နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ရှေးဟောင်းအမွေအနှစ်ဆိုင်ရာနေရာများ ပြုပြင်ထိန်းသိမ်းရန် ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဩဂုတ်  ၂၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ကောင်စီဝင်များဖြစ်ကြသည့်    ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်နှင့် ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိ ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ   အမွေအနှစ်နေရာများ   ပြုပြင်ထိန်းသိမ်းရန်  ဆောင်ရွက်နေမှုအခြေအနေများကို  သွားရောက်ကြည့်ရှုစစ်ဆေး သည်။  
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် တောင်ငူမြို့ရှိ နယ်မြေခံလေတပ် စခန်းဌာနချုပ်သို့ ရောက်ရှိကြရာ ပဲခူးတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊        တောင်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက်    တောင်ငူမြို့ နယ်မြေခံလေတပ်စခန်းဌာနချုပ် အစည်းအဝေးခန်းမ၌    သာသနာ ရေးနှင့်    ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး          ဒေါ်နုမြဇံက တောင်ငူ  ကေတုမတီမြို့ဟောင်း ဆိုင်ရာ   အချက်အလက်များနှင့် သမိုင်းအထောက်အထားများ၊ မြို့ ဟောင်းမြို့ရိုးနှင့်           ကျုံးတို့၏ တည်ရှိမှု         အခြေအနေများ၊ ကေတုမတီနန်းတော်နေရာအား ကွင်းဆင်းလျာထား  ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ မြို့လေး ခံတပ်ဆိုင်ရာ အချက်အလက်များ၊ မြို့ရိုးနှင့်ကျုံးကို            တူးဖော် သုတေသနပြု‌   ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က တောင်ငူ အကျဉ်းထောင်သစ်ဆောက်လုပ် ရန်  လျာထားဆောင်ရွက်လျက်ရှိမှု အခြေအနေများကို လည်းကောင်း၊ ကောင်စီဝင်၊  ဒုတိယဝန်ကြီးချုပ် နှင့်  ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက တောင်ငူမြို့ရှောင်        ရထားလမ်း တည်ဆောက်ရန် လျာထားဆောင် ရွက်လျက်ရှိမှုအခြေအနေများနှင့် ပဲခူး - တောင်ငူ မီးရထားလမ်းပိုင်း တွင်  အကြမ်းဖက်သမားများက မိုင်းထောင်  ဖောက်ခွဲဖျက်ဆီးမှု များနှင့်  သွားလာဆက်သွယ်မှုများ ပြတ်တောက်မှုမရှိစေရေး ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေ များကိုလည်းကောင်း၊ ဆောက်လုပ် ရေးဝန်ကြီးဌာန       ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့်က တောင်ငူမြို့ ကွက်သစ်ဖော်ထုတ်ရေး လျာထား ဆောင်ရွက်လျက်ရှိမှု အခြေအနေ များကိုလည်းကောင်း၊   ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်        ဦးမျိုး ဆွေဝင်းက   တောင်ငူခရိုင်  ဒေသ ဆိုင်ရာ   အချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း     ရှင်းလင်းတင်ပြ ကြသည်။
စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က    မြို့ရိုးနှင့်ပတ်သက်၍ တူးဖော်သုတေသနပြု  လုပ်ငန်း များ           ဆောင်ရွက်ရာတွင် ကျွမ်းကျင်သူများဖြင့် စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ မြို့ရိုး များ၊      မြို့ရိုးဝင်ပေါက်များနှင့် တံတားများကို       ပြန်လည်ပြုပြင် ထိန်းသိမ်း   တည်ဆောက်မှုများ ပြုလုပ်ရာတွင်   ဖြစ်နိုင်ဖွယ်ရာ အချက်အလက်များနှင့်     အညီ ဆောင်ရွက်သွားရန်     လိုကြောင်း၊ ကျုံးနှင့်တံတားများကို  