော့ပါးသက်သာစေရန်၊ အာဆီယံဒစ်ဂျစ် တယ် မဟာဗျူဟာ ၂၀၂၅ တွင် အကောင်အထည်ဖော်  ဆောင်ရွက်မည့်  အကြောင်းအရာများ၊ ဒေသတွင်း  ဒစ်ဂျစ်တယ်  ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ် များကို   ဆွေးနွေးရန်နှင့်   အကြိမ်  (၂၀)  မြောက် အာဆီယံစီးပွားရေး         အသိုက်အဝန်းကောင်စီ     (ASEAN Economic Community Council - AECC) အစည်းအဝေးက  အတည်ပြုခဲ့သော   ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး  အစီအစဉ်အား အကျိုးရှိစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။

 


ဒုတိယအကြိမ်မြောက်    အာဆီယံဒစ်ဂျစ်တယ် ဆိုင်ရာဝန်ကြီးများအစည်းအဝေး၏ ဒုတိယနေ့ကို  ဇန်နဝါရီ ၂၈ ရက်တွင် ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်