နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် ရှရီ ဟာ့ရှ် ဗာ့ဒ်ဟန် ရှရင်ဂလာ အား လက်ခံတွေ့ဆုံ

 

 နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်မည့် အခြေအနေများဆွေးနွေး

 

နေပြည်တော် ဒီဇင်ဘာ  ၂၃

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန်  ရှရီ ဟာ့ရှ် ဗာ့ဒ်ဟန် ရှရင် ဂလာ အား    ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်တိုင်းစစ်ဌာနချုပ်  ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။     

 


ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ       နှစ်နိုင်ငံ    အစိုးရနှင့် တပ်မတော်      နှစ်ရပ်အကြား  ချစ်ကြည်ရေးခရီးစဉ်များ အပြန် အလှန်   သွားရောက်ခဲ့မှု   အခြေ အနေ၊  နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မှုများကြောင့်      နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးတက်ခဲ့မှု အခြေ အနေနှင့် ကုန်သွယ်မှုများ ဆောင် ရွက်ရာတွင်  နှစ်နိုင်ငံတိုက်ရိုက် ကုန်သွယ်နိုင်ရေး     ဆောင်ရွက်နိုင်  မည့်အခြေအနေ၊      ပင်လယ် ရေကြောင်း  တိုက်ရိုက်ကုန်သွယ် ရေးဆိုင်ရာ  ဆောင်ရွက်နိုင်မည့် အခြေအနေ၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပိုမိုပူးပေါင်း ဆောင်ရွက်မည့်     အခြေအနေ၊   မြန်မာနိုင်ငံတွင်     လျှပ်စစ်ဓာတ် အား   ထုတ်လုပ်မှုများအတွက်    လိုအပ်သည့်      အခြေခံအဆောက် အဦများအား အိန္ဒိယနိုင်ငံမှ ရင်းနှီး မြှုပ်နှံဆောင်ရွက်မည့်     အခြေ အနေ၊     လေ့ကျင့်ရေးနှင့်ပညာ သင်ကြားရေး     အခြေအနေ၊      စိုက်ပျိုးမွေးမြူရေး  လုပ်ငန်းများ        ဖွံ့ဖြိုး   တိုးတက်စေရေးအတွက် နည်းပညာရပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍       အိန္ဒိယနိုင်ငံမှ   ကူညီ    ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ၊  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊   ထိန်းချုပ်၊  ကုသရေး အတွက် အိန္ဒိယနိုင်ငံမှ ကာကွယ် ဆေးများ    ရောင်းချပေးနေမှုနှင့်   လှူဒါန်းပေးနေမှု    အခြေအနေ၊   ၂၀၂၀ ပြည့်နှစ်      အထွေထွေ ရွေးကောက်ပွဲတွင်     မဲမသမာမှု များ  ဖြစ်ပွားခဲ့မှုကြောင့်   ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် အညီ    တပ်မတော်မှ   နိုင်ငံတော် တာဝန်အား    ထမ်းဆောင်ခဲ့ရမှု အခြေအနေ၊  အကြမ်းဖက်အဖွဲ့ များမှ  နိုင်ငံအတွင်း   အကြမ်းဖက် လုပ်ရပ်များ      ဆောင်ရွက်နေမှု အခြေအနေနှင့်     အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ဆောင်ရွက် နေမှုအခြေအနေ၊  ပညာရေးနှင့် ကျန်းမာရေး   ဝန်ထမ်းများအား အကြမ်းဖက်မှုအပေါ်  တုံ့ပြန်ရေး အခြေအနေ၊  နှစ်နိုင်ငံ  နယ်စပ် ဒေသ     တည်ငြိမ်အေးချမ်းရေး အတွက်  ဆောင်ရွက်နေမှု အခြေ အနေများအား     ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်       ဆွေးနွေးကြ သည်။

 


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယ နိုင်ငံ  ပြည်ပရေးရာဝန်ကြီးဌာန     နိုင်ငံခြားရေးအတွင်းဝန်တို့သည် အမှတ်တရ   လက်ဆောင်ပစ္စည်း များ    အပြန်အလှန်     ပေးအပ်ကြ သည်။

 


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အတူ ကောင်စီ   တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး    ရဲဝင်းဦး၊   နိုင်ငံခြားရေး    ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး    ဦးဝဏ္ဏ မောင်လွင်၊         ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား     စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ  ပြည်ပရေးရာဝန်ကြီးဌာန     နိုင်ငံ ခြားရေး     အတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ     အိန္ဒိယနိုင်ငံ သံအမတ်ကြီး    H.E. Mr. Shri Saurabh Kumar ၊  အိန္ဒိယနိုင်ငံ   ပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။        

သတင်းစဉ်