
အမှန်တကယ်သုံးစွဲနိုင်ခြင်းမရှိသည့် ထုတ်ယူသုံးစွဲငွေများ များပြားနေသောကြောင့် ပြည်တွင်းချေးငွေ
များပြားနေခြင်းဖြစ်သဖြင့် တင်ပြတောင်းခံသည့်အတိုင်း လုပ်ငန်းများအမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်
နေပြည်တော် နိုဝင်ဘာ ၂၄
ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်း ရေးမှူး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးနှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် များက Video Conferencing ဖြင့် တက်ရောက် ကြသည်။
ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပ သည့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး ၂/၂၀၂၂ တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြု ငွေတောင်းခံမှုများကို အတည်ပြု ပေးရန်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း ကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်၏ အတည်ပြု ထောက်ခံချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့က တစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဆက်လက်ပေးပို့တင်ပြနိုင်ရေးအတွက် ဆွေးနွေးကြ ရန်ဖြစ်ကြောင်း။
ပြည်ထောင်စုအဆင့်ဌာန/ အဖွဲ့အစည်းများက တင်ပြလာသည့် ဖြည့်စွက်ခွင့်ပြု ငွေတောင်းခံမှု များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးစွာ စိစစ်ခဲ့ပြီး ဒုတိယဝန်ကြီးချုပ်က ထပ်ဆင့်စိစစ်ထားပြီး ဖြစ်ကြောင်း၊ အလားတူ တိုင်းဒေသကြီး/ ပြည်နယ် များ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုကိုလည်း စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဒုတိယဝန်ကြီး ချုပ်တို့က စိစစ်ထားပြီးဖြစ်ကြောင်း၊ ပြည်ထောင်စု အဆင့် ဌာန/အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်က ထပ်မံခွင့်ပြုသည့် ဖြည့်စွက်ခွင့်ပြုငွေများကို ပြည်သူ များ၏ လိုအပ်ချက်နှင့် တစ်ထပ်တည်းဖြစ်စေမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နိုင်ငံတော်၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် လုပ်ငန်းများတွင် ထိရောက်စွာအသုံးပြုကြရန် လိုအပ်ကြောင်း။
နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကို ကျပ်ဘီလီယံ ၄၀၀ နှင့် မတည်ထူထောင် ပေးထားပြီးဖြစ်ကြောင်း၊ မကြာမီကာလတွင် အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကိုလည်း ထပ်မံ ထူထောင်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ကဲ့သို့ ဖြည့်စွက်ခွင့်ပြုငွေများ ထပ်မံခွင့်ပြုပေးခြင်း များ၊ ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ရန်ပုံငွေများကို ထူထောင်ပေးခြင်းများသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျဆင်းခဲ့ရသည့် နိုင်ငံတော်၏ စီးပွားရေးကို ပြန်လည်မြှင့်တင်ပေး နိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင် ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်၊ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို စိစစ်ခဲ့မှု နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း တို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် များက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုစာရင်း စစ်ချုပ် ဦးတင်ဦးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေအပေါ် ဌာန၊ အဖွဲ့အစည်း များက အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူများအတွက် အကျိုးရှိစွာအသုံးပြုရေး၊ လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး တို့အတွက် ကြပ်မတ်စစ်ဆေး ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဘဏ္ဍာ ရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ ၆ လပတ် ဧပြီလမှ စက်တင်ဘာလအထိ ပြည် ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် အမျိုးသားစီမံကိန်းများ၊ လုပ်ငန်းများအပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို လည်းကောင်း အကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ ယခုဖြည့်စွက်ရန်ပုံငွေများကို လိုအပ်ချက်များအရ တောင်းခံကြခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် များမှလည်း တောင်းခံကြသည်ကို တွေ့ရှိရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြန်လည်အပ်နှံ သည့် လုပ်ငန်းများ၊ စတင်နိုင်ခြင်းမရှိသေးသည့် လုပ်ငန်းများ၊ ရာနှုန်းပြည့် ပြီးစီးမှုမရှိသည့် လုပ်ငန်း များ ရှိနေသည်ကို တွေ့ရှိရကြောင်း၊ အမှန်တကယ် သုံးစွဲနိုင်ခြင်းမရှိသည့် ထုတ်ယူသုံးစွဲငွေများ များပြား နေသောကြောင့် ပြည်တွင်းချေးငွေ များပြားနေခြင်း ဖြစ်သဖြင့် တင်ပြတောင်းခံသည့်အတိုင်း လုပ်ငန်း များ အမှန်တကယ် အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန်လိုကြောင်း။
စနစ်တကျပြန်လည်ဆောင်ရွက်
တိုင်းပြည်ဝင်ငွေ ရရှိရေးအတွက် ကုန်ထုတ် လုပ်မှုကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ ရှိရင်းစွဲ မြေပေါ်မြေအောက် သဘာဝသယံဇာတ အရင်းအမြစ်များကို ဥပဒေနှင့်အညီ စည်းကမ်းစနစ် တကျဖြင့် အကျိုးရှိရှိအသုံးချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်ငန်း များကို အားပေးမြှင့်တင်ပြီး ပြည်တွင်းလိုအပ်ချက် ဖြစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရသူ Importer အဖြစ်မှ ပြည်တွင်း လိုအပ်ချက် ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သူ Exporter အဖြစ်သို့ ရောက်ရှိ သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ သယံဇာတများကို ထုတ်ယူသုံးစွဲပြီးပါက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို လည်း စနစ်တကျပြန်လည်ဆောင်ရွက်ကြရမည် ဖြစ်ကာ ထိုသို့ဆောင်ရွက်မှသာလျှင် စဉ်ဆက်မပြတ် သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း။
ချွေတာသုံးစွဲရေးနှင့် ပတ်သက်၍ စိုက်ပျိုးရေး တွင် ရေသည် အဓိကကျသည့်အတွက် ရေသုံးစွဲမှုကို အလေအလွင့် မဖြစ်စေလိုဘဲ စနစ်တကျဖြင့် အကျိုး ရှိရှိ အသုံးချစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြစ်ရေတင်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သကဲ့သို့ ဆည်ရေ ကိုလည်း စနစ်တကျသုံးစွဲကြရန်လိုကြောင်း၊ လျှပ်စစ် ဓာတ်အားသုံးစွဲမှုကိုလည်း စနစ်တကျဖြစ်စေလို ကြောင်း၊ မိမိတို့နိုင်ငံ၏ လျှပ်စစ်စွမ်းအင်လိုအပ်ချက် မှာ ကြီးမားလာနိုင်ပြီး လိုအပ်ချက်ပြည့်မီနိုင်ရေး နိုင်ငံတော်အနေဖြင့် လျှပ်စစ်စီမံကိန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်မှ လျှပ်စစ်လိုအပ်ချက်ပြည့်မီစေရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိသကဲ့သို့ သုံးစွဲသူများအနေဖြင့်လည်း အလေအလွင့်ဖြစ်စေမည့် ဓာတ်အားသုံးစွဲမှုများကို လျှော့ချကြစေလိုကြောင်း။
ဖြည့်စွက်ဆွေးနွေးမှာကြား
တစ်ဆက်တည်းတွင် စက်သုံးဆီသုံးစွဲမှုကိုလည်း လျှော့ချကြစေလိုကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ တစ်ဝန်းလုံး၌ စက်သုံးဆီဈေးနှုန်းများ ကြီးမြင့်လျက် ရှိကြောင်း၊ စက်သုံးဆီဝယ်ယူသုံးစွဲရာတွင် ကုန်ကျ မည့် ငွေကြေးအရင်းအနှီးများကို လျှပ်စစ်စွမ်းအင် ဖြင့် အသုံးပြုသည့် Public transportation များ၌ သုံးစွဲမည်ဆိုပါက ပိုမိုအကျိုးရှိနိုင်မည်ကို တွေ့ရှိရ ကြောင်း၊ ထို့ကြောင့် ကုန်စည်များ ပို့ဆောင်ခြင်းနှင့် ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စေရေး အတွက် ရထားပို့ဆောင်ရေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သယ်ယူပို့ဆောင် ရေးတွင် ရေကြောင်းခရီး၊ ကုန်းကြောင်းခရီး၊ လေကြောင်းခရီးဟူ၍ရှိပြီး ရေကြောင်းခရီးဖြင့် သယ်ယူပို့ဆောင်ခြင်းသည် ကုန်ကျစရိတ် အသက် သာဆုံးပင်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် နေ့စဉ် သုံးစွဲနေသည့် စက်သုံးဆီကို တစ်ဦးချင်းအသိစိတ် ဖြင့် လျှော့ချသုံးစွဲမည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲ နေရမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဘဏ္ဍာငွေ သုံးစွဲမှုကိုလည်း လျှော့ချလာနိုင်မည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ရှိ စိုက်ပျိုးစရိတ်ချေးငွေများ သတ်မှတ်ကာလအတွင်း ပြန်လည်ရရှိစေရေးအတွက် တာဝန်ရှိသူများက အသိပညာပေး၊ စည်းရုံးဆောင်ရွက်သွားကြရန်လို ကြောင်းနှင့် အခြားလိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးမှာကြားသည်။
အချိန်မီဆောင်ရွက်သွားမည်
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယနေ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေး တွင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ရှင်းလင်းတင်ပြခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု စာရင်း၊ ပြည်ထောင်စုမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ထောက်ပံ့ရမည့် ထောက်ပံ့ငွေ ပြောင်းလဲမှု၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုပြီးဖြစ်သည့် အတွက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်၏ ထောက်ခံ ချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ကတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဆက်လက် တင်ပြပြီး ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ အတည်ပြုပြဋ္ဌာန်းနိုင်ရေး အတွက် အချိန်မီဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ကမ္ဘာတစ်ဝန်းလုံးတွင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးများ အကြား စစ်ရေး နိုင်ငံရေး အားပြိုင်မှုများ၊ ကမ္ဘာ့ ရွှေဈေး၊ ရေနံဈေး မတည်ငြိမ်မှုများကတစ်ဆင့် အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ ငွေဖောင်းပွမှုနှုန်းများ မြင့်တက်လာခြင်း၊ အမေရိကန် ဒေါ်လာ ငွေကြေးတန်ဖိုး မြင့်တက်ခြင်းကြောင့် အခြား နိုင်ငံများ၏ ပြည်တွင်းသုံးငွေ တန်ဖိုးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်း စသည့်အခြေအနေများအရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် စိန်ခေါ်မှု များစွာ ရင်ဆိုင်တွေ့ကြုံရလျက်ရှိကြောင်း။
အစားထိုးသုံးစွဲ
မိမိတို့အနေဖြင့် မည်သည့်စိန်ခေါ်မှုပင်ရှိပါစေ၊ ပြည်တွင်းအားသည် ပြည်တွင်း၌သာရှိသည် ဟူသည့် ခံယူချက်ဖြင့် မိမိတို့၏ အမျိုးသားရေးမူဝါဒနှစ်ရပ် ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးတို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် လာမည့် ဘဏ္ဍာရေး နှစ် ၂၀၂၃-၂၀၂၄ တို့အတွင်း ပြည်သူများ၏ လူမှု စီးပွားဘဝများ အလျင်အမြန် ပြန်လည်တိုးတက်လာ စေရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားပေး မြှင့်တင်သွားရမည်ဖြစ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး အားပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ပမှ ကုန်ပစ္စည်းများ မှာယူတင်သွင်းနေရသည်များကို အတတ်နိုင်ဆုံး လျှော့ချပြီး ပြည်တွင်းထုတ်ကုန် များကို အစားထိုးသုံးစွဲနိုင်ရေးအတွက်လည်း ရည်မှန်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
အစီရင်ခံစာများ ပြုစုတင်ပြ
