နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တွေမြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် စတုဒိသာများ ချက်ပြုတ်နေမှုကို သွားရောက်ကြည့်ရှု

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
စစ်တွေမြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် 
သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် စတုဒိသာများ ချက်ပြုတ်နေမှုကို သွားရောက်ကြည့်ရှု

 

နေပြည်တော်   ဇူလိုင်    ၁၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည်  ယနေ့ နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေသူများနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် SKY NET မိသားစု၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် MLCA ၊ MLCP အများပိုင်ကုမ္ပဏီလီမိတက်၊ မြန်မာ - အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက် ရေးအသင်း(MICA) နှင့် ဘာသာစုံမိတ်ဆွေများမှ  ရက် ၅၀  စတုဒိသာအလှူတော်အစီအစဉ်ဖြင့် ချက်ပြုတ်လှူဒါန်းသည့် သီးစုံဒံပေါက် ချက်ပြုတ်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား စတုဒိသာအလှူတော်မှ တာဝန်ရှိ သူများက    ကြိုဆိုနှုတ်ဆက်ကြ သည်။ ထို့နောက်  ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေသူများနှင့် သဘာဝဘေးဒဏ်သင့်  ပြည်သူ များထံသို့ ပေးပို့ရန် သီးစုံဒံပေါက် များ ထုပ်ပိုးနေမှုများကို လိုက်လံ ကြည့်ရှုကြပြီး     ရင်းရင်းနှီးနှီး အားပေးစကား    ပြောကြားကာ လုပ်ငန်း  ဆောင်ရွက်နေသူများ အတွက်     ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။


ဆုတောင်းမေတ္တာပို့သ


ယင်းနောက် စတုဒိသာ အလှူ တော် အစီအစဉ်တွင် ပါဝင်သည့် ရခိုင်ဗုဒ္ဓဘာသာအဖွဲ့၊ ခရစ်ယာန် ဘာသာရေးအဖွဲ့၊     အစ္စလာမ် ဘာသာရေးအဖွဲ့နှင့် ဟိန္ဒူဘာသာ ရေးအဖွဲ့တို့မှ     တာဝန်ရှိသူများ က  သဘာဝဘေးဒဏ်သင့်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများ      ဖြစ်ပေါ် လျက်ရှိသည့်     ရခိုင်ပြည်နယ်သို့ နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်အနေဖြင့် ယခုကဲ့သို့ ကိုယ်တိုင် ကိုယ်ကျ    လာရောက်ကြည့်ရှုပြီး လိုအပ်သည်များကို   ဖြည့်ဆည်း ဆောင်ရွက်   ပေးသည့်အတွက် ရခိုင်ပြည်သူများကိုယ်စား မိမိတို့ ဘာသာရေး အသင်းအဖွဲ့များက အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့၏ စတုဒိသာ အလှူတော် အစီအစဉ်ကို လာရောက်အားပေး သည့်အတွက်လည်း   အားတက်  ရပါကြောင်းနှင့်   နေ့စဉ်  မပျက် မကွက်    ဆောင်ရွက်ခဲ့ရသည့် ပင်ပန်းမှုများ လျော့ကျသွားသည် ဟု ခံစားရပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ဇနီး၊ အစိုးရအဖွဲ့မှ    တာဝန်ရှိသူများ အားလုံး ကျန်းမာ၊ ချမ်းသာပါစေ ကြောင်း၊ ပြည်သူလူထု၏ အကျိုး၊ နိုင်ငံတော်၏   အကျိုးကို   ယခု ထက်ပို၍   ထမ်းဆောင်နိုင်ပါစေ ကြောင်း၊   လုပ်ငန်းဆောင်ရွက်မှု များအားလုံး    အောင်မြင်ပါစေ ကြောင်းကို   မိမိတို့   ဘာသာရေး အသင်းအဖွဲ့များက     ဆုတောင်း မေတ္တာပို့သပါကြောင်း အသီးသီး ဆုတောင်းပေးကြသည်။