ဦးစားပေး အနေဖြင့်   ဆောင်ရွက်ပြီး     ထိုမှ တစ်ဆင့် မြို့ရိုးများ၊ နန်းတော်ရာ နေရာများကို တစ်ဆင့်ပြီးတစ်ဆင့် ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊   ပြောင်းရွှေ့ရန်လိုအပ် သည့် ဝန်ကြီးဌာနအဆောက်အဦ များကို      ပြောင်းရွှေ့သွားရန်လို ကြောင်း၊    သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်နေရာများ ကို   ဥပဒေနှင့်အညီ  စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်လို ကြောင်း၊   အကျဉ်းထောင်အသစ် တည်ဆောက်မှုနှင့်   ပတ်သက်၍ လုံခြုံရေးအရ        စနစ်တကျ တွက်ချက်၍     သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ တည်ဆောက် သွားရန်လိုကြောင်း၊   ရထားလမ်း နှင့်ဘူတာရုံအသစ်  တည်ဆောက် ရာတွင်လည်း       အစကောင်းမှ အနှောင်းသေချာဆိုသည့်အတိုင်း ရေရှည်တည်တံ့    ကောင်းမွန်စေ ရေး    သတ်မှတ်စံချိန်စံညွှန်းများ အတိုင်း           လုပ်ငန်းစဉ်အဆင့် အလိုက်     အရည်အသွေးပြည့်မီ အောင်   တည်ဆောက်သွားရန်လို ကြောင်း၊       မြို့ကွက်သစ်များ ဖော်ထုတ်      ဆောင်ရွက်ရာတွင် လည်း  လမ်းဘေးဝဲယာ၌ သစ်ပင် များစိုက်ပျိုးနိုင်သည့် Green Area များကိုပါ      ကြိုတင်လျာထား ဆောင်ရွက်သွားရန်   လိုကြောင်း၊ တောင်ငူဒေသအတွင်း၌ သီးနှံများ စိုက်ပျိုးရာတွင်           သီးထပ်များ   စိုက်ပျိုးနိုင်ပါက    ဒေသအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမည်   ဖြစ် ကြောင်း၊     လယ်မြေများအား သီးထပ်စွမ်းအား ၂၀၀ ရာခိုင်နှုန်း ရရှိအောင်       ဆောင်ရွက်စေလို ကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း  စသည့်နည်းလမ်း(၄)သွယ် နှင့်အညီ စိုက်ပျိုးဆောင်ရွက်သွား မည်ဆိုပါက တစ်ဧကချင်းအထွက် နှုန်းများ ပိုမိုတိုးတက်လာမည်ဖြစ် ကြောင်း၊ ဒေသအတွက် စားရေး ကို    အထောက်အကူပြုစေရေး ဥစားကြက်နှင့်  အသားစားကြက် များကို   မွေးမြူသကဲ့သို့  ဒေသ ကြက်များ၊ ဒေသနွား၊ ဒေသဝက် များကိုလည်း   စနစ်တကျအစာ ကျွေးမွေး၍   ဆောင်ရွက်သွားနိုင် ကြောင်း၊ နို့စားနွားများကိုလည်း တိုးချဲ့ မွေးမြူသွားရန်လိုကြောင်း ဖြည့်စွက်မှာကြားသည်။
ဥပဒေနှင့်အညီကာကွယ်
ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ          ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က   အမှာ စကားပြောကြားရာတွင်   အဓိက အားဖြင့်            တောင်ငူမြို့ရိုး နှင့်     ကေတုမတီနန်းတော်ရာ ပြန်လည်           တည်ဆောက်ရေး အတွက်   လာရောက်ခဲ့ခြင်းဖြစ် ကြောင်း၊  ကေတုမတီမြို့ရိုးသည် ပြန်လည်       ဖော်ထုတ်သင့်သည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ် ကြောင်း၊      သမိုင်းကြောင်းအရ အထောက်အထား  သေချာသည့် နေရာများကို ပြန်လည်ဖော်ထုတ် သွားရန်လိုကြောင်း၊    အလားတူ မြို့ကွက်အသစ်များ   ဖော်ထုတ် ခြင်းနှင့်      ရွှေ့ပြောင်း၍ရသည့် အစိုးရရုံးဌာနဆိုင်ရာ  အဆောက် အဦများကို  ဦးစွာပြောင်းရွှေ့သွား ရန်လိုကြောင်း၊       ကေတုမတီ နန်းတော်ရာနှင့်    ပတ်သက်၍ အတည်ပြု၍ရသည့်   နေရာများ၊ ဘုတ်တလုတ်ကန်            နေရာများ ကို    ပြန်လည်ဖော်ထုတ်ရာတွင် ရှေးဟောင်းဥပဒေနှင့်         အညီ ဆောင်ရွက်သွားရမည်       ဖြစ် ကြောင်း၊  ရှေးဟောင်းအမွေအနှစ် နေရာများကို      ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်း  ဆောင်ရွက် သွားရန်လိုကြောင်း။