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ဖြည့်စွက် ခွင့်ပြုငွေအပါအဝင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွက် မိမိတို့ကို ခွဲဝေပေးထားသည့် အသုံးစရိတ် များကို ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ အကျိုးရှိရှိ ထိထိ ရောက်ရောက်ဖြစ်အောင် သုံးစွဲကြရန် မှာကြားလို ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်ထောင်စုနှင့် တိုင်း ဒေသကြီး၊ ပြည်နယ်များ၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေများတွင် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်း များ အကောင်အထည်ဖော်နိုင်ရန်အတွက် ရန်ပုံ ငွေများ ခွဲဝေချထားပေးလျက်ရှိရာ လျာထားချက် အတိုင်း လုပ်ငန်းများအကောင်အထည်ဖော်နိုင်ခြင်း ရှိ၊ မရှိ ခွင့်ပြုရန်ပုံငွေများကို ထိရောက်စွာသုံးစွဲနိုင် ခြင်း ရှိ၊ မရှိတို့ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနက စောင့်ကြည့်ကြီးကြပ်၍ အစီရင်ခံစာများ ပြုစုတင်ပြလျက်ရှိကြောင်း။
ခွဲဝေလျာထားသတ်မှတ်
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် ငွေလုံး ငွေရင်းအသုံးစရိတ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများ အတွက် ရန်ပုံငွေများနှင့် သက်ဆိုင်ရာ တိုင်းဒေသ ကြီး၊ ပြည်နယ်များ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေများတွင် ငွေလုံးငွေရင်းအသုံးစရိတ်များကို အသီးသီး ခွဲဝေလျာထား သတ်မှတ်ပေးခဲ့ပြီးဖြစ် ကြောင်း။
လေလွင့်ဆုံးရှုံးမှုမရှိအောင်ကြပ်မတ်
ဖြည့်စွက်ခွင့်ပြုရန်ပုံငွေ တင်ပြတောင်းခံထား သည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများကလည်း ရန်ပုံ ငွေများကို အကျိုးရှိစွာ ထိထိရောက်ရောက်ဖြစ် အောင် သုံးစွဲရန်၊ လျာထားလုပ်ငန်းများကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန်၊ လုပ်ငန်းပြီးစီးမှုနှင့် ငွေကြေးသုံးစွဲမှု ဟန်ချက်ညီစေရန်၊ အရည်အသွေး ပြည့်မီစေရန်၊ ပိုလျှံရန်ပုံငွေများနှင့် ဘဏ္ဍာနှစ်အကုန် ထိ သုံးစွဲနိုင်ခြင်းမရှိမည့် ရန်ပုံငွေများကို ဆောလျင်စွာ ပြန်လည်အပ်နှံရန်၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် နိုင်ငံ့ ဘဏ္ဍာရန်ပုံငွေ လေလွင့်ဆုံးရှုံးမှုမရှိအောင် ကြပ်မတ် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ တိုးမြှင့် လျာထားသည့် ရငွေများကို ပြည့်မီရုံမျှသာမက ကျော်လွန်ရရှိလာရန်လည်း ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဘေး ကြောင့် နိုင်ငံတော်အနေဖြင့် အခွန်အခများ လျှော့ပေါ့ပေးခြင်း၊ ရွှေ့ဆိုင်းပေးခြင်း၊ ချေးငွေ သက်တမ်းများ တိုးမြှင့်ပေးခြင်းတို့ကို ပြည်သူများ အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
ယခုအခါ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်း များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းများ၊ CMP လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ ခရီးသွားလာရေးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာပြီ ဖြစ်သည့်အတွက် နိုင်ငံတော်နှင့် ပြည်သူများအတွက် ရသင့်ရထိုက်သည့် အခွန်၊ အခများကို ကြိုးပမ်း ကောက်ခံကြစေလိုကြောင်း၊ အခွန်ထမ်းဆောင်ရမည့် ပြည်သူများကိုလည်း အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်လာစေရေး အခွန်ဆိုင်ရာအသိပညာပေး ခြင်းနှင့် အခွန်ပေးဆောင်ရာတွင် အဆင်ပြေချောမွေ့ စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း။
ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ခွဲဝေ ပေးသည့် ဘဏ္ဍာငွေများကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအားလုံး မိမိတို့၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေများနှင့် အညီ အကျိုးရှိထိရောက်စွာ သုံးစွဲကြပြီး ရည်မှန်း ချက် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ကြရန် အလေးအနက်ထားမှာကြား လိုကြောင်းပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်