
နေပြည်တော် မေ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော် ကြီး His Eminence Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံစဉ် ရှေးယခင်ကတည်းက နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ကောင်းမွန်ခဲ့မှုနှင့် တိုးတက်ကောင်းမွန်အောင် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများ၊ ယဉ်ကျေးမှုနှင့်ဘာသာရေး အပြန် အလှန် ဖလှယ်ရေး၊ ဘာသာရေးအရ ချစ်ကြည်ရင်းနှီးမှုမှသည် နှစ်နိုင်ငံ အစိုးရနှစ်ရပ်အကြားနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာလာနိုင်သည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ရုရှား အော်သိုဒေါ့ဘုရားကျောင်း တည်ဆောက်နိုင် ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ ရုရှားနိုင်ငံတွင် ဗုဒ္ဓစင်တာနှင့် ရွှေစည်းခုံ စေတီတော်ပုံစံတူ တည်ဆောက်ထားမှု အခြေအနေ များ၊ ကမ္ဘာ့အကြီးဆုံးဖြစ်လာမည့် စကျင်ကျောက် တော်ဖြင့် ထုဆစ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ဆောက်လျက်ရှိသည့် အခြေအနေများ ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ပြီး ဘုန်းတော်ကြီးက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်း ရေးတို့ အတွက် ဆုမွန်တောင်းစကားပြောကြားသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင်အာရှ ဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီးတို့ သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန် အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင် အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီးနှင့် အတူ အော်သိုဒေါ့ဘုန်းတော်ကြီးများနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Mr. Dr. Nikolay Listopadov တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်