နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို

 

နေပြည်တော်  ဖေဖော်ဝါရီ   ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ယနေ့ညပိုင်းတွင်    ခရီးစဉ်တွင်  လိုက်ပါလာသည့် အဖွဲ့ဝင် များ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်    တိုင်းမှူး   ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပုသိမ်မြို့ ကျက်သရေဆောင်  ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုသည်။

 


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား  ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။    ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင်များ သည်   စေတီတော်မြတ်ကြီးအား  ဖူးမြော် ကြည်ညိုကာ ပန်း၊  ရေချမ်း၊  ဆီမီးများ ကပ်လှူပူဇော်သည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအတွက်   ဘက်စုံ အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့မှ  တာဝန်ရှိသူများက  လက်ခံရယူပြီး ဓမ္မလက်ဆောင်များ   ပြန်လည်ပေးအပ် သည်။
ယင်းနောက်    နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည်   စေတီတော်မြတ် ကြီးကို  လက်ယာရစ် လှည့်လည်ဖူးမြော် ကြည်ညိုကြပြီး(အပေါ်ပုံ)   စေတီတော် မြတ်ကြီး      ရေရှည်တည်တံ့ခိုင်မြဲရေး အတွက်    ထိန်းသိမ်းဆောင်ရွက်ရန်၊    ရွှေမုဋ္ဌော     မဟာစေတီတော်မြတ်ကြီး သာမက ပုသိမ်မြို့ရှိ အခြားသော ဘုရား၊ စေတီများကိုလည်း ကြည်ညိုသပ္ပာယ်ဖွယ် ဖြစ်အောင် ထိန်းသိမ်းကြရန်နှင့်     အခြား လိုအပ်သည်များကို  တာဝန်ရှိသူများအား  မှာကြားခဲ့ကြောင်း သတင်းရရှိသည်။  


သတင်းစဉ်