နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း ထိန်းသိမ်းထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဒီဇင်ဘာ    ၂


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ    တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်   တိုင်းမှူး  ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် ထိန်းသိမ်းဆောင် ရွက်ထားရှိမှု   အခြေအနေများအား   သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 


ဥယျာဉ်သန့်ရှင်းသာယာလှပရေး
စဉ်ဆက်မပြတ် ဆောင်ရွက်


ဦးစွာ ဥယျာဉ်ရှင်းလင်းဆောင်ခန်းမတွင် ဥယျာဉ် မှ   တာဝန်ရှိသူများက  အမျိုးသားကန်တော်ကြီး ဥယျာဉ်ဆိုင်ရာ အချက်အလက်များ၊ ဥယျာဉ်အတွင်းရှိ ရေကန်များ၌   သစ်ပင်သစ်တောများ  ပြုန်းတီးခြင်း ကြောင့်  ရေအရင်းအမြစ်များ  အားနည်းလာခြင်း၊ သဘာဝရေထွက်များမှ ရေထွက်ရှိမှုမရှိခြင်း၊ ဒေသ တွင်း   အပူချိန်နှုန်းထား  မြင့်မားလာခြင်း၊  ရေဝင် ပေါက်များမှ  ရေဝင်ရောက်မှု  အားနည်းခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ဥယျာဉ်အတွင်းရှိ ရေကန်များတွင် ရေခန်းခြောက်မှုများ ကြုံတွေ့ခဲ့ရ သည့်  အခြေအနေများ၊  ထိုသို့ ကြုံတွေ့ခဲ့ရမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ ၂၀၂၁ ခုနှစ်အတွင်း လာရောက်ခဲ့သည့် ခရီးစဉ်လမ်းညွှန်ချက်နှင့်အညီ ကန်တော်ကြီးဥယျာဉ် အတွင်းရှိ ရေကန်များသို့ ရေဝင်ရောက်သည့် ရေဝင် ပေါက်များ၊ စိမ့်စမ်းနေရာများ၊ မြေအောက်ရေနုတ် မြောင်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး   လိုအပ် သည့် မွမ်းမံပြင်ဆင်မှုများ၊  ရေလမ်းကြောင်းထိန်းသိမ်း မှုများ ဆောင်ရွက်ခဲ့မှုကြောင့် ရေဝင်ပေါက်များမှ ရေများ ပြန်လည်စီးဝင်လျက်ရှိသည့် အခြေအနေ များ၊    ဥယျာဉ်သန့်ရှင်းသာယာလှပရေးအတွက် ဥယျာဉ်ဝန်ထမ်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ (၁၅)ကြိမ်မြောက် ပန်းပွဲတော် ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 


ရှင်းလင်းတင်ပြမှုများအပေါ်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ကန်တော်ကြီးဥယျာဉ်သည် ဥယျာဉ်အတွင်းရှိ ကန်များ၌   ရေများပြည့်လျှံပြီး   သစ်ပင်ပန်းမန် အလှအပများဖြင့် လှပနေသည့်အတွက် ယင်းရေကန် ကြီးကို အစွဲပြုပြီး ကန်တော်ကြီးဥယျာဉ်ဟု ခေါ်ဆို ခြင်းဖြစ်ကြောင်း၊ ဥယျာဉ်၏အသက်သည် ရေကန် များပင်ဖြစ်ကြောင်း၊ ဥယျာဉ်သို့ လာရောက်လည်ပတ် သူများကို အဓိကဆွဲဆောင်ထားသည့် ရေကန်များ သာယာလှပရန်နှင့် ရေကိုစနစ်တကျ ထိန်းသိမ်းထား ရှိမှသာလျှင်        လာရောက်လည်ပတ်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ရေဝင်ရောက်ရန်နှင့် ရေကိုထိန်းသိမ်းနိုင်ရေးအတွက်    ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့်  ညှိနှိုင်းဆောင်ရွက်၍ ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်း။

 