စိမ်းလန်းစိုပြည်ရေး
ဆောင်ရွက်
အဆောက်အဦများ  ဆောက် လုပ်ရေးနှင့်ပတ်သက်၍  တောင်ငူ မြို့   ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားရန်နှင့်   စံချိန် စံညွှန်းများ   ပြည့်မီစေရေးဆောင် ရွက်သွားရန်လိုကြောင်း၊ မြို့ကွက် သစ်များ ဖော်ထုတ်ရာတွင်လည်း စနစ်တကျဖော်ထုတ်          ရန်လို ကြောင်း၊   လူနေရပ်ကွက်များရှိ အိမ်ခြံမြေများအတွင်း သစ်ပင်များ စိုက်ပျိုးရန်နှင့်      လမ်းဘေးဝဲယာ များတွင်      သစ်ပင်များစိုက်ပျိုး၍ စိမ်းလန်းစိုပြည်ရေးကို   ဆောင် ရွက်ရန်လိုကြောင်း၊       လမ်းများ ဖောက်လုပ်ရာတွင်လည်း  လူသွား ပလပ်ဖောင်းများကို          အမှန် တကယ်          အသုံးပြုနိုင်သည့် လမ်းများဖြစ်အောင်  ဆောက်လုပ် ရန်လိုကြောင်း၊   မြို့ကွက်အသစ် တည်ဆောက်ရာတွင်    လူနေမှု အဆင့်နှင့်လျော်ညီသည့် ဆေးရုံ၊ ကျောင်း၊ မီးသတ်အဆောက်အဦ များ၊   ဈေးများနှင့်    ဌာနဆိုင်ရာ အဆောက်အဦများကို စနစ်တကျ ဖြင့်           တွက်ချက်ထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်း။
ခပေါင်းဆည်မှရရှိသည့်  ရေ များကိုလည်း    စနစ်တကျဖြင့် သုံးစွဲရန်လိုကြောင်း၊ ရေကြီးရေလျှံ မှုများ   မရှိစေရေးအတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်သွား ရန်လိုကြောင်း၊            ပညာရေးနှင့် ပတ်သက်၍    မိမိတို့အနေဖြင့် တတ်နိုင်သမျှ   ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိကြောင်း၊  ပဲခူး-တောင်ငူ   မီးရထားလမ်းပိုင်းကို လည်း      အကြမ်းဖက်သောင်း ကျန်းသူများက          မကြာခဏ မိုင်းထောင်  ဖောက်ခွဲခြင်းများရှိ သကဲ့သို့  ပညာသင်ကြားရေးဖြစ် သည့်    စာသင်ကျောင်းများကို လည်း   နှောင့်ယှက်မှုများပြုလုပ် လျက်ရှိကြောင်း၊ ပညာသင်ကြား ရေးနှင့်ပတ်သက်၍  ကျောင်းနေ အရွယ်ကလေးတိုင်း           ပညာ သင်ကြားနိုင်ရေးနှင့်  KG + 12 အောင်မြင်ပြီးသူများအနေဖြင့် လည်း တက္ကသိုလ်ကောလိပ်များ သို့ ဆက်လက်တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီ ပိတ်ထားခဲ့ရသည့်  စာသင်ကျောင်း များ         ပြန်လည်ဖွင့်လှစ်ချိန်တွင် လည်း  ကျောင်းသား၊ ကျောင်းသူ များ   အတန်းပညာ အမှန်တကယ်   တတ်မြောက်စေရေး     အချိန်ပို သင်ကြားဆောင်ရွက်ပေးရန်  လို ကြောင်း၊ အမှန်တကယ် စာတတ် အောင် သင်ကြားပေးမည်ဆိုပါက   အနာဂတ်နိုင်ငံ၏    ပညာရေးမှာ  များစွာတိုးတက်လာမည်      ဖြစ် ကြောင်း၊    ပဲခူးတိုင်းဒေသကြီး အတွင်း ပညာရည်မြင့်မားလာစေ ရေး   တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ဆောင် ရွက်နေရန်လိုကြောင်း၊  ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အနေဖြင့်      တတ်နိုင် သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
အကျိုးရှိစွာအသုံးချနိုင်
