နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

နေပြည်တော်   ဇန်နဝါရီ  ၄


(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင် ဘွဲ့များ  ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး    သဘင်ဆောင်၌   ယနေ့နံနက်ပိုင်းတွင်   ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး     သတိုးမဟာသရေစည်သူ    သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင် ဘွဲ့များ ချီးမြှင့်အပ်နှင်းသည်။
 

အခမ်းအနားသို့    နိုင်ငံတော် စီမံအုပ်ချုပ်ရေး    ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏   ဇနီး ဒေါ်ကြူကြူလှ၊    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဒုတိယ ဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး  သီရိပျံချီ   မဟာ သရေစည်သူ     စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊    ကောင်စီ အတွင်းရေးမှူးနှင့်ဇနီး၊    တွဲဖက် အတွင်းရေးမှူးနှင့်ဇနီး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ နှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီး များနှင့်ဇနီးများ၊   ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ      အဆင့်မြင့် တပ်မတော်    အရာရှိကြီးများ၊ ဂုဏ်ထူးဆောင်ဘွဲ့    ရရှိကြသည့် ပုဂ္ဂိုလ်များနှင့်   မိသားစုဝင်များ တက်ရောက်ကြသည်။


ထည်ဝါစွာရပ်တည်ခဲ့


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်က  အမှာစကားပြော ကြားရာတွင် မိမိတို့   နိုင်ငံတော် သည်      ရှေးနှစ်ပေါင်းများစွာ ကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့   ထုံးတမ်းအစဉ် အလာများကို    ထိန်းသိမ်းစောင့် ရှောက်ခဲ့ပြီး ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့်    တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ စည်းလုံး ညီညွတ်စွာ   အတူတကွစုပေါင်း နေထိုင်ခဲ့ကြသည့်   အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင်    ထည်ဝါစွာ ရပ်တည်ခဲ့ပါကြောင်း၊   သို့သော် ၁၉  ရာစုနှောင်းပိုင်းတွင်   ကိုလိုနီ နယ်ချဲ့များက    ကျူးကျော်စစ် သုံးကြိမ်   ဆင်နွှဲပြီး    မတရား ကျူးကျော်    သိမ်းပိုက်ခဲ့သည့် အတွက် ၁၈၈၅ ခုနှစ်တွင် နိုင်ငံ တော်၏လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာ လက်လွတ်ဆုံးရှုံး ခဲ့ရပါကြောင်း။


ညီညီညွတ်ညွတ်ကြိုးပမ်းခဲ့


နိုင်ငံတစ်နိုင်ငံ၏   လွတ်လပ် ရေးနှင့်   အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး   ဆိုသည်မှာ တစ်ခဏတာအတွင်း ဆုံးရှုံးသွား နိုင်သော်လည်း လွတ်လပ်ရေးရရှိ ရန် ကြာမြင့်စွာ ကြိုးပမ်းအားထုတ် ရခြင်းဖြစ်ပါကြောင်း၊ အမျိုးသား ခေါင်းဆောင်ကြီး     ဗိုလ်ချုပ် အောင်ဆန်း၏ ဦးဆောင်မှုအောက် တွင် ပြည်ထောင်စုဖွားတိုင်းရင်း သားအားလုံးက စည်းလုံးညီညွတ် စွာ ဇွဲ၊ လုံ့လ၊ သတ္တိအပြည့်ဖြင့် ညီညီညွတ်ညွတ်ကြိုးပမ်းခဲ့ကြသောကြောင့်  ၁၉၄၈ ခုနှစ်    ဇန်နဝါရီ  ၄ ရက်တွင်   လွတ်လပ်သည့်နိုင်ငံ တစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်ခံ့ညားစွာ   ပြန်လည် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့သည် မိမိတို့နိုင်ငံ အတွက် အလွန်အင်မတန်ထူးမြတ် သည့် (၇၆)နှစ်မြောက် လွတ်လပ် ရေးနေ့ အခါသမယဖြစ်ပါကြောင်း။


