နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်း တိုးတက်မှုအခြေအနေ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်    နိုဝင်ဘာ    ၃


ပြည်ထောင်စုနယ်မြေ  နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ     မာရဝိဇယ   ဗုဒ္ဓဥယျာဉ်တော်အတွင်း  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး   ထုဆစ်ခြင်း၊ ဥယျာဉ်တော် တည်ဆောက်ခြင်းနှင့် ကျောက်စာရုံ စေတီများ တည်ထားကိုးကွယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ  လုပ်ငန်းတိုးတက်မှု  အခြေ အနေများကို ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ယနေ့မွန်းလွဲပိုင်း တွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


အသီးသီးရှင်းလင်းတင်ပြ


ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက် အတွင်းရေးမှူး       ဒုတိယဗိုလ်ချုပ်ကြီး       ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တပ်မတော်အရာရှိကြီး  များကို ရှင်းလင်းဆောင်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)  မှ   ဒုတိယဗိုလ်ချုပ်ကြီး   ကံမြင့်သန်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပင့်ထောင် ခြင်း၊ ပင့်တင်ခြင်းနှင့် ပလ္လင်တော်ပေါ်သို့ ပင့်ဆောင် ခြင်းများဆောင်ရွက်မည့်         အခြေအနေများကို  လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက  မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း   စိမ်းလန်း စိုပြည်သာယာလှပစေရေးအတွက် သစ်ပင်၊ ပန်းမန် များ စိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိက အဆောက် အဦများ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့်တိုးတက် လာမှုအခြေအနေများကိုလည်းကောင်း၊   ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောက ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ် ကျမ်းစာတော်များကို       ဆရာတော်ကြီးများ၏ လမ်းညွှန်ဩဝါဒများ   ခံယူပြီး  အဆင့်ဆင့်စိစစ်၍ စကျင်ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာနှင့် Romanize Language  တို့ဖြင့် ရေးထိုးပူဇော်လျက်ရှိသည့် အခြေအနေများ နှင့်   အလှူငွေကောက်ခံရရှိမှု  အခြေအနေများကို  လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

 


အသေးစိတ်မှာကြား


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ဆောက်ပူဇော်ရေး ဆောင်ရွက်မှုများ  နှင့် ပတ်သက်ပြီး ပွင့်လင်းရာသီရောက်လာပြီဖြစ်၍  ပတ်ဝန်းကျင်   စိမ်းလန်းသာယာမှုဆောင်ရွက်ရေး နှင့် လုပ်ဆောင်ရန်ကိစ္စရပ်များ စနစ်တကျတွက်ချက် ဆောင်ရွက်ရန် အသေးစိတ်မှာကြားသည်။

 


မှတ်တမ်းဗီဒီယိုကို ကြည့်ရှု


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင်များက  ဆရာတော်ကြီးများထံမှ ဩဝါဒများခံယူ၍ မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး   တည်ဆောက်လျက်ရှိမှု၊ ပိဋကတ်ကျမ်းစာတော်များ   ရေးထိုးပူဇော်နေမှုနှင့် ကျောက်စာရုံများ တည်ဆောက်နေမှု မှတ်တမ်းဗီဒီယို ကို ကြည့်ရှုကြသည်။ ဆက်လက်၍ ခင်းကျင်းပြသ ထားသော အဆောက်အဦပုံစံငယ်များနှင့် ကမ္ဘာပေါ်ရှိ  ဘုန်းတော်ကြီးကျောင်းများသို့   ဖြန့်ဝေရန်အတွက် ပါဠိအက္ခရာနှင့်  Romanize  Language  တို့ဖြင့် ရိုက်နှိပ်ထားသော ပိဋကတ်ကျမ်းစာအုပ်နမူနာများ ကို ကြည့်ရှုကြသည်။

 


လှည့်လည်ကြည့်ရှု


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော် တည်ဆောက်ပြီးစီးမှု၊   ချောင်းဖြောင့်မြေထိန်းနံရံ  တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊  ကျောက်စာရုံများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက် တည်ဆောက်နေမှု၊ သုဓမ္မာဇရပ်များ တည်ဆောက် ပြီးစီးမှုနှင့် မုစလိန္ဒအိုင် တည်ဆောက်နေမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုကြသည်။

