နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ်အတွင်း  အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ်အတွင်း 
အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား 
နိုင်ငံတော်ကဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

 

နေပြည်တော်  ဇန်နဝါရီ  ၂၃


၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲ များတွင်      ဆုတံဆိပ်ရရှိခဲ့သည့်    မြန်မာအားကစားအဖွဲ့များအား     နိုင်ငံတော်ကဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပရာ    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။


တက်ရောက်


အခမ်းအနားသို့       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး  ရဲဝင်းဦး၊  ကောင်စီဝင်များ၊  ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊    ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊  နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊    ဒုတိယဝန်ကြီးများ၊  မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ နှင့်   ဒုတိယဥက္ကဋ္ဌများ၊   ဖိတ်ကြားထားသူများ၊   ၂၀၂၃   ခုနှစ်အတွင်း  အာရှအဆင့်နှင့်    ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင်     နိုင်ငံ့ ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားအဖွဲ့များမှ အုပ်ချုပ်သူများ၊    နည်းပြ များ၊ အားကစားမောင်မယ်များနှင့်        တာဝန်ရှိသူများတက်ရောက်ကြ သည်။    

 

ထပ်မံဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားပင်ဖြစ်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က          ဂုဏ်ပြုအမှာစကား ပြောကြားရာတွင်   ယနေ့အခမ်းအနားသည်  ၂၀၂၃ ခုနှစ်အတွင်း ကျင်းပပြီးစီးခဲ့သည့်  (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအပြီး   အာရှ အဆင့်နှင့်     ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများကို နိုင်ငံ့ကိုယ်စားပြု       သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အောင်မြင်မှု    ဆုတံဆိပ်များရရှိခဲ့ကြသည့်    နိုင်ငံ့ ဂုဏ်ဆောင်အားကစားအသင်းအဖွဲ့များကို နိုင်ငံတော် အဆင့် ထပ်မံဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားပင် ဖြစ်ကြောင်း။


နိုင်ငံတော်ကထပ်ဆင့်ဂုဏ်ပြုချီးမြှင့်သွားမည်

အောင်မြင်မှုရရှိခဲ့သည့် ပြိုင်ပွဲများမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလနှင့်         အောက်တိုဘာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်  ကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲနှင့် (၄) ကြိမ် မြောက်   အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၊  ၂၀၂၃ ခုနှစ်  ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ရိုမေး နီးယားနိုင်ငံတွင်   ကျင်းပခဲ့သည့် ကမ္ဘာ့  E-Sports ချန်ပီယံရှစ်ပြိုင်ပွဲ၊ နိုဝင်ဘာလအတွင်း ကိုရီးယားနိုင်ငံ တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၄)ကြိမ်မြောက် ကမ္ဘာ့ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့်   (၁၉) ကြိမ်မြောက်   ကမ္ဘာ့ပီတန်း ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့ သည့် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတို့ ဖြစ်ကြောင်း၊ ယင်းပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့ ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များ ကို  နိုင်ငံတော်က ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်သွားမည် ဖြစ်ကြောင်း။


