နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း အဆင့််မြှင့်တင်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်    ဒီဇင်ဘာ    ၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်  ယနေ့နံနက်ပိုင်းတွင်  ကျင်းပပြုလုပ်သည့်  ပြင်ဦးလွင်မြို့  ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း(B.E FALLS) အဆင့််မြှင့်တင်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။                                                                                                                                              

m ရှေ့ဖုံးမှ


အဆိုပါ          အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊     နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ   ဇနီး   ဒေါ်ကြူကြူလှ၊ နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး  မောင်မောင်ကျော် နှင့်   ဇနီး၊     ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊    ကောင်စီတွဲဖက် အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများ၊  မန္တလေးတိုင်းဒေသ ကြီး  ဝန်ကြီးချုပ်၊  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊       အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်    တိုင်းမှူး၊    မန္တလေး မြို့တော်ဝန်နှင့်   တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ  တက်ရောက် ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်


ဦးစွာ      ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း  အဆင့်မြှင့်တင်      ဖွင့်လှစ်ခြင်း     အခမ်းအနားကို    မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမောင်ကို၊   ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ     ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်    မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း တို့က      ဖဲကြိုးဖြတ်ဖွင့်လှစ်ကြ သည်။    ထို့နောက်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ်က ပွဲကောက် ရေတံခွန်အပန်းဖြေစခန်း  မုခ်ဦး ဆိုင်းဘုတ်ကို     စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။


ယင်းနောက်       နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များအား မြဝတီတေးဂီတအဖွဲ့က  တေးသံသာများဖြင့် ကပြဖျော်ဖြေ ပြီး ပွဲကောက်ရေတံခွန် အပန်းဖြေ စခန်းဖြစ်ပေါ်လာပုံနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် ချက်နှင့်အညီ   ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ခဲ့မှုများကို  ရိုက်ကူး တင်ဆက်ထားသည့် Documentary ကိုပြသသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က    ကပြ ဖျော်ဖြေ    တင်ဆက်ခဲ့ကြသည့် ဖျော်ဖြေရေး     အဖွဲ့ဝင်များနှင့် ရိုက်ကူးရေးအဖွဲ့ဝင်များကို ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။


စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြ ပြီး ပွဲကောက်ရေတံခွန်အပန်းဖြေ စခန်းအတွင်း      လှည့်လည်၍ နိုင်ငံတကာ    အဆင့်မီ     LED မှန်တံတားပေါ်မှ ဖြတ်သန်းကြည့်ရှု ပြီး ရှေးခေတ်က ပြင်ဦးလွင်ဒေသ တွင် အသုံးပြုခဲ့သည့်မော်တော်ယာဉ် များ၊ ကြိုးတံတားနှင့် သစ်လုံးအိမ် တို့ ထည့်သွင်း

m စာမျက်နှာ ၄ မှ


တည်ဆောက်ထားရှိမှုကို  လှည့် လည်ကြည့်ရှုပြီး ဆင်ကလေးများ ကို အစာကျွေးသည်။ ထို့နောက် ရေတံခွန် လာရောက်လည်ပတ်သူ များ လှည့်လည်ကြည့်ရှုနိုင်ရန် ဖောက်လုပ်ထားသည့် တောတွင်း လျှောက်လမ်းအတိုင်း လှည့်လည် ကြည့်ရှုကြသည်။


