
နေပြည်တော် ဖေဖော်ဝါရီ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီး သာပေါင်း မြို့နယ်အတွင်းရှိ စက်မှုဝန်ကြီး ဌာန၊ အဆင့်မြင့် စက္ကူစက်ရုံ (သာပေါင်း) နှင့် သတင်းစာစက္ကူ စက်ရုံ (သာပေါင်း) တို့အား သွား ရောက် ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း) နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း) တို့မှ ဝန်ထမ်းများ က ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စက်ရုံအစည်းအဝေး ခန်းမတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် စက်မှုဝန်ကြီးဌာန အမှတ် (၃) အကြီးစားစက်မှု လုပ်ငန်း ညွှန်ကြားရေးမှူးတို့က အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း) နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း) တို့၏ နောက်ခံသမိုင်း အကျဉ်း၊ စက်ရုံဆိုင်ရာ အချက် အလက်များ၊ စတင်လည်ပတ်ချိန် မှ ရပ်နားခဲ့ရသည်အထိ စက္ကူ ပျော့ဖတ်၊ စက္ကူနှင့် သတင်းစာ စက္ကူ ထုတ်လုပ်နိုင်ခဲ့မှု၊ သွင်းအားစု နှင့် ထုတ်ကုန်အမျိုးအစားများ၊ ကုန်ထုတ်လုပ်မှု ဆောင်ရွက်ခဲ့မှု များ၊ ဝန်ထမ်းများ တာဝန် ထမ်းဆောင်နေမှု၊ စက်မှုကုန်ကြမ်း သစ်စိုက်ခင်းများ ဆောင်ရွက်ထား ရှိမှု၊ ဘဏ္ဍာနှစ်အလိုက် ဝန်ထမ်း လစာပေးချေနေရမှုနှင့် ပင်စင် လစာပေးချေထားရှိမှု၊ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရန် အတွက် ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှု နှင့် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့မှု၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ဖြန့်ခွဲပေးပို့လျက်ရှိ
ယင်းနောက် စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးက မအူပင်ဓာတ်ငွေ့ တွင်းမှ ဓာတ်ငွေ့ထွက်ရှိနေမှု၊ မအူပင်ရေနံမြေနှင့် ညောင်တုန်း ရေနံမြေတို့မှ သဘာဝဓာတ်ငွေ့ ထွက်ရှိမှုနှင့် သက်ဆိုင်ရာစက်ရုံ များသို့ ဖြန့်ခွဲပေးပို့လျက်ရှိမှု၊ အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း) နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း) တို့အား လည်ပတ်နိုင် ရေးအတွက် ဓာတ်ငွေ့လိုအပ်ချက် နှင့် ဓာတ်ငွေ့ပိုက်လိုင်းများကို စစ်ဆေးပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် လိုအပ်မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီက အဆင့် မြင့် စက္ကူစက်ရုံ (သာပေါင်း) နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း) တို့အတွက် သဘာဝတောများမှ ဝါးကုန်ကြမ်းများရရှိနိုင်မှု၊ နိုင်ငံ အဝန်း ပေါက်ရောက်လျက်ရှိသည့် ဝါးအမျိုးအစားများနှင့် စက္ကူ ထုတ်လုပ်နိုင်မှု၊ သာပေါင်းစက္ကူ စက်ရုံတည်ရှိရာဒေသ၌ နှစ်စဉ် ဝါးရရှိနိုင်မှု၊ ဝါးအမျိုးအစားများ အလိုက် စိုက်ခင်းတည်ထောင်မည် ဆိုပါက တစ်ဧက ထွက်ရှိနိုင်မှု၊ စက္ကူပျော့ဖတ်များ ထုတ်လုပ် နိုင်ရန်အတွက် ကြီးမြန်သစ်မျိုး များ စိုက်ပျိုးထုတ်လုပ်နိုင်မှုတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော က အဆင့် မြင့် စက္ကူစက်ရုံ (သာပေါင်း) နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း) တို့အား စက်ကိရိယာများပြန်လည် စစ်ဆေးခြင်း၊ ပြုပြင်ခြင်းများ ပြုလုပ်နိုင်ရေး စက်ရုံနှင့် စိုက်ခင်း များသို့ ကြည့်ရှုစစ်ဆေးဆောင် ရွက်ခဲ့မှု၊ စွမ်းအင် ရရှိနိုင်မှု နည်းလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
