နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၄) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေး

 

နေပြည်တော်   ဒီဇင်ဘာ    ၂၅ 


(၄) ကြိမ်မြောက်   မဲခေါင် - လန်ချန်း  ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး ကို     ယနေ့မွန်းလွဲပိုင်းတွင်      ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်    ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးသည်။


တက်ရောက်


အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီချန်း တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက် ကြပြီး   ကမ္ဘောဒီးယားနိုင်ငံ   ဝန်ကြီးချုပ်    မစ္စတာ ဆမ်ဒက်  မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်၊  လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ      ဝန်ကြီးချုပ် မစ္စတာ  ဆုံဆိုင်း  ဆီဖန်ဒုံ၊   ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ  ဆရက်ထာ   ထာဗီဆင်နှင့်     ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖန်မင် ချင်း တို့ တက်ရောက်ကြသည်။


အမြင်ချင်းဖလှယ်ဆွေးနွေး


ဦးစွာ ပူးတွဲဥက္ကဋ္ဌများက အဖွင့်အမှာစကားများ  ပြောကြားကြပြီး မဲခေါင် - လန်ချန်း ပူးပေါင်းဆောင် ရွက်မှု အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များက မဲခေါင်-  လန်ချန်း    ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ   ဖြစ်ပေါ် တိုးတက်မှု   အခြေအနေများအပေါ်    သုံးသပ်ကာ အနာဂတ် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု     လုပ်ငန်းစဉ်များအပေါ်  အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။


ဘက်စုံဖွံ့ဖြိုးတိုးတက်သည့်အဆင့်သို့ရောက်ရှိ


အစည်းအဝေး၌      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် က ဆွေးနွေးပြောကြားရာတွင်  ၂၀၁၆   ခုနှစ်၌   စတင်တည်ထောင်ခဲ့သည့် မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှုသည်  ခုနစ်နှစ်တာ ကာလအတွင်း     အခြေခံအဆင့်ကို    ကျော်ဖြတ်၍  ဘက်စုံဖွံ့ဖြိုးတိုးတက်သည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှ စ၍ ၂၀၂၃ ခုနှစ်အထိကာလအတွင်း အမေရိကန် ဒေါ်လာ ၃၁ ဒသမ ၆ သန်း တန်ဖိုးရှိသည့် အထူး ရန်ပုံငွေစီမံကိန်း  ၁၀၆ ခုရရှိထားပြီး နိုင်ငံ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အထောက် အကူပြုလျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေဖြင့်   မဲခေါင် - လန်ချန်း   နိုင်ငံများအား အထောက်အပံ့နှင့်    အကူအညီများ     ဆက်လက် ပေးအပ်နေမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း။