ဒေသမျိုးရင်းပန်းများ ဖော်ထုတ်စိုက်ပျိုး


ရေကန်တို့တွင်   လူလုပ်ရေကန်နှင့်  သဘာဝ အလျောက်ဖြစ်ပေါ်နေသည့်      ရေကန်ဟူ၍ရှိပြီး ကန်တော်ကြီး ဥယျာဉ်အတွင်းရှိ ရေကန်များသည် နှစ်မျိုးလုံး ပေါင်းစပ်ထားရှိသည့် ရေကန်အမျိုးအစား များဖြစ်ကြောင်း၊ ယင်းကို ပန်းခြံများဖြင့် အလှဆင် ထားခြင်းဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့ကို တောင်ပေါ် အပန်းဖြေမြို့တော်၊ ချယ်ရီမြို့တော်၊ ပန်းမြို့တော်ဟု ခေါ်ဆိုကြသည်နှင့်အညီ       ဒေသမျိုးရင်းပန်းများ ဥယျာဉ်အတွင်း မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဖူးပွင့်လှပ နေစေရေး ဖော်ထုတ်စိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ ဒေသမျိုးကို   ထိန်းသိမ်းနိုင်ရန်နှင့်  ခိုင်မာမှုရှိရန် ပန်းသုတေသနခြံကိုလည်း      ဆောင်ရွက်ရန် လိုကြောင်း၊ ဆယ့်နှစ်လရာသီပတ်လုံး ဖူးပွင့်နိုင်သည့် ပန်းမျိုးစုံရှိသည့်အတွက် ဒေသသို့ လာရောက်သည့် ခရီးသွားအပန်းဖြေသူဧည့်သည်များ   မည်သည့် အချိန်တွင် လာရောက်သည်ဖြစ်စေ စိတ်ချမ်းသာမှု ရှိစေရေး ပန်းများအမြဲမပြတ် ဖူးပွင့်လှပနေအောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပန်းတို့၏ သဘော သည် လူကိုလန်းဆန်းစေပြီး ကန်ရေပြင်နှင့် အေးမြ လတ်ဆတ်သည့်    ရေထု၊   လေထုတို့ဖြင့်  မြို့ကို လာရောက်သူများ စိတ်အေးချမ်းမှုရရှိစေရန် ပေးစွမ်း နိုင်ရမည်ဖြစ်ကြောင်း၊   ထို့ကြောင့်  ကန်တော်ကြီး ဥယျာဉ် စိမ်းလန်းစိုပြည်စေရေး၊ ရေကန်များ ရေဝင် ရေထွက်ကောင်းမွန်စေရေး       တာဝန်ရှိသူတို့က ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်  လိုကြောင်း ဆွေးနွေးမှာကြားသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော် ယာဉ်များဖြင့်       လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကန်တော်လေးရေပိုလွှဲ  တိုးချဲ့တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ လမ်းညွှန်မှာကြားသည်။ 

 


အဆိုပါ အမျိုးသားကန်တော်ကြီးဥယျာဉ်တော် အတွင်းရှိ  ရေကန်များသို့  ယခင်နှစ်ပိုင်းက ရေဝင် ရောက်မှုများ နည်းပါးနေသည့်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ၂၀၂၁ ခုနှစ် စက်တင်ဘာလနှင့် ဒီဇင်ဘာလ၊ ၂၀၂၂ ခုနှစ် ဧပြီလတို့အတွင်း ပြင်ဦးလွင်မြို့သို့ လာရောက် သည့် ခရီးစဉ်များတွင် ကန်တော်ကြီးရေကန်များ၏ ရေဝေရေလဲကောင်းမွန်စေရေးနှင့်   ရေဝင်ရောက်မှု များပြားစေရေးအတွက်    ဥယျာဉ်တော်အတွင်းနှင့် ရေဝေရေလဲဧရိယာအတွင်းရှိ   ညောင်နီရေထွက် အပါအဝင် သဘာဝရေထွက်များကို လိုက်လံကြည့်ရှု လမ်းညွှန်မှာကြားချက်အရ သက်ဆိုင်ရာဌာနများက ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန် တွင်   ကန်တော်ကြီးအတွင်း   ရေဝင်ရောက်မှုမှာ ယခင်နှစ် စစ်ဆေးစဉ် ရေလှောင်ကန်အတွင်း ကန်ရေ အနက်ပေ    ၁၆   ပေသာရှိခဲ့ရာမှ   ယခုအခါတွင် ၃၁  ဒသမ  ၈ ပေသို့ ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် ကန်အမှတ် ၁ တွင် ရေပြည့်အမှတ် ၆ ပေရှိသည့် အနက် လက်ရှိရေအမှတ် ၆ ဒသမ ၅ ပေ၊ ကန်အမှတ် ၂ တွင် ရေပြည့်အမှတ် ၇ ပေရှိသည့်အနက် လက်ရှိ ရေအမှတ် ၇ ပေ၊ ကန်အမှတ် ၃ တွင် ရေပြည့်အမှတ် ၁၁ ပေရှိသည့်အနက် လက်ရှိရေအမှတ် ၈ ဒသမ ၈ ပေရှိကြောင်း သိရှိရပြီး ရေအရင်းအမြစ်ထိန်းသိမ်း ရေးလုပ်ငန်းများကို    ဆက်လက်ဆောင်ရွက်လျက် ရှိသည်။

 


ထို့ပြင်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းတွင်လည်း ပွဲကောက် ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)သို့ ရောက်ရှိ ကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 


