နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထားဝယ်မြို့ကျက်သရေဆောင် လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို

 

နေပြည်တော်   ဇန်နဝါရီ   ၁၄

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ       အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊     မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး     ဒုတိယဗိုလ်ချုပ်ကြီး    ရဲဝင်းဦး၊   ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊   ဦးခင်မောင်ရီ၊  ဦးအောင်သန်းဦး၊ ဦးခင်ရီ၊ ဒေါက်တာ ညွန့်ဖေ၊    ဦးရွှေလေး၊    တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိကြီးများ၊    ကမ်းရိုး တန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး     ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများ    လိုက်ပါ၍   ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ကျက်သရေဆောင်     လောကမာရဇိန်         ရုပ်ပွားတော်မြတ်ကြီးနှင့်    ရွှေတောင်စားစေတီတော်မြတ်ကြီးသို့     သွားရောက် ဖူးမြော်ကြည်ညိုသည်။

 


 ဖူးမြော်ကြည်ညို


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် လောက မာရဇိန်ရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ဆီမီးများ   ကပ်လှူပူဇော်ပြီး    ဖူးမြော်ကြည်ညို၍ အလှူငွေများ    ပေးအပ်လှူဒါန်းရာ   ဘုရားဂေါပက အဖွဲ့ဝင် ဦးကြည်ဝင်းနှင့်   အဖွဲ့ဝင်များက လက်ခံ  ရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ  ပြန်လည်ပေးအပ် သည်။    ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် လောက မာရဇိန်ရုပ်ပွားတော်မြတ်ကြီး    ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

 


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေတောင်စားစေတီတော်ကြီးရှိ    ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုသည်။

 


လှည့်လည်ကြည့်ရှု


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စေတီတော်ကြီးပရိဝုဏ်အတွင်းရှိ သမိုင်းဝင်ဖိုးမြတ် သိုင်းဖွား     ရွှေနှုံးသမုတ်  သိမ်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား   ပန်း၊  ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး သိမ်တော်ကြီးအား  ရှေးမူလက်ရာ မပျက်     ထိန်းသိမ်းထားရှိမှု   အခြေအနေများကို လှည့်လည်ကြည့်ရှု၍   လိုအပ်သည်များမှာကြား    သည်။

 


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည်  စေတီတော်ကြီး ပရိဝုဏ်အတွင်းရှိ  မဟာဝိဇယခေမသီတလ နိဗ္ဗူတ ဃောသ မဟာခေါင်းလောင်းတော်ကြီးကို ငါးချက် ထိုး၍ ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်