စွမ်းအင်လိုအပ်မည်
ရှင်းလင်း တင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က စက္ကူသည် တိုင်းပြည်အတွက် လိုအပ်ချက် များစွာရှိနေပြီး နေ့စဉ်အသုံးပြု နေရသည့် ရုံးသုံး၊ ကျောင်းသုံး၊ သတင်းစာ စသည့်စက္ကူလိုအပ် ချက်များစွာကို ပြည်ပမှတင်သွင်း အသုံးပြုနေရကြောင်း၊ စက္ကူ စက်ရုံများပြန်လည် လည်ပတ်နိုင် ရေးအတွက် ကုန်ကြမ်းအနေဖြင့် ဝါး၊ သစ် တို့ လိုအပ်မည်ဖြစ်ပြီး စက်လည်ပတ်နိုင်ရေး အတွက် စွမ်းအင်လိုအပ်မည်ဖြစ်ကြောင်း၊ စက်ရုံပြန်လည် ပြုပြင်ပြီးချိန်တွင် ထပ်မံ တိုးချဲ့နိုင်ရေးအတွက် လည်း ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ကုန်ကြမ်းလိုအပ်ချက် ဖြစ်သည့် သစ်တောစိုက်ခင်း၊ ဝါး စိုက်ခင်းများကိုလည်း စိုက်ပျိုးရ မည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ တွင်လည်း ပျော့ဖတ်များကို ထုတ်လုပ်၍ ရနိုင်မည်ဖြစ်ပြီး စက္ကူစက်ရုံသို့ ဆက်လက် ပို့ဆောင်နိုင်ကြောင်း၊ စက္ကူ စက်ရုံများ ပြန်လည် လည်ပတ် နိုင်ရေး ဆောင်ရွက်နေခြင်းသည် နိုင်ငံတော်၏ အမျိုးသားအကျိုး စီးပွားအတွက် ဆောင်ရွက်ခြင်း ဖြစ်သဖြင့် တာဝန်ရှိသူများက အလေးထားဆောင်ရွက် ကြစေ လိုကြောင်း၊ စက္ကူလိုအပ်ချက်များ အတွက် ပြည်ပမှ တင်သွင်းနေရ သည့် နိုင်ငံခြားငွေ အသုံးပြုမှုကို လည်း လျှော့ချနိုင်မည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း များစွာကိုလည်း ပြန်လည်ဖော် ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ စက်ရုံများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအတွက် တာဝန် ရှိသူများအနေဖြင့် အချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ အောင်မြင် အောင် ဆောင်ရွက်သွားရန်လို ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်သည် စက်ရုံမှ ထုတ်လုပ်ထားရှိသည့် စက္ကူအမျိုး အစားများ ခင်းကျင်းပြသထားရှိ မှုကို ကြည့်ရှုပြီး လိုအပ်သည် များ ဆွေးနွေးပြောကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် စက်ရုံဝန်းအတွင်း မော်တော်ယာဉ်များဖြင့် လှည့် လည်၍ ပျော့ဖတ်ထုတ်လုပ်ရေး စက်ရုံခွဲ (Pulping Plant)၊ တန် ၅၀ စက္ကူစက်ရုံ၊ တန် ၆၀ သတင်းစာ စက္ကူစက်ရုံတို့သို့ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကာ တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။
ချီးမြှင့်ငွေများပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်သည် အဆင့်မြင့် စက္ကူစက်ရုံ (သာပေါင်း) နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း) တို့မှ ဝန်ထမ်းများအတွက် ချီးမြှင့် ငွေများကို ပေးအပ်ရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြောင်း နှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်