အရှိန်အဟုန်မြှင့်ဆောင်ရွက်


ယနေ့အစည်းအဝေး၏ဆောင်ပုဒ်မှာ “မဲခေါင်- လန်ချန်းနိုင်ငံများအကြား  အားလုံးနှင့် သက်ဆိုင် သော အနာဂတ်နှင့် ခေတ်မီဖွံ့ဖြိုးမှု တည်ဆောက်ဖို့  ပူးပေါင်းဆောင်ရွက်ကြပါစို့”      ဖြစ်သည့်အတွက် လက်ရှိအခြေအနေများနှင့် ကိုက်ညီမှုရှိပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့်  စီးပွားရေး  ခေတ်မီတိုးတက်လာ စေရေးတို့အတွက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင် ရွက်မှု  လုပ်ငန်းစဉ်အောက်တွင် အချင်းချင်းအပြန် အလှန်    အကူအညီပေးသင့်ပါကြောင်း၊     ထိုကဲ့သို့  ဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ရပ်ဝန်း နှင့်  ပိုးလမ်းမစီမံကိန်းနှင့် မဲခေါင် - လန်ချန်း ဖွံ့ဖြိုး တိုးတက်မှု လမ်းကြောင်းများမှတစ်ဆင့် အကောင် အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း၊ “မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆန်းသစ်တီထွင်မှု စင်္ကြံ ” ဖော်ဆောင်မှုနှင့်  “အဖွဲ့ဝင်နိုင်ငံများအကြား  ပေါင်းစည်းဆက်နွှယ်မှု တိုးမြှင့်ရေးဆိုင်ရာ စီမံချက်” ရေးဆွဲမှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့်  အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေး  အခြေပြု စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများအတွက် လူ့စွမ်းအားအရင်းအမြစ်      မြှင့်တင်ရေးကဏ္ဍကို  ဦးစားပေးဆောင်ရွက်သွားသင့်ပါကြောင်း၊ ကိုဗစ်-၁၉  ရောဂါသည်  ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ထိရောက်စွာ ဆောင်ရွက်သွား သင့်ကြောင်းပြသသည့် သင်ခန်းစာတစ်ရပ် ဖြစ်ပါ ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြည်သူ့ကျန်းမာ ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာ နှင့်ကျွမ်းကျင်မှုများ မျှဝေခြင်းနှင့် အခြေခံအဆောက် အဦများ     ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို      မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်သွား သင့်ပါကြောင်း၊     နေပြည်တော်တွင်    “အမျိုးသား ကူးစက်ရောဂါကာကွယ်ရေးနှင့်       လေ့ကျင့်ရေး စင်တာ” တည်ဆောက်ရန်အတွက် အကူအညီများ ပေးအပ်ခဲ့သည့်    တရုတ်နိုင်ငံကို    ကျေးဇူးတင်ရှိပါ ကြောင်း၊  အဆိုပါစင်တာသည်  ၂၀၂၄ ခုနှစ်  နှစ်ဦး ပိုင်းတွင် ပြီးစီးမည်ဖြစ်ပါကြောင်း။


အရေးပါမှုကိုလည်း အသိအမှတ်ပြု


“မဲခေါင် - လန်ချန်း ခရီးသွားလာရေး မြို့တော် များ     တည်ထောင်ခြင်း”၊       “မဲခေါင် - လန်ချန်း လေကြောင်းခရီးသွားလာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက် မှုနှင့် မိတ်ဖက်ထူထောင်ခြင်း” လုပ်ငန်းစဉ်များကို  ကြိုဆိုပါကြောင်း၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး   တရားမဝင်  ထုတ်လုပ်ရောင်းဝယ် မှုများ၊    လူကုန်ကူးမှုများ၊      အကြမ်းဖက်မှုများ၊ ဆိုက်ဘာရာဇဝတ်မှုများ၊ အွန်လိုင်းလောင်းကစား မှုများ စသည့် ရာဇဝတ်မှုများသည် ဒေသတွင်းလုံခြုံ ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား  ဖြစ်စေသည့်အတွက်    အဖွဲ့ဝင်နိုင်ငံများအနေဖြင့်  တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများကို     တိုးမြှင့်ဆောင်ရွက်သွားရန်      လိုအပ်ပါ ကြောင်း၊ “မဲခေါင် - လန်ချန်း လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန” က ဆောင်ရွက်လျက်ရှိသည့် ဒေသတွင်း ပူးပေါင်းညှိနှိုင်း ရေးအခန်းကဏ္ဍ၏ အရေးပါမှုကိုလည်း အသိအမှတ် ပြုပါကြောင်း။


အတူတကွလက်တွဲဆောင်ရွက်


ပတ်ဝန်းကျင်ထိခိုက်မှုသည် ရာသီဥတုပြောင်းလဲ မှုအပေါ် သက်ရောက်မှုရှိပြီး ဂေဟစနစ်ကို ယိုယွင်း ပျက်စီးစေပါကြောင်း၊ သို့ဖြစ်၍ အေးချမ်းသာယာပြီး  ကြံ့ကြံ့ခံနိုင်သည့် လူမှုအသိုက်အဝန်း တည်ဆောက် နိုင်ရေးအတွက်    ရာသီဥတု    ဖောက်ပြန်မှုများကို လျှော့ချရန်     အတူတကွ      လက်တွဲဆောင်ရွက် ကြရမည်ဖြစ်သည်ကို    အလေးထား     ပြောကြား လိုပါကြောင်း။