နိုင်ငံအလိုက်ရပ်တည်မှု အဆင့်(၂၇)ရရှိခဲ့ 


၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပ ခဲ့သည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပိုက်ကျော်ခြင်း အမျိုးသား(၄)ယောက် တွဲပြိုင်ပွဲ၌ ရွှေတံဆိပ် (၁)ခု၊ ရိုးရာလှေ(၁၂)တက် လှော် (အမျိုးသမီး)မီတာ(၅၀၀)ပြိုင်ပွဲနှင့် ရိုးရာလှေ (၁၂)တက်လှော် (အမျိုးသား) မီတာ(၁၀၀၀)ပြိုင်ပွဲ များတွင် ကြေးတံဆိပ် (၂)ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲ ဝင်နိုင်ငံ  ၄၅ နိုင်ငံအနက် နိုင်ငံအလိုက်ရပ်တည်မှု အဆင့်(၂၇) ရရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင်  ကြေးတံဆိပ်(၂)ခုသာ ရရှိခဲ့ပြီး  နိုင်ငံအလိုက်ရပ်တည်မှုအဆင့်( ၃၅ ) ရရှိခဲ့ သောကြောင့် တိုးတက်မှုရှိလာသည်ဟုဆို၍  ရနိုင် ကြောင်း။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်မှ  ၂၈ ရက် အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ် ခဲ့သည့်(၄)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် မီတာ(၁၀၀)နှင့်မီတာ(၂၀၀)တာတိုအပြေး ပြိုင်ပွဲများ၌ ကြေးတံဆိပ်(၂)ခု၊ မီတာ(၁၀၀) တာတို အပြေးပြိုင်ပွဲ၌ ကြေးတံဆိပ် (၁)ခု  စုစုပေါင်း ကြေး တံဆိပ်(၃)ခု ဆွတ်ခူးရရှိခဲ့ကြကြောင်း။
၂၀၂၃ ခုနှစ် ဩဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ရိုမေးနီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ သည့် ကမ္ဘာ့ E-Sports ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ အသင်းအနေဖြင့်  Dota 2  အသင်းလိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ရရှိခဲ့ကြောင်း။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်မှ  ၁၂ ရက်အထိ ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၄)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် Men’s Sports Physique up to 175 Centimetre  ပြိုင်ပွဲ၌  ရွှေတံဆိပ် (၁)ခု၊ အမျိုးသားကာယဗလ (၇၀) ကီလိုတန်းပြိုင်ပွဲ၌ ငွေ တံဆိပ် တစ်ခုရရှိခဲ့ကြောင်း။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ထိုင်းနိုင်ငံတွင်  ကျင်းပပြုလုပ်ခဲ့သည့်  (၁၉)  ကြိမ် မြောက်          ကမ္ဘာ့ပီတန်းချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက   ခင်ချယ်ရီသက်က  ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကာ ကမ္ဘာ့အဆင့်(၁)အဖြစ် သတ်မှတ် ခြင်းခံခဲ့ရကြောင်း။
၂၀၂၃ ခုနှစ် နိုဝင်ဘာ၂၂ ရက်မှ ဒီဇင်ဘာ ၁ ရက် အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့် (၇)ကြိမ် မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ အားကစားသမား ၃၂ ဦးက ရွှေတံဆိပ် (၂)ခု၊ ငွေ တံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၉)ခု ဆွတ်ခူးရရှိခဲ့သော ကြောင့် ကမ္ဘာ့အဆင့်(၆)နေရာတွင်  ရပ်တည်နိုင်ခဲ့ သည်ကို တွေ့ရကြောင်း။


ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်


ယခုကဲ့သို့ အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲ များတွင် နိုင်ငံတော်အတွက် စုစုပေါင်း ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၅)ခု၊ ကြေးတံဆိပ်(၁၄)ခု စုစုပေါင်း ဆုတံဆိပ် (၂၄)ခု ရယူပေးနိုင်ခဲ့ခြင်းသည် နိုင်ငံ့ဂုဏ် ကို အားကစားဖြင့်  မြှင့်တင်ပေးရာရောက်သည့်အပြင် နိုင်ငံတကာအလယ်၌ အမိမြန်မာနိုင်ငံတော်အလံကိုလွှင့်တင်ပြီး နိုင်ငံတော်သီချင်းသံ  လွင့်ပျံ့အောင် စွမ်းဆောင်     ကြိုးပမ်းခဲ့သူများဖြစ်သည့်အတွက် အုပ်ချုပ်သူများ၊   နည်းပြများအပါအဝင်  ပြိုင်ပွဲဝင် မြန်မာအားကစားသမားများ၏  ကြိုးပမ်းမှု၊  ဇွဲ၊ စိတ်ဓာတ်တို့ကို    ချီးကျူးဂုဏ်ပြု   မှတ်တမ်းတင် ကြောင်း။


