နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့၊  မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

 

 

နေပြည်တော်    ဇန်နဝါရီ    ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော် ဝန်ကြီးချုပ်             ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည်  အဖွဲ့ဝင်များ၊   မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးချုပ်၊      အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်     တာဝန် ရှိသူများ  လိုက်ပါ၍    ယနေ့နံနက်ပိုင်းတွင်   မန္တလေး တိုင်းဒေသကြီး   ချမ်းမြသာစည်မြို့နယ်ရှိ    မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား      သွားရောက်ဖူးမြော် ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ဂေါပက ဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက် ကြသည်။ 
ဘက်စုံအလှူငွေများပေးအပ်လှူဒါန်း
ထို့နောက်  မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား   ဖူးမြော်ကြည်ညိုကာ     ပန်း၊   ရေချမ်းနှင့်  ရွှေသင်္ကန်း များ   ကပ်လှူပူဇော်ကြပြီး     ရုပ်ရှင်တော်မြတ်ကြီး အတွက်     ဘက်စုံအလှူငွေများ   ပေးအပ်လှူဒါန်းရာ ဂေါပကဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များက   လက်ခံရယူကြ သည်။
လက်ယာရစ် လှည့်လည်ပူဇော်
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်သည်   ဘုရားပရိဝုဏ် တော်အတွင်း     လက်ယာရစ်   လှည့်လည်ပူဇော်၍ ရေရှည်တည်တံ့ခိုင်မြဲရေး     ထိန်းသိမ်းဆောင်ရွက် ထားရှိမှုအခြေအနေများနှင့်     မဟာမုနိပိဋကတ်တိုက် တော်ကြီး    ပြုပြင်မွမ်းမံနေမှု   အခြေအနေများကို ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။
စနစ်တကျမှတ်တမ်းတင်ထားရှိ
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင်များသည် ဘုရားပရိဝုဏ်တော်အတွင်းရှိ         မြန်မာ့လက်မှု အနုပညာပစ္စည်းများပြခန်းနှင့်  သမိုင်းပန်းချီပြခန်း တို့အတွင်း  လှည့်လည်ကြည့်ရှု၍  ပြခန်းများအတွင်း ခင်းကျင်းပြသထားသည့်   ပစ္စည်းများနှင့်  ပန်းချီကား များသည်    တန်ဖိုးဖြတ်၍မရသည့်    သမိုင်းဝင်ပစ္စည်း များ၊ လက်ရာများဖြစ်သည့်အတွက်  ရေရှည်တည်တံ့ ခိုင်မြဲအောင်  ထိန်းသိမ်းထားရှိရန်လိုအပ်သည့် အခြေ အနေ၊   သမိုင်းအချက်အလက်များကို  စနစ်တကျ မှတ်တမ်းတင်ပြုစုထားမှသာလျှင်           နောင်လာ နောက်သားများ အလွယ်တကူလေ့လာနိုင်ပြီး တန်ဖိုး ထားနိုင်မည်ဖြစ်သဖြင့်  ရှေးဟောင်းပစ္စည်းများ၏ အလှူရှင်များမှတစ်ဆင့်     ခေတ်ကာလအထောက် အထားများ၊    အချက်အလက်များကို      ပြုစု၍ စနစ်တကျ      မှတ်တမ်းတင်ထားရှိရန်     လိုအပ်သည့် အခြေအနေ၊   ပြုပြင်မွမ်းမံမှုများ  ပြုလုပ်ရာတွင် မူလအမှတ်အသားနှင့်      အထောက်အထားများ ပျောက်ပျက်မှုမရှိစေရေး  ကျွမ်းကျင်ပညာရှင်များနှင့် ဆောင်ရွက်ရန်လိုအပ်သည့်      အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။                    သတင်းစဉ်