နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

နေပြည်တော်  ဒီဇင်ဘာ   ၂၃


မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ၊  ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊  မြန်မာနိုင်ငံခရစ်တော် သာသနာ ပြန့်ပွားမှု  ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က  စုပေါင်းကျင်းပပြုလုပ်သည့်  ခရစ်တော်မွေးနေ့ (ခရစ္စမတ်)ကျေးဇူးတော်  ချီးမွမ်းခြင်းအခမ်းအနားကို     ယနေ့ညနေပိုင်းတွင်    ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်  ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ   Holy   Cathedral Church ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။                                                                       

 

 

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊  ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်း မှူး၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီမှ ဆရာတော်ကြီးများ၊    မြန်မာနိုင်ငံ   ကက်သလစ် သာသနာမှ   ဆရာတော်ကြီးများ၊   မြန်မာနိုင်ငံ ဧဝံ ဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်မှ ဆရာတော် ကြီးများ၊  မြန်မာနိုင်ငံ ခရစ်တော် သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီး များ၊  ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ   တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသည့်  ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိ             ခရစ်ယာန်ဘာသာဝင်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့်  ခရစ်ယာန်ဘာသာ ဝင် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

 


 ကြိုဆိုနှုတ်ဆက်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည်  Holy Cathedral Church သို့ ရောက်ရှိကြရာ  ရန်ကုန် ကက်သလစ်   ဂိုဏ်းချုပ်သာသနာ၊   ဂိုဏ်းချုပ် ဆရာတော်ကြီး  ကာဒီနယ်ချားလ်စ်ဘိုနှင့် သင်းအုပ် ဆရာကြီးများက      ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက်   အခမ်းအနားကို   စတင်ကျင်းပပြီး သိက္ခာတော်ရဆရာ   စောစံအောင်  (MCMC)က ခရစ္စမတ် ဆုတောင်းပြီး “ယေရှုကြွလာတော်ကျူး” ဓမ္မသီချင်းကို    သံပြိုင်သီဆို   ချီးမွမ်းကြသည်။ ထို့နောက်  သိက္ခာတော်ရဆရာ  စောစမ်စန်(MBC)က    ခရစ်ယာန်အဖွဲ့ချုပ်ကြီးကိုယ်စား   ကြိုဆို နှုတ်ဆက်စကားပြောကြားသည်။

 


နှုတ်ခွန်းဆက်စကားပြောကြား


ယင်းနောက်          နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ခရစ္စမတ် နှုတ်ခွန်းဆက်စကားပြောကြားရာတွင်  ခရစ်ယာန် ဘာသာဝင်များအနေဖြင့် ခရစ္စမတ်ပွဲတော်ဝတ်ပြု ကိုးကွယ်မှုအစီအစဉ်များကို နှစ်စဉ်ဒီဇင်ဘာလတွင် ကျင်းပကြလေ့ရှိပါကြောင်း၊  အထူးသဖြင့်  နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်ကို ခရစ္စမတ်နေ့အဖြစ် သတ်မှတ် ပြီး  ကျင်းပလာခြင်းဖြစ်သည့်အတွက်  ခရစ်ယာန် ဘာသာဝင်များ၏   ထူးကဲကြီးမြတ်သည့်  နေ့ထူး နေ့မြတ်ဖြစ်ကြောင်းကိုလည်း ဂုဏ်ပြုပြောကြားလိုပါ ကြောင်း၊ ယခုကဲ့သို့ ခရစ္စမတ်ပွဲတော် နေ့ထူးနေ့မြတ် အခါသမယတွင်  ခရစ်ယာန်ဘာသာဝင်များနှင့်အတူ ပါဝင်ဆင်နွှဲရသည့်အတွက်         များစွာဂုဏ်ယူပါ ကြောင်းနှင့် ခရစ်ယာန်ဘာသာဝင်များ အားလုံးနှင့် တကွ မြန်မာနိုင်ငံသူ နိုင်ငံသားများအပါအဝင် ကမ္ဘာ သူ၊   ကမ္ဘာသားများအားလုံး  ခရစ်တော်၏  မေတ္တာ တရားနှင့်       ငြိမ်းချမ်းသာယာရှိကြပါစေဟု ထပ်လောင်း ဆန္ဒပြုမေတ္တာ  ပို့သအပ်ပါကြောင်း။