ငွေကျပ်သိန်း ၃၉၀၀ကို ချီးမြှင့်ပေးအပ်သွားမည်


ထိုသို့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ပြင်ဆင်ခဲ့မှုများကို  ဂုဏ်ပြုသည့် အနေဖြင့် ပြိုင်ပွဲအသီးသီးတွင် တစ်ဦးချင်း ရွှေတံဆိပ် နှင့် အသင်းလိုက် ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်း များကို ငွေကျပ်သိန်း ၃၀၀ စီ၊ တစ်ဦးချင်းငွေ တံဆိပ် နှင့် အသင်းလိုက် ငွေတံဆိပ်ရရှိခဲ့ကြသည့် အသင်း များကို   ငွေကျပ်သိန်း  ၂၀၀ စီ၊  တစ်ဦးချင်းကြေး တံဆိပ်နှင့် အသင်းလိုက်ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းများကို    ငွေကျပ်သိန်း   ၁၀၀ စီ   စုစုပေါင်း ငွေကျပ်သိန်း  ၃၉၀၀ ကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ် ကြောင်း။
ယခုလို   အောင်မြင်မှုရရှိကြသည့်  အားကစား သမားများကို နိုင်ငံတော်အနေဖြင့် နိုင်ငံတော်အဆင့် အခမ်းအနားနှင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ပေးနေသကဲ့သို့ အားကစားမောင်မယ်များအနေဖြင့် လည်း   နိုင်ငံချစ်စိတ်၊  မျိုးချစ်စိတ်၊  နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်မြှင့်တင်လိုသည့် စိတ်ဓာတ်များမွေးမြူ ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်ချုပ်သူနည်းပြ များ၏  သွန်သင်ဆုံးမလေ့ကျင့်ပေးမှုများအတိုင်း စည်းကမ်း ရှိရှိ၊    အမိန့်နာခံမှု    အပြည့်အဝနှင့် နည်းစနစ်မှန်မှန်၊ ပြင်းပြင်းထန်ထန်    စဉ်ဆက်မပြတ်     လေ့ကျင့် ဆောင်ရွက်နေကြရန်    အထူးမှာကြားလိုကြောင်း။


ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး


၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက်  အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင်  အောင်မြင်မှုရရှိစေရေးအတွက်လည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း၌ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို    ကျင်းပပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊   ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို အားကစား နည်းအလိုက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်ရေး၊ လူငယ်၊ လူရွယ် များအပါအဝင် ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားပြီး  အားပေးဆောင်ရွက်လာစေရေး၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်စေရန် အထောက်အကူပြုနိုင်စေရေးဟူသည့်  ရည်ရွယ်ချက် များဖြင့် ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနအသီးသီးနှင့် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့များအနေဖြင့်လည်း         ဝန်ကြီးဌာနများနှင့် ပြည်နယ်၊ တိုင်းဒေသကြီးကိုယ်စားပြုအသင်းများကို ၂၀၂၄ ခုနှစ် အမျိုးသားအားကစားပွဲတော်ကြီးတွင် အဆင့်မီမီ အင်ပြည့်အားပြည့် ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်သွားကြရန် နှင့် ပြိုင်ပွဲကြီး  အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လည်း သက်ဆိုင်ရာအခန်းကဏ္ဍအလိုက်  ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန်           တစ်ပါတည်း မှာကြားလိုကြောင်း။


အောင်နိုင်ရေးစီမံချက်များကိုစနစ်တကျရေးဆွဲ


လာမည့်   ၂၀၂၅  ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် (၃၃) ကြိမ်မြောက်   အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့်  ၂၀၂၆  ခုနှစ်   ဂျပန်နိုင်ငံတွင် ကျင်းပမည့် အကြိမ်(၂၀) မြောက်အာရှအားကစား ပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေဖြင့် ယှဉ်ပြိုင်နိုင်မည့် အားကစားနည်းအရေအတွက်သာမက အားကစား သမားအရေအတွက်ပါ   အဆင့်မီမီတိုးမြှင့်ယှဉ်ပြိုင် နိုင်ရန်နှင့်  ယခုထက်   ပိုမိုအောင်မြင်မှုရရှိစေရေး အတွက်             သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်းပြီး လူရွေးချယ်ရေးစီမံချက်၊     လေ့ကျင့်ရေးစီမံချက်၊ အောင်နိုင်ရေးစီမံချက်များကို   စနစ်တကျရေးဆွဲ  ကြိုတင်ပြင်ဆင်           စီမံဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
အားကစားမောင်မယ်များအနေဖြင့် နောင်လာ မည့်  အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊  အာရှ အားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာ အားကစား ပြိုင်ပွဲများ၌လည်း ဆက်လက်အောင်မြင်မှုရရှိစေရေး မလျှော့သော ဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ယခုထက် ပိုမိုအားထုတ်ကြိုးပမ်းသွားကြရန် ထပ်မံ၍ အလေးအနက် တိုက်တွန်းမှာကြားလိုကြောင်း။


