နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်   မတ်   ၅


နိုင်ငံတော်     စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်  ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး    မင်းအောင်လှိုင်သည်      တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာ နိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး   H.E. Mr. J.M.J.P. Bandara အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌရုံး   ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


အဆိုပါတွေ့ဆုံပွဲသို့       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ      ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊   ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်  တာဝန်ရှိသူတို့ တက်ရောက်ကြသည်။


ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့်   သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘာသာရေးဆိုင်ရာများတွင် အတူတကွ       အပြန်အလှန်         ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်    အခြေ အနေများ၊ မြန်မာနိုင်ငံမှ ရဟန်း သံဃာများနှင့် သာသနာ့နွယ်ဝင် သီလရှင်များ   သီရိလင်္ကာနိုင်ငံတွင်    ပညာ     သင်ကြားလျက်ရှိမှုနှင့်         သီရိလင်္ကာနိုင်ငံရှိ ထေရ်ကြီးဝါကြီး  ဆရာတော်ကြီးများအား  မြန်မာ နိုင်ငံမှ     သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခဲ့မှု အခြေအနေများ၊ ခရီးသွားလုပ်ငန်း များတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ   ကိစ္စရပ် များ၊ နှစ်နိုင်ငံအကြားကုန်သွယ်မှု  များ မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံ မှုများတွင် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး ဆိုင်ရာများတွင်     အပြန်အလှန် ပူးပေါင်း   ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့်   လွတ်လပ်ပြီး    တရားမျှတသည့် ရွေးကောက်ပွဲ         ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိသည့်          အခြေအနေများနှင့်     စပ်လျဉ်း၍     ရင်းနှီးပွင့်လင်းစွာ      အမြင်ချင်းဖလှယ်      ဆွေးနွေးခဲ့ ကြသည်။


တွေ့ဆုံပွဲအပြီးတွင်     နိုင်ငံ တော်     စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ    သီရိလင်္ကာ နိုင်ငံ        သံအမတ်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်း များ  အပြန်အလှန်  ပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်