ကတိကဝတ်ပြုပြောကြား


မြန်မာနိုင်ငံသည် ပူးတွဲဥက္ကဋ္ဌအနေဖြင့် လည်း ကောင်း၊ တာဝန်သိအဖွဲ့ဝင်အနေဖြင့် လည်းကောင်း မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို အစဉ် တန်ဖိုးထားပြီး မဲခေါင် - လန်ချန်း ပူးပေါင်းဆောင် ရွက်မှု၏ မူဝါဒများ၊ စိတ်ဓာတ်များနှင့်အညီ တက်ကြွ စွာ      ဆက်လက်ပါဝင်     ဆောင်ရွက်သွားမည်ဖြစ် သည်ကို    ကတိကဝတ်ပြု   ပြောကြားပါကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် အနာဂတ်လုပ်ငန်း အစီအစဉ် များအတွက် မူဝါဒလမ်းညွှန် တစ်ရပ်အဖြစ် “နေပြည် တော် ကြေညာစာတမ်း” နှင့် အဖွဲ့ဝင်နိုင်ငံများအကြား အိမ်နီးချင်းကောင်း   ပီသမှု၊   ချစ်ကြည်ရင်းနှီးမှုနှင့်  လက်တွေ့ကျသော       ပူးပေါင်းဆောင်ရွက်မှုများ  တိုးမြှင့်ဆောင်ရွက်နိုင်ရန်   ရည်ရွယ်၍    “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း အစီအစဉ် (၂၀၂၃-၂၀၂၇)”  နှင့်  “မဲခေါင် - လန်ချန်း   တီထွင် ဆန်းသစ်မှုစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲအစီအစဉ်” တို့ကို အတည်ပြု ထုတ်ပြန်ခဲ့သည်။


ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်


အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ် မှူးကြီး    မင်းအောင်လှိုင်  က   မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အလှည့်ကျပူးတွဲဥက္ကဋ္ဌ တာဝန် ကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်သည်။ 


အောင်မြင်စွာပူးတွဲထမ်းဆောင်


(၄) ကြိမ်မြောက်  မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီး ချုပ်နှင့်   နိုင်ငံခြားရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး    ဦးသန်းဆွေ၊     နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး    ဦးလွင်ဦးနှင့်       တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။


မဲခေါင် - လန်ချန်း  ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊  ဖွံ့ဖြိုးတိုးတက်မှု  ကွာဟချက် များကို    လျှော့ချရန်နှင့်    ဒေသတွင်းနိုင်ငံများ၏  အလုံးစုံပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု  ရရှိစေရေး ကြိုးပမ်းမှုများကို အထောက်အကူပြုရန် ရည်ရွယ်၍   ၂၀၁၆   ခုနှစ်တွင်    ဖွဲ့စည်းခဲ့ခြင်းဖြစ် ကြောင်း၊   အဖွဲ့ဝင်နိုင်ငံများအဖြစ်   ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြောင်း၊      မြန်မာနိုင်ငံအနေဖြင့်       မဲခေါင်-လန်ချန်း     ပူးပေါင်းဆောင်ရွက်မှု       အစီအစဉ်၏ အလှည့်ကျ  ပူးတွဲဥက္ကဋ္ဌတာဝန်ကို  အမြဲတမ်းပူးတွဲ ဥက္ကဋ္ဌ ဖြစ်သည့် တရုတ်နိုင်ငံနှင့်အတူ ၂၀၂၀ ပြည့် နှစ်   ဩဂုတ်လမှ  ၂၀၂၃  ခုနှစ်   ဒီဇင်ဘာလအထိ အောင်မြင်စွာ ပူးတွဲထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။                                

သတင်းစဉ်