နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့ မဟာဝိဇိတာရုံကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီနှင့်  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
မန္တလေးမြို့ မဟာဝိဇိတာရုံကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် 
လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ မန္တလေးတောင်ဆုတောင်းပြည့်မြတ်စွာဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို

 

နေပြည်တော်   ဇန်နဝါရီ   ၂၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊   အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင်    မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ်ရှိ မဟာဝိဇိတာရုံကျောင်းတိုက်၊ သာသနဟိတကာရီဓမ္မဗိမာန်သို့      သွားရောက်၍ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 


မေးမြန်းလျှောက်ထား


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံတော်ဩဝါဒါစရိယ မဟာဝိဇိတာရုံကျောင်းတိုက်ပဓာနနာယက ဆရာ တော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသ အား ဖူးမြော်ကြည်ညို၍ ကျန်းမာရေးအခြေအနေများ အား မေးမြန်းလျှောက်ထားပြီး   လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးနိုင်ရေး        တာဝန်ရှိသူများကို မှာကြားသည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငါးပါးသီလခံယူဆောက်တည်ကြပြီး   တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ပရိက္ခရာ(၈)ပါးစုံ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မ အလှူ ငွေကျပ်သိန်း ၁၅၀၊  ဆွမ်းဆန်တော်အိတ် ၅၀၊ ပဲ ငါးအိတ်၊  ဆီ ၁၀ ပုံး၊ အာလူး ၁၀ အိတ်၊ ကြက်သွန် ၁၀ အိတ်၊   အာဟာရဖြည့်စားသောက်ဖွယ်ရာများ နှင့် ဆေးပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

 


ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်း


ညနေပိုင်းတွင်          နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင် များသည် မန္တလေးမြို့ ကျက်သရေဆောင် မန္တလေး တောင် ဆုတောင်းပြည့်မြတ်စွာဘုရားသို့ သွားရောက် ဖူးမြော်ကြည်ညိုရာ   ဂေါပကအဖွဲ့ဝင်များက ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက်    မန္တလေးတောင် ဆုတောင်းပြည့် မြတ်စွာဘုရားအား ဖူးမြော်ကြည်ညို ကာ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး ဘက်စုံအလှူ ငွေများ   ပေးအပ်လှူဒါန်းရာ    ဂေါပကအဖွဲ့ဝင် များက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။  

 


ထိန်းသိမ်းဆောင်ရွက်


ယင်းနောက်  မန္တလေးမြို့ ကျက်သရေဆောင် မန္တလေးတောင် ဆုတောင်းပြည့် မြတ်စွာဘုရားကြီး အား လက်ယာရစ်  လှည့်လည်ဖူးမြော်ကြည်ညိုပြီး သမိုင်းဝင် မန္တလေးတောင်တော်နှင့် ဆုတောင်းပြည့် မြတ်စွာဘုရားကြီး တောင်တက်လမ်း၊ စောင်းတန်း များ၊ ရင်ပြင်တော်နှင့်    ဘုရားကြီး၏ အမိုးပြာသာဒ် များ ရေရှည်တည်တံ့ခိုင်မြဲမှုရှိအောင်      ထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်သည်များနှင့်   ပတ်သက်၍ တာဝန်ရှိသူများအား မှာကြားသည်။

 


လက်မှတ်ရေးထိုးပူဇော်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင်          လက်မှတ်ရေးထိုးပူဇော်ခဲ့ ကြောင်း သတင်းရရှိသည်။               

သတင်းစဉ်