 


ခရစ္စမတ်ပွဲတော် ဝတ်ပြုကိုးကွယ်မှု ဆောင်ရွက် ခြင်း၏ အနှစ်သာရသည် လူသားမျိုးနွယ်များအပေါ် ဘုရားရှင်၏ ကြီးမားလှသည့် မေတ္တာတရားများ၊ ချစ်ခြင်း တရားများ၊ ကရုဏာတရားများကို မျှဝေပေး ခြင်း၊ ပြသပေးခြင်းဖြစ်ပါကြောင်း၊  တစ်ဦးအပေါ် တစ်ဦး   မေတ္တာတရား၊   ချစ်ခြင်းတရားများဖြင့် ခရစ္စမတ်၏    အနှစ်သာရကို  လူသားအားလုံးက တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း၊  သို့မှသာ ငြိမ်းချမ်းသာယာဝပြောသည့်      လူ့အဖွဲ့အစည်း၊ အသိုက်အဝန်းမှသည်       အေးချမ်းသာယာသည့် ကမ္ဘာကြီးအဖြစ်   ရောက်ရှိလာနိုင်မှာ ဖြစ်ပါကြောင်း။ 

 


ကမ္ဘာပေါ်တွင်  ကိုးကွယ်မှုဘာသာများစွာရှိပြီး အဓိကဘာသာကြီး (၄)ခုအဖြစ်        ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္နူဘာသာ တို့ကို    သတ်မှတ်ထားကြပါကြောင်း၊  မည်သည့် ဘာသာကို ကိုးကွယ်သည်ဖြစ်စေ ဘာသာတိုင်းသည် လူသားများအတွက် လောကီအကျိုး၊ လောကုတ္တရာ ကောင်းကျိုး၊  ငြိမ်းချမ်းမှု၊  မေတ္တာတရား၊ ချစ်ခြင်း တရား၊ ကရုဏာတရားများကိုသာ ညွှန်ပြပေးနေသည် ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ဘာသာတရားများ၏ ညွှန်ပြမှု    အဆုံးအမများကို  လိုက်နာကျင့်သုံး၊ ကျင့်ကြံကြမည်ဆိုပါက    ငြိမ်းချမ်းသာယာသည့်  လူ့အသိုက်အဝန်း၊   ငြိမ်းချမ်းသာယာဝပြောသည့် နိုင်ငံအဖြစ်တည်ရှိနေမည်မှာ          ဧကန်မလွဲဖြစ်ပါကြောင်း။

 


မြန်မာနိုင်ငံတွင် ဘာသာကြီး (၄)ခုအပြင် အခြား သောဘာသာများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အရ   လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားပါကြောင်း၊ နိုင်ငံတော်အနေဖြင့်     အသိအမှတ်ပြုထားသည့်  ဘာသာများကို တတ်နိုင်သမျှ  ကူညီစောင့်ရှောက်လျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံမူများ ပုဒ်မ ၃၄ တွင်  “ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးနှင့်သော်လည်းကောင်း၊    ဖွဲ့စည်းပုံ အခြေခံဥပဒေပါ    အခြားပြဋ္ဌာန်းချက်တို့နှင့်သော် လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည်   ဘာသာသာသနာရေးတွင်   လွတ်လပ်စွာယူဆနိုင် သော အခွင့်အရေး၊  လွတ်လပ်စွာ ဆောင်ရွက်နိုင်သော အခွင့်အရေးတို့ကိုအညီအမျှ    ရရှိစေရမည်”   ဟု ပြဋ္ဌာန်းထားပါကြောင်း။