 စိုက်ပျိုးရေးနှင့်   ပတ်သက်၍ တောင်ငူခရိုင်အတွင်းရှိ   စိုက်ပျိုး မြေများကို      အကျိုးရှိစွာဖြင့် အသုံးချနိုင်ရန်        လိုကြောင်း၊ သီးထပ်စိုက်ပျိုးမှုများ   တိုးတက် အောင်ဆောင်ရွက်ရန် လိုကြောင်း၊ အနည်းဆုံး ၂ သီးမှ ၃ သီးအထိ သီးထပ်စိုက်ပျိုးသွားမည်ဆိုပါက များစွာအကျိုး  ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊  စီးပွားရေးတိုးတက် လာပါက    နိုင်ငံရေးကောင်းလာ မည်ဖြစ်ပြီး  ထိုမှတစ်ဆင့်   နိုင်ငံ့ အရေးများ  ကောင်းမွန်လာမည် ဖြစ်ကြောင်း၊             အသားငါးနှင့်   ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးများကို အဓိက စားသုံးကြသည်ကို တွေ့ရ ကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ကို စနစ်တကျဖြင့် မွေးမြူဆောင် ရွက်သွားမည်ဆိုပါက   အသား၊ ငါးများ          ပေါများလာမည်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတိုးတက်ပြီး ပညာရေး များ  ကောင်းမွန်လာမည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်လာမည်  ဖြစ် ကြောင်း၊      တောင်ငူဒေသနှင့် မိတ္ထီလာဒေသသည် နေပြည်တော် နှင့် လက်လှမ်းမီသည့် နေရာများ ဖြစ်ပြီး   မြန်မာနိုင်ငံ၏   အချက် အချာနေရာများ            ဖြစ်သည့် အတွက်  ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်း        ဆောင်ရွက်သွားကြ ရန်လိုကြောင်း        မှာကြားသည်။
လှည့်လည်ကြည့်ရှု
စစ်ဆေး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် တောင်ငူမြို့၊ ကေတုမတီ မြို့ဟောင်း၊            အရှေ့ဘက်ကျုံး နေရာရှိ   ယိုးဒယားပေါက်နေရာ၊ အနောက်ဘက်မြို့ရိုးနေရာရှိ မြို့ရိုးတူးဖော်ထိန်းသိမ်းထားရှိမှုနှင့် ရေကျုံးနေရာ၊ မြို့ရိုးအရှေ့တောင် ထောင့်ရှိ  မြို့လေးခံတပ်နေရာနှင့် မြို့ရိုးအတွင်း  လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး   တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ရှေးဟောင်း  မြို့ရိုးနှင့် ကျုံးတူးဖော်သုတေသန ပြု    လုပ်ငန်းများကို   အောင်မြင် အောင်   အကောင်အထည်ဖော် ဆောင်ရွက်ရမည်  ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်  မြို့ရိုး အောက်ခြေ ဖောင်ဒေးရှင်းအုတ်ရိုး များကို   ဖော်ထုတ်၍   အုတ်ရိုး အတိုင်းလိုက်ကာ        မြို့ရိုးကို ဖော်ထုတ်ရမည်   ဖြစ်ကြောင်း၊ မြို့ဟောင်းအဝင်  တံတားပုံစံများ ကိုလည်း        ပြန်လည်ဆန်းစစ် ဖော်ထုတ်လေ့လာသွားရန်လိုပြီး တည်ဆောက်၍ရနိုင်သည့် နေရာ များတွင်  ဦးစွာတည်ဆောက်သွား ရန်လိုကြောင်း၊ ဘုတ်တလုတ်ကန် ကိုလည်း  ပြန်လည်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ မြို့ရိုးဖော်ထုတ် ရေးလုပ်ငန်းကို အဓိကဦးစားပေး ဆောင်ရွက်သွားရန်     လိုကြောင်း နှင့်   အခြားလိုအပ်သည်များကို မှာကြားသည်။
လိုအပ်သည်များမှာကြား
ထို့နောက်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်     တောင်ငူဘူတာမှ သောင်းတိုင်ကုန်းဘူတာ  အကြား အထိ RBE အထူးရထားတွဲဖြင့် လိုက်ပါစီးနင်း၍ တောင်ငူဘူတာရုံ (အသစ်)တည်ဆောက်မည့် နေရာ အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန် ရှိသူများ၏ တင်ပြချက်များအပေါ်   လိုအပ်သည်များ   မှာကြားသည်။
ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် တောင်ငူ - ရေတာရှည် ရထားလမ်းပိုင်း   တစ်လျှောက် လိုက်ပါစီးနင်း၍  ရထားလမ်းပိုင်း ကြံ့ခိုင်ရေး  ဆောင်ရွက်ထားရှိမှု အခြေအနေများ၊   တောင်ငူဒေသ ၏       စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု  အခြေအနေ များနှင့်  မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု   အခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။       
သတင်းစဉ်