အထူးအလေးထားပြီးဆောင်ရွက်

ပြည်ထောင်စုကြီး    ထာဝရ တည်တံ့ရေးကြိုးပမ်းမှုနှင့်အတူ တစ်ဖက်တွင်လည်း ပြည်ထောင်စု တစ်ဝန်းလုံး  တည်ငြိမ်အေးချမ်း ရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေး၊ ပြည်သူလူထု တစ်ရပ်လုံး၏   လူမှုစီးပွားဘဝ မြှင့်တင်ရေး၊   စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်  ခိုင်မာစေရေး   စသည့်နိုင်ငံ တော်တည်ဆောက်ရေးလုပ်ငန်း စဉ်များကိုလည်း  အထူးအလေး ထားပြီး ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။


နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး       ကောင်စီ၊ ပြည်ထောင်စုအစိုးရ     စသည့် တိုင်းပြည်၏ အဓိကမဏ္ဍိုင်ကြီး များက  တာဝန်ရှိသူများနှင့်အတူ ကဏ္ဍပေါင်းစုံ၊   ဘက်ပေါင်းစုံက ပုဂ္ဂိုလ်    အသီးသီးတို့ကလည်း လက်တွဲကြိုးပမ်းနေကြခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ (၇၆) နှစ်မြောက် နေ့ထူးနေ့မြတ် အခါ သမယတွင်  နိုင်ငံတော်အတွက် ထူးကဲသာလွန်စွာ အကျိုးပြုခဲ့ကြ သူများကို   ဂုဏ်ပြုချီးမြှင့်နိုင်ရန် အတွက်   ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း။


အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့်   နိုင်ငံတော် တည်ဆောက်ရာတွင်     ထူးကဲစွာ ဆောင်ရွက်ခဲ့ကြသည့်     ပုဂ္ဂိုလ် များ၊    ဒို့တာဝန်အရေး    သုံးပါး ကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး ကဏ္ဍများတွင် ထူးခြားထက်မြက်စွာ စွမ်းဆောင် နိုင်ခဲ့ကြသည့်    ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာတွင် တိုင်းကျိုးပြည်ကျိုးကို အများနှင့် မတူအောင် ထူးခြားစွာစွမ်းဆောင် နိုင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့် လူမျိုးအတွက်  သိပ္ပံပညာ၊   ဝိဇ္ဇာ ပညာနှင့် အခြားပညာရပ်တစ်ခုခု တွင်  ကမ္ဘာ့အဆင့်မီစွာ   တီထွင် ဖန်တီးအောင်မြင်အောင်    စွမ်း ဆောင်နိုင်သည့်ပုဂ္ဂိုလ်များ၊ စာပေ နှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ    တတ် မြောက်သူပုဂ္ဂိုလ်များ၊ နိုင်ငံတော် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးနှင့်  တရားဥပဒေစိုးမိုးရေးတို့ အတွက်  မဆုတ်မနစ်သော   ဇွဲ၊ လုံ့လ၊   ဝီရိယဖြင့်     ကြိုးပမ်း ထမ်းဆောင်ကြသည့်ပုဂ္ဂိုလ်များ ကို ယခုကဲ့သို့   ထူးခြားလေးနက် သည့် (၇၆)နှစ်မြောက် လွတ်လပ် ရေးနေ့     အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့များကို  ချီးမြှင့် အပ်နှင်းသွားမည်ဖြစ်ပါကြောင်း။


