
နေပြည်တော် ဒီဇင်ဘာ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည် နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့ နယ် ကောင်းမှုလုံကျေးရွာ နမ့်ကျို (မလိခ) မြစ်ကမ်းနံဘေး တွင် တည်ထားကိုးကွယ်သည့် ရှေးဟောင်းသမိုင်းဝင် ကောင်းမှု လုံစေတီတော်မြတ်ကြီးသို့ သွား ရောက် ဖူးမြော်ကြည်ညိုသည်။
လိုအပ်သည်များ မှာကြား
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ပူတာအိုခရိုင်အထွေထွေအုပ်ချုပ် ရေးမှူး ဦးခေါင်လန်တီး၊ စေတီ တော်မြတ်ကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ဆိုင်နှင့် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ က လှိုက်လှဲနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် ကောင်းမှုလုံ စေတီတော်မြတ်ကြီး အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် အား ပန်း၊ ရေချမ်း ကပ်လှူပူဇော် ၍ ဖူးမြော်ကြည်ညိုကြသည်။
ယင်းနောက် စေတီတော်မြတ် ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုပြီး စေတီတော် မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲ ရေး၊ ဘုရားဖူးလာ မိဘပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင် ရေး၊ သန့်ရှင်းသပ်ရပ်ပြီး ကြည်ညို ဖွယ်ဖြစ်စေရေးတို့နှင့် ပတ်သက် ၍ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီ တော်မြတ်ကြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးပြီး စေတီတော်မြတ်ကြီး ဘက်စုံ ပြုပြင်ထိန်းသိမ်းရန် အတွက် အလှူငွေများပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ပြုပြင်မွမ်းမံတည်ဆောက်
အဆိုပါ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး ကို သာသနာသက္ကရာဇ် ၂၄၄ ခုနှစ် သီရိဓမ္မာသောကမင်းကြီး လက်ထက်တွင် မြတ်စွာဘုရား၏ ဓာတ်တော်သုံးဆူကို ဌာပနာသွင်း ၍ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ် ကြောင်း၊ ခေတ်အဆက်ဆက်၊ မင်းအဆက်ဆက်တို့က စေတီ တော်မြတ်ကြီးကို ပြုပြင်မွမ်းမံ တည်ဆောက် ထိန်းသိမ်းခဲ့ကြ ပြီး မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် အပေါင်းတို့၏ နှုတ်ဖျားတွင် လည်း “အထက်တွင် ကောင်းမှုလုံ၊ အောက်တွင် ရွှေတိဂုံ၊ အလယ်တွင် ရွှေစည်းခုံ” ဟူ၍ ကျော်ဇော ထင်ရှားသပ္ပာယ်စွာဖြင့် တည်ရှိ လျက်ရှိကြောင်း၊ ကောင်းမှုလုံ စေတီတော်မြတ်ကြီးသည် အလွန် ရှေးကျသော စေတီတော်ကြီးဖြစ် ပြီး တိုင်းခမ်းတီး ရှမ်းတိုင်းရင်းသား ဘာသာစကားဖြင့် “ကောင်မူးစဝ် ကန်ခမ်း” ရွှေဆတ်မင်းစေတီတော် ဟူ၍လည်းကောင်း၊ ခမ်းတီးလုံ ဒေသရှိစေတီအားလုံးထက် ပုံတော်၏ အရွယ်အစားကြီးခြင်း၊ ဉာဏ်တော် မြင့်မားခြင်း၊ တန်ခိုးအာနုဘော် ပိုမိုကြီးမား မြင့်မြတ်ခြင်းတို့ ကြောင့် (စဝ်ကောင်းမှုလုံ)ကြီးမြတ် သော စေတီတော်ဟူ၍ လည်း ကောင်း ရည်စူးပူဇော်ခေါ်ဝေါ်ခဲ့ကြ ကြောင်း စေတီတော်ဘက်စုံပြုပြင် မွမ်းမံခြင်း မှတ်တမ်းများအရ သိရှိ ရသည်။
