
နေပြည်တော် နိုဝင်ဘာ ၂၄
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နတ်တော်လပြည့်နေ့၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ကျရောက် မည့် “စာဆိုတော်နေ့” ကို ဂုဏ်ပြု သောအားဖြင့် ကျင်းပပြုလုပ် သည့် စာပေဟောပြောပွဲ အခမ်း အနားကို ယနေ့ ညပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီး ဌာန အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ဝန်ဇင်းမင်းရာဇာ ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေး သည်။
တက်ရောက်
အဆိုပါ စာပေဟောပြောပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်း နွယ်၊ ကောင်စီတွဲဖက်အတွင်း ရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များ နှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များနှင့် ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊ နေပြည် တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ စာပေပညာရှင်များနှင့် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြ သည်။
ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များ သည် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ် ဆက်ကြသည်။ ထို့နောက် ဟောပြောပွဲခန်းမတွင် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက “စာဆိုတော်နေ့” ကို ဂုဏ်ပြုသော အားဖြင့် စာပေဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် စာပေဟောပြော ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ စာရေးဆရာကြီး တက္ကသိုလ် မြတ်သူ၊ စာရေးဆရာမကြီး မစန္ဒာ နှင့် စာရေးဆရာကြီး မြင်းမူ မောင်နိုင်မိုး တို့က အသီးသီး ဟောပြောခဲ့ကြသည်။
ရင်းရင်းနှီးနှီး နှုတ်ဆက်
စာပေဟောပြောမှုများအပြီး တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က စာပေဟောပြောခဲ့ကြသည့် စာရေးဆရာကြီး တက္ကသိုလ် မြတ်သူ၊ စာရေးဆရာမကြီး မစန္ဒာ နှင့် စာရေးဆရာကြီး မြင်းမူ မောင်နိုင်မိုး တို့အား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် စာရေးဆရာ ကြီး တက္ကသိုလ် မြတ်သူ၊ စာရေး ဆရာမကြီး မစန္ဒာနှင့် စာရေးဆရာ ကြီး မြင်းမူမောင်နိုင်မိုး တို့အား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်