နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဇန်နဝါရီ   ၁၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ H.E. Mr. Alounkeo Kittikhoun အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။  


ထိုသို့တွေ့ဆုံရာတွင် လာအို နိုင်ငံနှင့်      မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်   ပူးပေါင်း ဆောင်ရွက်မှုများ   ကောင်းမွန် လျက်ရှိသည့်   အခြေအနေများ၊  ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ     ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်  နိုင်ငံတော်တာဝန်များ ကို ထမ်းဆောင်ခဲ့ရမှု၊   နိုင်ငံရေး သဘောထားကွဲလွဲမှုကို နိုင်ငံရေး အရဖြေရှင်းမှုမပြုဘဲ   လက်နက် ကိုင်     အကြမ်းဖက်မှုများ     လုပ် ဆောင်လာမှု၊      နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့်     အမျိုးသား ရင်ကြားစေ့ရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့်        ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ ပြည်သူများ လိုလားသည့်     ပါတီစုံ ဒီမိုကရေစီ     လမ်းကြောင်းပေါ်တွင်     ခိုင်ခိုင် မာမာရှိစေရေး      တပ်မတော် အနေဖြင့်      အခိုင်အမာရပ်တည် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော် စီမံ   အုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ်၍ နိုင်ငံတည်ငြိမ်အေးချမ်း ရေး၊     ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက်     ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံရေးမျှော်မှန်းချက်နှင့်   အမျိုး သားရေးမျှော်မှန်းချက်များ ချမှတ် ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံ အနေဖြင့်     လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်များတွင်  အပြည့် အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၄ ခုနှစ်၊  အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် သည့်အချိန်၌ ဦးစားပေးအကောင် အထည်ဖော်    ဆောင်ရွက်မည့် လုပ်ငန်းများကိစ္စ၊    မြန်မာနိုင်ငံ အနေဖြင့်    အာဆီယံဘုံသဘော တူညီချက်(၅)ရပ်အပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ် ဆောင်ရွက်လျက်ရှိသည့်    ရှေ့ လုပ်ငန်းစဉ်များနှင့်       ချိန်ညှိ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိမှု       အခြေအနေများနှင့် ပတ်သက်၍  ရင်းရင်းနှီးနှီးဆွေးနွေး ခဲ့ကြသည်။


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အာဆီယံ ဥက္ကဋ္ဌ၏    မြန်မာနိုင်ငံဆိုင်ရာ အထူး   ကိုယ်စားလှယ်တို့သည် တက်ရောက်    လာကြသူများနှင့် အတူ      စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


အဆိုပါတွေ့ဆုံပွဲသို့     နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ ကောင်စီတွဲဖက်အတွင်းရေး မှူး  ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့်  နိုင်ငံခြား ရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး  ဦးသန်းဆွေနှင့်  တာဝန် ရှိသူများ       တက်ရောက်ကြပြီး အာဆီယံဥက္ကဋ္ဌ၏   မြန်မာနိုင်ငံ ဆိုင်ရာ  အထူးကိုယ်စားလှယ်နှင့် အတူ   မြန်မာနိုင်ငံဆိုင်ရာ  လာအို နိုင်ငံသံအမတ်ကြီးနှင့်  တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်