 


အတူတကွနေထိုင်ခဲ့ကြ


မြန်မာနိုင်ငံတွင် အများဆုံးကိုးကွယ်မှုရှိနေသည့် ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန်ဘာသာ၊  အစ္စလာမ် ဘာသာ၊ ဟိန္နူဘာသာနှင့်  အခြားသော ဘာသာဝင် များသည် ရှေးနှစ်ပေါင်း ပဝေသဏီထဲကပင် အတူတကွနေထိုင်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊   မည်သည့် ဘာသာကိုမျှ ထိခိုက်နစ်နာစေခြင်း၊ ခွဲခြားဆက်ဆံ ခြင်းမရှိဘဲ လူမျိုးမရွေး၊ ဘာသာမရွေး အပြန်အလှန် လေးလေးစားစား ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ဖြင့်  နိုင်ငံတော်၏ ကောင်းကျိုးများကို ညီအစ်ကို မောင်နှမရင်း  စိတ်ထားနှင့်   တည်ဆောက်ခဲ့ကြပါ ကြောင်း၊ ဆက်လက်ပြီး တည်ဆောက်ကြရန် လိုအပ် သကဲ့သို့ ဘာသာရေးကို အလွဲသုံးစားပြုပြီး မိမိတို့ နိုင်ငံသားများ အချင်းချင်း၏အကြားတွင် စည်းလုံး ညီညွတ်မှုပျက်ပြားအောင်၊ ပြိုကွဲအောင် လုပ်ဆောင် နေမှုများကိုလည်း  အစဉ်သတိပြုကာကွယ်ကြရန် လိုအပ်သည်ကိုလည်း ပြောကြားလိုပါကြောင်း။

 


ငြိမ်းချမ်းရေးနှင့်   ပတ်သက်ပြီး  အနည်းငယ် ပြောကြားလိုပါကြောင်း၊ ဘာသာတရားတိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထားသဖြင့် လူ့အဖွဲ့အစည်း တိုင်းတွင်လည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရ မည်ဖြစ်ပါကြောင်း၊   နိုင်ငံတော်စီမံ  အုပ်ချုပ်ရေး ကောင်စီအနေဖြင့်  ငြိမ်းချမ်းရေးတံခါးများ   အမြဲ ဖွင့်လှစ်ထားသကဲ့သို့  တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက်   အမြဲအသင့်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံတော်ကို တာဝန်ယူအုပ်ချုပ်သည့် အစိုးရတိုင်းသည် ငြိမ်းချမ်း ရေးအတွက်               ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါ ကြောင်း။

 


မိမိတို့အစိုးရ လက်ထက်တွင်လည်း ငြိမ်းချမ်းရေး အတွက် လုပ်ငန်းစဉ်များ ချမှတ်ပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊     ယနေ့ ကြွရောက်လာကြသည့်  ခရစ်ယာန်ဘာသာဂိုဏ်း ပေါင်းစုံအသီးသီးမှ ဆရာတော်ကြီးများနှင့် ဘာသာ ပေါင်းစုံက        အကြီးအကဲများအနေဖြင့်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရ ငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် မိမိတို့တတ်နိုင်သည့် ဘက်က   တတ်နိုင်သမျှနည်းလမ်းများနှင့်  အုတ် တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင် ဆောင်ရွက်ပေးကြပါ ရန် ပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံအတွက် အမျိုးသားရေး မျှော်မှန်းချက် (၂) ရပ်မှာ တိုင်းပြည် သာယာဝပြောရေး၊  စားရေရိက္ခာ   ဖူလုံပေါများရေး တို့ ဖြစ်ပါကြောင်း။

 