ဆက်လက်ကြိုးပမ်းအားထုတ်

နိုင်ငံတကာပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆု တံဆိပ်များ   ယခုထက်ပိုမိုရရှိပြီး  နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ရေး၊ လူငယ်လူရွယ်တိုင်း အားကစားကို စိတ်ပါဝင်စားပြီး လေ့လာလိုက်စားရာ မှတစ်ဆင့်     ပြိုင်ပွဲဝင်နိုင်သည်အထိ     လေ့ကျင့် ယှဉ်ပြိုင်နိုင်ရေးနှင့်  အရှေ့တောင်အာရှအဆင့်မှသည်   အာရှအဆင့်၊   ကမ္ဘာ့အဆင့်အထိ ထိုးဖောက်နိုင်အောင် ရည်မှန်းချက် ထားပြီး ဆက်လက်ကြိုးပမ်း အားထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့်  ကမ္ဘာ့အဆင့်အားကစား ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြေအနေ များကို ရှင်းလင်းတင်ပြသည်။


ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်


ယင်းနောက် ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင်  ဆုတံဆိပ် ရရှိခဲ့သည့်   နိုင်ငံ့ဂုဏ်ဆောင်ဆုရအားကစားအဖွဲ့ များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများတွင်   ရွှေတံဆိပ်ဆု  ၅  ဆု ဆွတ်ခူးပေးနိုင်ခဲ့သည့်   ပိုက်ကျော်ခြင်းအားကစား အဖွဲ့၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့၊ ပီတန်းအားကစားအဖွဲ့၊ ဗိုဗီနမ်အားကစားအဖွဲ့များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍         နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတွဲဖက်အတွင်းရေးမှူးက   ၂၀၂၃   ခုနှစ် အတွင်း  အာရှအဆင့်နှင့်  ကမ္ဘာ့အဆင့်အားကစား ပြိုင်ပွဲများတွင် ငွေတံဆိပ်ဆု ၅ ဆု ဆွတ်ခူးပေးနိုင်ခဲ့ သည့် E-Sports အားကစားအဖွဲ့၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့နှင့် ဗိုဗီနမ်အားကစား အဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့် သည်။
ထို့နောက် ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး က  ကြေးတံဆိပ်ဆု ၅ ဆု  ဆွတ်ခူးပေးနိုင်ခဲ့သည့် လှေလှော်အားကစားအဖွဲ့နှင့် ပြေးခုန်ပစ်(မသန်စွမ်း)အားကစားအဖွဲ့တို့ကိုလည်းကောင်း၊  ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကြေးတံဆိပ်ဆု ၅ ဆု ဆွတ်ခူးပေးနိုင်ခဲ့သည့် ဗိုဗီနမ်အားကစားအဖွဲ့ကို လည်းကောင်း၊ ကောင်စီဝင်  ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ကြေးတံဆိပ်ဆု ၄ ဆု ဆွတ်ခူးပေးနိုင်ခဲ့ သည့်    ဗိုဗီနမ်အားကစားအဖွဲ့ကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။


ကျေးဇူးတင်စကားပြန်လည်ပြောကြား

ယင်းနောက် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရ အားကစားသမားများကိုယ်စား ပီတန်း အားကစားသမား   ခင်ချယ်ရီသက်က   ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။


ရင်းရင်းနှီးနှီးနှုတ်ဆက်


ဆက်လက်၍        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည်    နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားအဖွဲ့များမှ အုပ်ချုပ်သူများ၊နည်းပြများ၊ အားကစားမောင်မယ်များနှင့်အတူ ဂုဏ်ပြုလက်ဖက် ရည်ကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်း ရရှိသည်။                                         
   သတင်းစဉ်