ရင်းနှီးနွေးထွေးစွာကြိုဆို
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ပူတာအိုမြို့ ဒုတ္ထန် ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ် ရှိ ရဝမ်ယဉ်ကျေးမှုပြတိုက်သို့ ရောက်ရှိကြရာ မြန်မာနိုင်ငံ ရဝမ် စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးရယ်ဒမ်းတန်နှင့် ရဝမ် တိုင်းရင်းသားတို့က ရဝမ်တိုင်းရင်း သားရိုးရာ တူရိယာများ တီးမှုတ် ၍ ရင်းနှီးနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ကြသည်။
လိုက်လံကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ကျောက်လက်နက် ကိရိယာ ပြကွက်၊ ကျောက်ဖြင့်ပြုလုပ်ထား သည့် အသုံးအဆောင် ပစ္စည်းများ ပြကွက်၊ သစ်သားထည်အိုးခွက် ပန်းကန် အသုံးအဆောင်များ ပြကွက်၊ သစ်သားနှင့် ကြိမ်နှီးရက် ဦးဆောင်းများပြကွက်၊ ရိုးရာ တူရိယာပြကွက်၊ ဝါးနှီးရက်အသုံး အဆောင်ပစ္စည်းများ ပြကွက်၊ ကြိမ်နှီးဖြင့် ရက်လုပ်သော အသုံး အဆောင်ပစ္စည်းများ ပြကွက်၊ ဓား၊ လှံ၊ ပုဆိန်၊ လေးမြားလက်နက် များပြကွက်၊ ဝါးအသုံးအဆောင် ပစ္စည်းများပြကွက်၊ ရိုးရာခရီး ဆောင်လွယ်အိတ်များ ပြကွက်၊ ဒေသထွက် တိုင်းရင်းဆေးများ ပြကွက်၊ ရိုးရာဂျပ်ခုတ်အထည် ရက် ကိရိယာများပြကွက်၊ ရဝမ် ရိုးရာ လက်ဝတ်ရတနာများ ပြကွက်၊ ရဝမ်လူမျိုးများ ဆင်း သက်လာရာပြမြေပုံ၊ နိုင်ငံတော် ခေါင်းဆောင်များနှင့် ပြည်နယ် ယဉ်ကျေးမှု ခေါင်းဆောင်များ ပြကွက်တို့ကို ပြကွက်တစ်ခုချင်းစီ အလိုက် လိုက်လံကြည့်ရှုကြရာ ဦးရယ်ဒမ်းတန်နှင့် တာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြသ ကြသည်။
ထိန်းသိမ်းစောင့်ရှောက်
ရှင်းလင်း တင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရဝမ်တိုင်းရင်းသား တို့၏ ယဉ်ကျေးမှုနှင့် သမိုင်းကို ထိန်းသိမ်း နိုင်ခြင်းအတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း၊ ရှေးဟောင်းရိုးရာ လက်မှုအသုံး အဆောင်များသည် အဖိုးမဖြတ် နိုင်သည့် သမိုင်းအထောက်အထား များဖြစ်သဖြင့် ရေရှည်တည်တံ့မှု ရှိစေရေး စနစ်တကျထိန်းသိမ်းရန် နှင့် သန့်ရှင်းသပ်ရပ်စွာ ပြသထား ရှိရန်လည်းလိုကြောင်း၊ သဘာဝ ဘေးအန္တရာယ်နှင့် ပိုးမွှားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးယိုယွင်း မှုများ မဖြစ်စေရန်လည်း ထိန်းသိမ်း စောင့်ရှောက်ရမည် ဖြစ်ကြောင်း မှာကြားသည်။
မှတ်တမ်းဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရဝမ် ယဉ်ကျေးမှုပြတိုက် ဧည့်သည် တော် မှတ်တမ်းစာအုပ်တွင် အမှတ်တရ လက်မှတ်ရေးထိုးခဲ့ ပြီး ရဝမ်ရိုးရာ ရိန်ဒန် (ခေါ်) မနော တိုင်ရှေ့တွင် ရဝမ်တိုင်းရင်းသား များနှင့် အတူတကွ စုပေါင်း မှတ်တမ်း ဓာတ်ပုံရိုက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်