ဘာသာသာသနာ၏     အဓိကအဆုံးအမမှာ “သာယာဝပြောခြင်း” ဖြစ်သည့်အတွက်  တိုင်းပြည် သာယာဝပြောရေးအတွက် မိမိဆန္ဒပြုသည့် ငြိမ်းချမ်း ရေးနှင့်အတူ လူသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ပေး ကြရန် ထပ်မံတိုက်တွန်းလိုပါကြောင်း၊ စည်းကမ်း တကျ နေထိုင်လုပ်ကိုင်ခြင်းသည် သာယာဝပြောမှုကို ရစေမည်ဖြစ်ပါကြောင်း၊  စားရေရိက္ခာဖူလုံပေါများ ခြင်းသည်လည်း  တိုင်းပြည်သာယာဝပြောခြင်းကို တိုက်ရိုက် အထောက်ကူပြုပါကြောင်း၊ ထို့ကြောင့် နိုင်ငံအဝှမ်းရှိ    ရဟန်းရှင်လူအားလုံး    ကိုယ်စီ ထိန်းသိမ်းကြိုးစား    လုပ်ဆောင်သွားကြရန်လိုပါ ကြောင်း။

 


ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်


၂၀၂၂ ခုနှစ်အတွက်  ကျင်းပသည့်  ခရစ္စမတ် နေ့ထူးနေ့မြတ်   အခါသမယမှစ၍  မြန်မာနိုင်ငံ၌ အဓိကလိုအပ်နေသည့် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံ ရေး၊  ငြိမ်းချမ်းရေးတို့  အမြန်ရောက်ရှိနိုင်ရေးနှင့် ဘာသာတရားအားလုံး  ငြိမ်းချမ်းစွာအတူလက်တွဲ နေထိုင်ရေးဆိုသည့် ကောင်းမြတ်သော အခွင့်အရေး များကို နိုင်ငံသားများ အားလုံး ရရှိနိုင်အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြပါဟု         တိုက်တွန်း ပြောကြားလိုပါကြောင်း။ 

 


လွန်ခဲ့သည့်  နှစ်ပေါင်း ၂၀၀၀ ကျော်ကာလက ခရစ်တော်   မွေးဖွားသည့်  ညအခါ  သမယတွင် ကောင်းကင်တမန်များက သိုးထိန်းနေသည့် သိုးထိန်း များကို ကိုယ်ထင်ရှားပြပြီး “ရှင်လုကာ အခန်းကြီး ၂ အခန်းငယ် ၁၄” တွင် ဖော်ပြထားသည့် “Peace on Earth and Good will  toward men” “မြေကြီး ပေါ်တွင်လည်း  ငြိမ်သက်ခြင်း ရှိစေသတည်း၊ လူတို့ အား မေတ္တာကရုဏာရှိစေသတည်း”ဟု ပြောကြား ချက်အတိုင်း ယနေ့ ဝတ်ပြုကိုးကွယ်မှု အစီအစဉ်ကို ဦးဆောင်ကျင်းပသည့်        မြန်မာနိုင်ငံခရစ်ယာန် ကောင်စီ  အပါအဝင်  ခရစ်ယာန်ဘာသာ  ဂိုဏ်း ပေါင်းစုံမှ ဆရာတော်ကြီးများနှင့် ဆရာတော်များ၊ ပြည်ထောင်စုအဆင့်  ဌာနဆိုင်ရာလူကြီးမင်းများ၊ တပ်မတော်အရာရှိကြီးများ၊        ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှ   လူကြီးမင်းများ၊   အထူး ဧည့်သည်တော်များနှင့် နိုင်ငံသူနိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မေတ္တာတရား ပွားများနိုင်ကြပါစေ၊  ပျော်ရွှင်ခြင်း၊  ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းနှင့် အတူ  ခရစ္စမတ်၏ ကောင်းခြင်းမင်္ဂလာ အဖြာဖြာ ခံစားနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။ 

 


