
နေပြည်တော် မေ ၂၂
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခု အပါအဝင်ဖြစ်သည့် မြန်မာ သက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ကဆုန် လပြည့်ဗုဒ္ဓနေ့ဖြစ်သော ယနေ့ တွင် ကျရောက်သည့် ကဆုန် ညောင်ရေသွန်းပွဲတော်တွင် ပြည် ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ် ပရိဝုဏ် တော်အတွင်းရှိ မဟာဗောဓိညောင် ပင်တော်အား ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်း မင်္ဂလာ အခမ်းအနားကို ယနေ့ညနေပိုင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က မဟာဗောဓိ ညောင်ပင်တော်ကို ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်း နွယ်၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက် အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည် ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဖူးမြော်ကြည်ညို
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီအား ပန်း၊ ရေချမ်းနှင့် ဆီမီး များ ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုကြသည်။
ယင်းနောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကိုကျင်းပရာ “နမော တဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး အခမ်းအနားမှူးက မဟာဗောဓိရုက္ခသိဉ္စနပူဇာ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်၍ သာဓုသုံးကြိမ် ခေါ်ဆိုကြသည်။
ညောင်ရေသွန်းလောင်းပူဇော်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်နှင့် ဇနီး၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင် များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ နှင့် ဇနီးများသည် သတ်မှတ်ထားသည့် နေရာများ အလိုက် နေရာယူကြပြီး မဟာဗောဓိညောင်ပင်တော် အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကာ ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။ ဆက်လက်၍ မဟာဗောဓိညောင်ပင်တော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် များအား ရေသပ္ပာယ်တော်မူကြပြီး မဟာဗောဓိ ညောင်ပင်တော်အား လက်ယာရစ်လှည့်လည်ပူဇော် ကြသည်။
အမွှေးနံ့သာရည်များပက်ဖျန်းပူဇော်
ယင်းနောက် ဝတ်အသင်းအဖွဲ့များအလိုက် ယောဂီများက မဟာဗောဓိညောင်ပင်တော်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ပြီး ညောင်ရေ သွန်းလောင်းပူဇော်၍ အခမ်းအနားမှူးက အောင်ဆု မင်္ဂလာအမျှဝေစာတမ်းအား ဖတ်ကြားပြီး ကုသိုလ် အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့သည် ဘုရား ဖူးလာပြည်သူများအား
ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ သရုပ်ပြယာဉ်များကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ကဆုန်ညောင်ရေသွန်းလောင်းပူဇော်
ထို့ပြင် ဇေယျာသီရိမြို့နယ် လောကချမ်းသာ ဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိ ညောင်ပင်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့အမှူးပြု၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်မိသားစုများက ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခဲ့ကြသည်။
နေ့ထူးနေ့မြတ်အဖြစ် အထွတ်အမြတ်ထား
အဆိုပါ ကဆုန်လပြည့်နေ့သည် ဒီပင်္ကရာ မြတ်စွာဘုရားက ဂေါတမဘုရား အလောင်းတော် သုမေဓာရှင်ရသေ့အား “ဘဒ္ဒကမ္ဘာတွင် ဘုရားအဖြစ်ကို ရလိမ့်မည်” ဟု ဗျာဒိတ်တော်စကား မိန့်ကြားတော် မူသောနေ့၊ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်သောနေ့၊ သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့ ယင်းနေ့များသည် ကဆုန်လပြည့်နေ့များတွင်ပင် ဖြစ်သဖြင့် “ဗျာဒိတ် ဖွားမြင် ဗောဓိပင်၊ စံဝင် နိဗ္ဗာန်နန်း” ဟု မှတ်တမ်းပြုကြပြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ် အဖြစ် အထွတ်အမြတ်ထား၍ ကျင်းပပူဇော်လေ့ ရှိကြောင်း၊ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမမြတ်စွာဘုရားသာလျှင်မကဘဲ သဗ္ဗညု မြတ်စွာဘုရားရှင်တို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်ပြုသောနေ့ များမှာလည်း ကဆုန်လပြည့်နေ့ပင်ဖြစ်၍ ကဆုန် လပြည့်နေ့ကို “ဗုဒ္ဓနေ့”ဟု သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော်သည် ကုသိုလ်ယူ ဖွယ်ရာ၊ ဝမ်းသာကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာ ပွဲတော်တစ်ခုဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် တစ်ရပ်အဖြစ် ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်ကြောင်းနှင့် ကဆုန်လပြည့်နေ့မတိုင်မီ တစ်ရက်အလိုတွင် ညောင်ရေသွန်းလောင်းကြမည့် ညောင်ပင်များကို အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးခြင်း၊ မဟာဗောဓိပင်ပလ္လင်တော်အား ကြည်ညို စဖွယ်ဖြစ်အောင် ပြင်ဆင်ခြင်း စသည့်ကုသိုလ် ယူဖွယ်များကို ပြုလုပ်လေ့ရှိကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်