ကြည့်ရှုအားပေ


ယင်းနောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်   ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းအတွင်း     အမိုး ပါ  ကလေးအားကစားကွင်းတွင်      နယ်လှည့်  ပြည်သူ့ဆက်ဆံရေး တပ်ဖွဲ့မှ မျက်လှည့်ပြသမှုပြကွက် များကို      ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ      ပေးအပ်ကာ ဒေသထွက်    ပစ္စည်းအရောင်း ဆိုင်များ၊   Smart  P  ရှပ်အင်္ကျီ အရောင်းဆိုင်၊      နေရောင်ခြည် စွမ်းအင်သုံး   စိုက်ပျိုးရေးရေသုံး ဆိုလာနည်းစနစ်နှင့် စိုက်ခင်းများ အား ဆိုလာနည်းစနစ်ဖြင့် ရေဖျန်း  နေမှုများအား လှည့်လည်ကြည့်ရှု အားပေးသည်။
အဆိုပါ       ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းသည်       ပွဲကောက် ကျေးရွာအနီး  မန္တလေး-လားရှိုး  မီးရထားလမ်းနှင့်         ကားလမ်းတို့ အကြားတွင် တည်ရှိပြီး   ၁၉၄၉   ခုနှစ်တွင်    ပြင်ဦးလွင်မြို့အား သောင်းကျန်းသူများ   သိမ်းပိုက် ထားချိန်၌ ယခု ပွဲကောက်ရေတံခွန် တည်ရှိရာနေရာတွင်   လေ့ကျင့် ရေး     အင်ဂျင်နီယာတပ်ရင်းမှ တပ်စွဲ၍  သောင်းကျန်းမှုများကို နှိမ်နင်းခဲ့သည့်အတွက် နောင်လာ နောက်သားများ အမှတ်တရရှိစေ ရေး     အပန်းဖြေစခန်းတစ်ခု တည်ဆောက်ရာမှ ပေါ်ပေါက်လာ ခြင်းဖြစ်ကြောင်း။


အဆင့်မြှင့်တင်


ပွဲကောက်ရေတံခွန်သည် ယခင် က စနစ်ကျသည့် အကွက်ချမှုမရှိ ခြင်း၊ ဈေးဆိုင်ခန်းများ  များပြား လာခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့် ပစ်ခြင်း၊ သစ်ပင်များခုတ်လှဲခြင်း များကြောင့်    သဘာဝပတ်ဝန်း ကျင်နှင့်     ဂေဟစနစ်ပျက်စီး ယိုယွင်းမှုများ      ဖြစ်ပေါ်လာခဲ့ ကြောင်း၊  ထို့ကြောင့်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက် စစ်ဆေးစဉ်  လမ်းညွှန်ချက်များ အရ   ယခုကဲ့သို့  အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်း   ဆောင်ရွက်ခဲ့  ခြင်းဖြစ်ကြောင်း၊      ရေတံခွန် အတွင်း       ရေသန့်စင်စေရေး သဘာဝရေသန့်စင်စနစ်ကို အသုံး ပြုထားသဖြင့် ရေကစားလိုသူများ အနေဖြင့်လည်း      သန့်ရှင်းပြီး ကျန်းမာရေးနှင့်      ညီညွတ်စွာ ရေကစားမှု ပြုနိုင်မည်ဖြစ်ကြောင်း၊ အပန်းဖြေစခန်းအတွင်း ရေတံခွန် သုံးခုရှိပြီး မြန်မာနိုင်ငံတွင် ပထမ ဆုံး  LED  မှန်တံတားကိုလည်း ကမ္ဘာ့အဆင့်မီစွာဖြင့်  ထည့်သွင်း  ဆောက်လုပ်ထားကာ မှန်တံတား အောက်ခြေရှုခင်းများကို  ရင်ခုန် စိတ်လှုပ်ရှားစွာ ခံစားနိုင်မည်ဖြစ် ကြောင်း၊ ပန်းမြို့တော်၊ ခရီးသွား မြို့တော်ဖြစ်သည်နှင့်အညီ ပန်းမျိုး စုံကို   စိုက်ပျိုးထားရှိပြီး  နှစ်စဉ် ပန်းပွဲတော်များကိုလည်း ကျင်းပ ပြုလုပ်သွားမည်     ဖြစ်ကြောင်း၊ လာရောက်      လည်ပတ်သူများ စိတ်အပန်းပြေစေရန် ရည်ရွယ်၍ အဆင့်မြှင့်တင်  ဆောင်ရွက်ထား ပြီး မှန်တံတား၊ ကြိုးတံတားများ အပြင် log house၊ coffee shop၊ တောတွင်း       လျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊     ကလေး ကစားကွင်းများ    စသည်တို့ကို ပြည့်စုံအောင်  ထည့်သွင်းအဆင့် မြှင့်တင်ထားရှိသည့်အပြင် လုံခြုံ ရေးနှင့်      ကူညီကယ်ဆယ်ရေး အတွက်လည်း     အသေးစိတ် ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။    

 
သတင်းစဉ်