နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းအား လက်ခံတွေ့ဆုံ

 

 မြန်မာနိုင်ငံနှင့် နိုင်ငံတကာဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေး  ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ ဆွေးနွေး

 

နေပြည်တော်   နိုဝင်ဘာ  ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  အမေရိကန်နိုင်ငံ   နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်အား ယနေ့ မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။                                                                          
ထိုသို့တွေ့ဆုံရာတွင်       ကိုဗစ် -၁၉  ရောဂါ   ကာကွယ်  ထိန်းချုပ်ရေးအတွက်   ကူညီဆောင်ရွက်ပေးမည့်   အခြေအနေ၊   မြန်မာနိုင်ငံနှင့်     နိုင်ငံတကာဆက်ဆံရေး  တိုးတက်ကောင်းမွန်စေရေး       ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု         အခြေအနေ၊ မြန်မာနိုင်ငံအတွင်း     လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ     ကဏ္ဍများတွင်   ကူညီဆောင်ရွက်ပေးမည့်   အခြေအနေ များကို ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ          ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်  ဦးဝဏ္ဏမောင်လွင် နှင့်   ဦးကိုကိုလှိုင်တို့   တက်ရောက်ကြပြီး အမေရိကန်နိုင်ငံ         နယူးမက္ကဆီကို ပြည်နယ်   အုပ်ချုပ်ရေးမှူးဟောင်းနှင့် အဖွဲ့ဝင်များ   တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။                 
 သတင်းစဉ်