သားစဉ်မြေးဆက်ဂုဏ်ယူ


ယနေ့     အခမ်းအနားတွင် သရေစည်သူဘွဲ့ ကိုးဦး၊ စည်သူဘွဲ့ ငါးဦး၊ သူရဘွဲ့ ခြောက်ဦး၊  သီရိပျံချီ ဘွဲ့ ၄၂ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၈၃ ဦး၊ အလင်္ကာကျော်စွာဘွဲ့ လေးဦး၊ သိပ္ပကျော်စွာဘွဲ့ လေးဦး၊ စုစုပေါင်း ၁၅၃ ဦးကို သက်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ    ချီးမြှင့် အပ်နှင်းသွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည့်အတွက်   ဘွဲ့ခံပုဂ္ဂိုလ်များ အနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ် သကဲ့သို့ ဘွဲ့ခံပုဂ္ဂိုလ်များအတွက် သာမက သက်ဆိုင်ရာမိသားစုဝင် များအတွက်လည်း      သားစဉ် မြေးဆက်   ဂုဏ်ယူဝင့်ကြွားစရာ အထိမ်းအမှတ်    သင်္ကေတများ အဖြစ်ဖြင့် ဆက်လက်တည်ရှိနေ ကြမည် ဖြစ်ပါကြောင်း။
လွတ်လပ်ရေးခရီး (၇၆)နှစ် ပြည့်မြောက်    လာပြီဖြစ်သည့် ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရ အနေဖြင့် စစ်မှန်ပြီး   စည်းကမ်း ပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေး၊ တစ်နိုင်ငံ လုံး အသိပညာ၊   အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ တစ်မျိုး သားလုံး ကျန်းမာကြံ့ခိုင်ရေးစသည့် နိုင်ငံရေး၊  စီးပွားရေး၊  လူမှုရေး ဦးတည်ချက်များ     ခိုင်ခိုင်မာမာ ချမှတ်ပြီး နိုင်ငံတော်ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး    လုပ်ငန်းများကို အားသွန်ခွန်စိုက် အကောင်အထည် ဖော်   ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော် အစိုးရနှင့်အတူ    ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံက   အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုင်းရင်း သားပြည်သူများ၏    ကြိုးပမ်း အားထုတ်မှုများ   ဆက်လက်၍ လိုအပ်နေဦးမည်ဖြစ်သည့်အတွက် နိုင်ငံတော်ကြီး   ရေရှည်တည်တံ့ ခိုင်မြဲရေး၊    အေးချမ်းသာယာ ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက်  အတူတကွ   လက်တွဲ ဆောင်ရွက်သွားကြပါဟု  အလေး အနက် တိုက်တွန်းမှာကြားလိုပါ ကြောင်း ပြောကြားသည်။


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေး    ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က  ပြည်ထောင်စုစည်သူသင်္ဂဟ ဘွဲ့များဖြစ်ကြသည့် သရေစည်သူ ဘွဲ့ရရှိသူ လေးဦးနှင့် စည်သူဘွဲ့ ရရှိသူ သုံးဦး၊ တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာဘွဲ့ဖြစ်သည့် သူရဘွဲ့ ရရှိသူ ခြောက်ဦး၊   စွမ်းဆောင်မှု ဆိုင်ရာ   ဂုဏ်ထူးဆောင်ဘွဲ့များ ဖြစ်ကြသည့်   သီရိပျံချီဘွဲ့ရရှိသူ  ၁၆  ဦးနှင့် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိ သူ ၅၈ ဦး၊ အလင်္ကာကျော်စွာဘွဲ့ ရရှိသူ သုံးဦးနှင့် သိပ္ပကျော်စွာဘွဲ့ ရရှိသူ  လေးဦးတို့ကို    ဂုဏ်ထူး ဆောင်ဘွဲ့များ        တစ်ဦးချင်း   လက်ရောက်ချီးမြှင့် အပ်နှင်းသည်။


ယင်းနောက်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး     ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ထူး ဆောင်ဘွဲ့ရရှိသူများနှင့် မှတ်တမ်း တင် စုပေါင်းဓာတ်ပုံရိုက်သည်။


အခမ်းအနားအပြီးတွင် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်အခမ်း အနားသို့ တက်ရောက်လာကြသူ များ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူ များနှင့် ၎င်းတို့၏မိသားစုဝင်များ ကို  ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်