
နေပြည်တော် ဖေဖော်ဝါရီ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒုတိယပါတီအတွင်း ရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. Wang Yubo ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
တက်ရောက်
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒုတိယပါတီ အတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား နိုင်ငံတော် အဆင့်ပုဂ္ဂိုလ်များနှင့် အဆင့်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများ အပြန်အလှန်သွားရောက်ခဲ့မှု နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည် ရင်းနှီးမှုများ တိုးတက်စေရေး ဆက်လက်၍လည်း အပြန်အလှန်သွားရောက်မည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား နိုင်ငံရေးပိုင်းဆိုင်ရာ ယုံကြည်မှု ပိုမို တိုးတက်လာစေရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ် ဆက်ဆံမှု ပိုမိုမြှင့်တင်နိုင်ရေး အစိုးရချင်းဆောင်ရွက် ရန် လိုအပ်သည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား နယ်နိမိတ်ထိစပ်မှု အများ ဆုံးဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုများ တိုးမြှင့်ဆောင် ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပြန်လည်ကောင်းမွန်လာ စေရေး ဆောင်ရွက်ရမည့်အခြေအနေများ၊ နယ်စပ် ဒေသနှင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအနေ ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများ၊ နယ်စပ်ဒေသတွင် အွန်လိုင်းလောင်း ကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက် စေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ဆက်လက်၍လည်း ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးအတွက် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် ယူနန် ပြည်နယ်အနေဖြင့် နည်းပညာအကူအညီများပေးအပ် သွားမည့်အခြေအနေများ၊ နယ်စပ်ဒေသကုန်သွယ်မှု များ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေနှင့် တရုတ် ယွမ်တို့အား တိုက်ရိုက်ပေးချေခြင်းကြောင့် ကုန်သွယ် မှုများ ပိုမိုအဆင်ပြေချောမွေ့သည့်အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်မှုအတွက် အဓိက အရေးပါသည့် ရထားလမ်းများ တည်ဆောက်နိုင်ရေး ဆောင်ရွက် လျက်ရှိမှုနှင့် မော်တော်ကားလမ်းများ လမ်းပန်း ဆက်သွယ်မှုချောမွေ့စေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် နှစ်နိုင်ငံအကြား လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ပန်းမန်စိုက်ပျိုးရေးကဏ္ဍ နှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေ များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ် နိုင်ငံ ယူနန်ပြည်နယ် ဒုတိယပါတီအတွင်းရေးမှူးနှင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်ကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်