ယင်းနောက် Sr. Daisy(CBCM) က သမ္မာကျမ်းစာ ကိုလည်းကောင်း၊    ဂိုဏ်းချုပ်   ဆရာတော်ကြီး ဦးမြတ်ဆန်းက  အပြန်အလှန်ဖတ်ကြားခြင်းကို လည်းကောင်း၊  သာသနာပိုင်ချုပ်ကြီး  စတီဗင် သန်းမြင့်ဦးက        ခရစ္စမတ်ဒေသနာတော်ကိုလည်း ကောင်း ဖတ်ကြားကြသည်။

 


ထို့နောက်   သိက္ခာတော်ရဆရာ  ဒေါက်တာ မျိုးဝင်းနှင့် သိက္ခာတော်ရဆရာ ဒေါက်တာ အေးမင်း တို့က ကျေးဇူးတင်စကားနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအတွက် အထူးဆုတောင်းခြင်း တို့ကို ဆောင်ရွက်ကြပြီး  “တိတ်ဆိတ်ည  သန့်ရှင်း ညကျူး” ဓမ္မသီချင်းကို သံပြိုင်သီဆိုချီးမွမ်းကြသည်။

 


ယင်းနောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီ နယ်ချားလ်စ်ဘိုက  ခရစ္စမတ်  သတင်းကောင်းနှင့် ဆုမွန်စကားမျှဝေပြောကြားရာတွင် မင်္ဂလာရှိသော ခရစ္စမတ် အခါသမယတွင် ခရစ်ယာန်ဘာသာဝင်များ သာမက ကမ္ဘာပေါ်ရှိ  လူသားအားလုံး  ခရစ္စမတ်၏ ကောင်းခြင်းမင်္ဂလာတို့ဖြင့်  ပြည့်စုံပါစေကြောင်း၊ မြန်မာပြည်သူပြည်သားအားလုံး     စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိကြပြီး ခန္ဓာစိတ်ဝမ်း ငြိမ်းချမ်းကြပါ စေကြောင်း၊ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေးမှအစ အလုံးစုံတို့တွင် အဆင်ပြေချောမွေ့ကြပါစေကြောင်း၊  ငြိမ်းချမ်းသာယာဝပြောပြီး ဝမ်းမြောက်ခြင်းများနှင့် ပြည့်ဝနိုင်ကြပါစေကြောင်း   ခရစ္စမတ်  ဆုတောင်း ပေးသည်။

 


ယင်းနောက် ခရစ္စမတ်အခါသမယ မိတ်သဟာယ ညစာစားပွဲဖြစ်မြောက်ရေးနှင့်   ပါဝင်ပေးခဲ့သူများ အားလုံးအတွက်            ကျေးဇူးတော်ချီးမွှမ်းခြင်း ဆောင်ရွက်သည်။ 

 


အလှူငွေများ ပြန်လည်ပေးအပ်


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ဇနီးတို့အား ဂိုဏ်းချုပ်ဆရာတော်ကြီး  ကာဒီနယ်ချားလ်စ်ဘို၊ သာသနာပိုင်ချုပ်ကြီး စတီဗင် သန်းမြင့်ဦးနှင့်  သိက္ခာ တော်ရဆရာ ဒေါက်တာ အေးမင်းတို့က ခရစ္စမတ် အမှတ်တရမေတ္တာလက်ဆောင်   ပန်းချီကားကို ပေးအပ်ရာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ခရစ္စမတ် အထိမ်းအမှတ်လက်ဆောင်နှင့်    အလှူငွေများ ပြန်လည်ပေးအပ်သည်။ 

 


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များ ကောင်စီ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကက်သလစ် ဆရာတော်ကြီးများ၊  မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်တော်သာသနာ ပြန့်ပွားမှု            ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က တည်ခင်းဧည့်ခံသည့် မိတ်သဟာယ ညစာကို အတူ တကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။  


သတင်းစဉ်