သီးစုံဒံပေါက်ဘူးပေးအပ်


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်     အဖွဲ့ဝင် များသည်   စစ်တွေမြို့    တပ်ဦး ဆုတောင်းပြည့် ပရိယတ္တိစာသင် တိုက်သို့ ရောက်ရှိကြပြီး ပြန်လည် ထူထောင်ရေး   လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ အား SKY NET မိသားစု၊ မြန်မာ နိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် MLCA ၊ MLCP အများ ပိုင်    ကုမ္ပဏီလီမိတက်၊     မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနှင့်် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (MICA)နှင့် ဘာသာစုံ မိတ်ဆွေ များမှ ရက် ၅၀ စတုဒိသာ အလှူ တော်အစီအစဉ်ဖြင့်   ချက်ပြုတ် လှူဒါန်းသည့်   သီးစုံဒံပေါက်ဘူး များကို ထောက်ပံ့ပေးအပ်သည်။


ဆက်လက်၍      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က    ရခိုင် ပြည်နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ  ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ၏     ကူညီ ဆောင်ရွက်     ပေးမှုများသည် များစွာ     အထောက်အကူပြုပါ ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းကျွမ်းကျင်မှုများကြောင့် ယခုကဲ့သို့   မြန်မြန်ဆန်ဆန်ဖြင့် လုပ်ငန်းများ အတိုင်းအတာတစ်ခု အထိ     ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း အားပေးစကား    ပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ် ရာ   တာဝန်ရှိသူများက   လက်ခံ ရယူကြသည်။


လေ့လာကြည့်ရှု


မွန်းလွဲပိုင်းတွင်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်    ဇနီး၊ အဖွဲ့ဝင်များသည် စစ်တွေမြို့ ရခိုင် ပြည်နယ် ယဉ်ကျေးမှုပြတိုက်သို့ သွားရောက်  လေ့လာကြည့်ရှုရာ သာသနာရေးနှင့်    ယဉ်ကျေးမှု ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စစ်တွေဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါ်အေးနီလာနှင့် တာဝန်ရှိသူများ က     ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက်       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည်  ပြတိုက်အတွင်း ခင်းကျင်း ပြသထားသည့်  ရခိုင်ရှေးဟောင်း   မြို့တော်များ ပြခန်း၊   ရခိုင်စာပေကဏ္ဍပြခန်း၊    ရခိုင်ရှေးဟောင်း ဒင်္ဂါးများပြခန်း၊ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ ပြခန်း၊  ရခိုင်ဓလေ့ထုံးစံများပြခန်း၊   ရခိုင်ပြည်နယ်နှင့်   ဗုဒ္ဓယဉ်ကျေးမှု ပြခန်း၊  ရိုးရာကျင်အားကစားပြခန်း တို့အတွင်း    စိတ်ဝင်တစားဖြင့်      လေ့လာကြည့်ရှုကြရာ    တာဝန်ရှိ သူများက      ပြခန်းတစ်ခုချင်းစီ အလိုက် ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်း    တင်ပြမှုများအပေါ်     နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က      သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး    လိုအပ် သည်များ    လမ်းညွှန်     မှာကြား ဖြည့်ဆည်းပေးသည်။


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်     ဝန်ကြီးချုပ်သည် ပြတိုက်ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင်    လက်မှတ်ရေးထိုး သည်။


ဆက်လက်ပြီး    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်    ဓညဝတီအားကစား ကွင်းသို့     ရောက်ရှိစစ်ဆေးရာ အားကစားနှင့်     လူငယ်ရေးရာ ဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဒေါက်တာ   စိုးဝင်းက  ရှင်းလင်း တင်ပြသည်။ ရှင်းလင်းတင်ပြမှု များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်က  ပြည်နယ်အဆင့် အားကစားပွဲများကို   ကျင်းပနိုင် သည့် မိုးလုံလေလုံအားကစားရုံ၊ ခေတ်မီပြေးလမ်းနှင့် ပွဲကြည့်စင်ပါ အားကစားကွင်းနှင့်     အဆင့်မီ ရေကူးကန်တို့ တည်ဆောက်နိုင် ရေး တာဝန်ရှိသူများအနေဖြင့် စီမံ ဆောင်ရွက်သွားရန်   လမ်းညွှန် မှာကြားခဲ့ကြောင်း   သတင်းရရှိ သည်။                       

သတင်းစဉ်