 


အဆိုပါ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး  ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာ ကို ပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား         ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက် စည်ကားမှုဖြစ်စေရန်၊  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေရန်   စသည့်   ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် စကျင်ကျောက်တော် ကြီးမှ ထွက်ရှိလာနိုင်သည့် အတိုင်းအတာ၊ ထုထည် နှင့်   အပြစ်အနာအဆာရှိမှုများအား     သိရှိနိုင်ရန် X-Ray   ရိုက်   စမ်းသပ်စစ်ဆေး၍   ဉာဏ်တော်နှင့် ပလ္လင်တော်များ ထုဆစ်ရရှိနိုင်မည့် အခြေအနေများ ကို လေ့လာတွက်ချက်ခဲ့ပြီး စကျင်ကျောက်တော် ကြီး   တည်ရှိရာ  မတ္တရာမြို့နယ်  စကျင်တောင်မှ ဆီမီးခုံဆိပ်ကမ်းအထိ ရေလမ်းကြောင်းဖြင့် လည်း ကောင်း၊ ထိုမှတစ်ဆင့် မန္တလေး-ရန်ကုန် အမြန်လမ်း အတိုင်း နေပြည်တော်သို့ Modular Trailer များဖြင့် လည်းကောင်း အခက်အခဲများစွာကြားမှ ပင့်ဆောင် ခဲ့ရခြင်းဖြစ်ကာ နေပြည်တော်သို့ ရောက်ရှိလာသည့် ကျောက်တုံးတော်ကြီးများကို အဆင့်မြင့်နည်းပညာ ဖြစ်သည့် CNC Machine များဖြင့် ပုံဖော်ထုဆစ်ခြင်း လုပ်ငန်းများကို    ကျွမ်းကျင်ပညာရှင်များ၊    ခေတ်မီ စက်ကိရိယာများဖြင့်  နေ့မအား၊ ညမနား ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

 


ထိုကဲ့သို့   ရုပ်ပွားတော်မြတ်ကြီး   ထုဆစ်နေ သည့်နည်းတူ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း သာသနာ ရေးဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပပြုလုပ် နိုင်မည့်  သံဃာအပါး ၁၂၀၀ နှင့်  လူပရိသတ်များ ဝင်ဆံ့နိုင်သော သာသနာ့ဗိမာန်တော်ကြီး အပါအဝင် အခြားသော သာသနိက အဆောက်အဦများစွာကို လည်း ထည့်သွင်းတည်ဆောက်လျက်ရှိပြီး ဆရာ တော်ကြီးများ၏      ဩဝါဒမိန့်ကြားချက်များအရ  ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါ  သိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိကာ  ထုဆစ် ပြီးစီးသည့် ဗုဒ္ဓမြတ်စွာဘုရား၏ နှုတ်ကပါဌ်တော်လာ  ပိဋကတ်သုံးပုံ  အဋ္ဌကထာဋီကာ  ကျမ်းစာများကို မာရဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏   မျက်နှာ တော်မူရာ   ရှေ့မျက်နှာစာ၌   စိုက်ထူပူဇော်လျက် ရှိပြီး    ဘုရားဖူးလာ     မိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန် တွင်   ကျောက်စာတိုက်အတွင်းရှိ    ပိဋကတ်သုံးပုံ တော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါ တည်း လေ့လာနာယူကြည်ညိုနိုင်ရေး စီစဉ်ဆောင် ရွက်နေခြင်းဖြစ်ကြောင်းနှင့် ယခုတည်ထားကိုးကွယ် လျက်ရှိသည့် “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး”  အား   တည်ထားကိုးကွယ်ပြီးစီးပါက     မြန်မာတွင် သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်  ကြီးဖြင့်    ထုဆစ်သည့်   ဆင်းတုတော်ကြီးများ အနက်  အကြီးဆုံးနှင့်   ဉာဏ်တော်အမြင့်မားဆုံး  ဆင်းတုတော်ကြီးဖြစ်လာမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 


သတင်းစဉ်