စိတ်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေး
အမြဲသန့်ရှင်းသာယာလှပအောင် ဆောင်ရွက်


ထို့နောက်     မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး  ညိုစောက ပွဲကောက် ရေတံခွန်အပန်းဖြေစခန်း   (B.E FALLS)  သမိုင်း အကျဉ်း၊ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ အများပြည်သူများ လာရောက်အပန်းဖြေမှု အခြေ အနေများ၊ တောတွင်းလျှောက်လမ်းများ တိုးချဲ့ရန် ဆောင်ရွက်နေမှုနှင့် Sky Cable တည်ဆောက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က    အပန်းဖြေစခန်းအတွင်း   ပြည်သူများ စိတ်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေးအတွက် အမြဲသန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ရန်နှင့် တောတွင်းလျှောက်လမ်းများတွင် ရေညှိများကပ်ငြိမှု မရှိစေရေး စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။

 


ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်သည် Sky Cable  တည်ဆောက်နေမှုကို  ကြည့်ရှုစစ်ဆေးပြီး ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း  (B.E FALLS)အတွင်း လှည့်လည်ကြည့်ရှုကာ လာရောက်အပန်းဖြေ အနားယူနေကြသည့် ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 


ဆက်လက်၍ ဆင်ကလေးများ၏ ကျွမ်းကျင်မှုနှင့် အလှပြ ပြကွက်များကို ကြည့်ရှုအားပေးကာ အစာ ကျွေးကြပြီး ချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် ရေတံခွန်သို့ လာရောက်လည်ပတ် အပန်းဖြေသူများ သဘာဝတောတွင်း   အလှအပများကို  လှည့်လည် ကြည့်ရှုနိုင်ရန်   ဖောက်လုပ်ထားသည့်  တောတွင်း လျှောက်လမ်းအား လှည့်လည်ကြည့်ရှုပြီး Sky Cable ဆင်းသက်မည့်နေရာ တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့သည်။

 


သဘာဝရေသန့်စင်စနစ်ကို အသုံးပြုထား ကျန်းမာရေးနှင့် ညီညွတ်စွာ ရေကစားမှုပြုနိုင်


ပွဲကောက်ရေတံခွန်သည် ယခင်က စနစ်ကျသည့် အကွက်ချမှုမရှိခြင်း၊ ဈေးဆိုင်ခန်းများ များပြားလာ ခြင်း၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊ သစ်ပင်များ ခုတ်လှဲခြင်းများကြောင့်  သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်   ပျက်စီးယိုယွင်းမှုများ  ဖြစ်ပေါ်လာခဲ့ ကြောင်း၊   ထို့ကြောင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက် စစ်ဆေးစဉ် လမ်းညွှန်ချက်များအရ အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်း    ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေတံခွန်အတွင်း  ရေသန့်စင်စေရေး သဘာဝရေ သန့်စင်စနစ်ကို အသုံးပြုထားသဖြင့် ရေကစားလိုသူ များအနေဖြင့်လည်း  သန့်ရှင်းပြီး  ကျန်းမာရေးနှင့် ညီညွတ်စွာ     ရေကစားမှုပြုနိုင်မည်ဖြစ်ကြောင်း၊ အပန်းဖြေစခန်းအတွင်း ရေတံခွန် သုံးခုရှိပြီး မြန်မာ နိုင်ငံတွင် ပထမဆုံး LED မှန်တံတားကိုလည်း ကမ္ဘာ့ အဆင့်မီစွာဖြင့်   ထည့်သွင်းဆောက်လုပ်ထားကာ မှန်တံတားအောက်ခြေ    ရှုခင်းများကို    ရင်ခုန် စိတ်လှုပ်ရှားစွာ ခံစားနိုင်မည်ဖြစ်ကြောင်း၊ ပန်းမြို့ တော်၊ ခရီးသွားမြို့တော်ဖြစ်သည်နှင့်အညီ ပန်းမျိုးစုံ ကို စိုက်ပျိုးထားရှိပြီး နှစ်စဉ်ပန်းပွဲတော်များကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊   လာရောက် လည်ပတ်သူများ စိတ်အပန်းပြေစေရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ဆောင်ရွက်ထားပြီး   မှန်တံတား၊ ကြိုးတံတားများအပြင် log house၊ coffee shop၊ တောတွင်းလျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများ စသည်တို့ကို ပြည့်စုံအောင် ထည့်သွင်း        အဆင့်မြှင့်တင်ထားရှိသည့်အပြင် ယခုအခါတွင် အရှည် ၅၅၄ မီတာရှိ Sky Cable ကို လည်း   တည်ဆောက်လျက်ရှိပြီး   မကြာမီအချိန် အတွင်း ဖွင့်လှစ်နိုင်ရေးအတွက်  ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။                

သတင်းစဉ်